သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာင္းေတာေျမာက္ပိုင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႈးအပါ ေဒသခံငါးဦးကို စစ္ေကာင္စီဖမ္းဆီး


ျမန္မာလံုၿခံဳေရးတပ္ဖဲြ႔၀င္မ်ား (ေမာင္ေတာ၊ ဇူလိုင္ ၉၊ ၂၀၁၉ )

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေမာင္ေတာေျမာက္ပိုင္းက ႀကိမ္းေခ်ာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ေဒသခံငါးဦးကို စစ္ေကာင္စီက ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေရးတင္းမာေနတဲ့ေမာင္ေတာေျမာက္ပိုင္းမွာ စစ္ေကာင္စီဖက္က စစ္ေဆးဖမ္းဆီးတာေတြ လုပ္ေနတာေၾကာင့္ ေဒသခံေတြအၾကား စိုးရိမ္ထိပ္လန႔္ေနၾကပါတယ္။ ဒီအေၾကာင္း ရခိုင္ဘက္က သတင္းေပးပို႔ထားတာကို ကိုစံေက်ာ္ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းက ႀကိမ္ေခ်ာင္းေက်းအုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ေဒသခံ ငါးဦးကို စစ္ေကာင္စီက ဒီကေန႔ မနက္ပိုင္းက လာေရာက္ဖမ္းဆီးသြားတယ္လို႔ ႀကိမ္ေခ်ာင္းေဒသခံတဦးကေျပာပါတယ္။

“မနက္ပိုင္း ၄နာရီေလာက္က လာဖမ္းလာတာ၊ အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ၃ေယာက္ပါ။ ေနာက္ႏွစ္ေယာက္ကေတာ့ ပန္းေတာျပင္ စစ္ေဆးေရးဂိတ္က ႏွစ္ေယာက္ဖမ္းတယ္၊ အဲဒီမွာ ပုဏၰားကြၽန္းက တေယာက္ပါတယ္လို႔ ေနာက္တစ္ေယာက္ကေတာ့ ဘယ္ကလည္း မသိဘူး။”

လက္ရွိအဖမ္းခံရတဲ့ ႀကိမ္ေခ်ာင္းေက်း႐ြာအနီးမွာ ၿပီးခဲတဲ့ ရက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီလုံၿခဳံေရးတပ္သားတခ်ိဳ႕ ေသဆုံးသလို၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၄ဦးလည္း တိုက္ပြဲအတြင္းဖမ္းဆီးခံခဲ့ရပါတယ္။

အဲဒီႀကိမ္ေခ်ာင္းေက်း႐ြာအနီးမွာ စစ္ေကာင္စီ ဗ်ဳဟာကုန္းရွိသလို အခုလို ေက်း႐ြာအတြင္းဝင္ၿပီး အုပ္ခ်ဳပ္ေရးမႉးကိုပါ ဖမ္းဆီးသြားတာေၾကာင့္ ေဒသခံေတြအေနနဲ႔ စိုးရိမ္ထိပ္လန႔္ေနၾကတယ္လို႔ ေမာင္ေတာၿမိဳ႕ ျပည္နယ္လြတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေမာင္အုန္းကေျပာပါတယ္။

“ အဲဒီဖက္မွာ တင္းတင္းမာမာျဖစ္ေနတဲ့ အေနအထားရွိတယ္၊ အဲလိုဆက္ၿပီးေတာ့ ဖမ္းေနလို႔ရွိရင္ ေနာက္ဆက္တြဲ ျပႆနာေတြက ေတာ္ေတာ္ႀကီးထြားလာႏိုင္တယ္၊ အဲဒီလို မျဖစ္ေအာင္ ႏွစ္ဖက္ ညႇိႏႈိင္းတိုင္ပင္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးအတြက္ တခုခုကို ေျပလည္ရာ ေျပလည္ေၾကာင္းတိုင္ပင္ၿပီးေတာ့ လုပ္ရမယ္ အဲလိုမွမဟုတ္ရင္ ျပည္သူေတြအေနနဲ႔ ေတာ္ေတာ္ခံရမွာျဖစ္တယ္ဗ်ာ။ ”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ လအတြင္း ရခိုင္လက္နက္ကိုင္AAအဖြဲ႕က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တခ်ိဳ႕နဲ႔ စစ္ေကာင္စီဝန္ထမ္းတခ်ိဳ႕ကို ဖမ္းဆီးခဲ့သလို၊ စစ္ေကာင္စီဖက္ကလည္း ရခိုင္ေဒသခံ ၃၀ေက်ာ္ကို ဖမ္းဆီးတရားစြဲထားပါတယ္။ ေဒသခံေတြကို ဖမ္းဆီးတာ၊ AA ရဲ႕ ေဒသတြင္းတရားစီရင္ေရးေတြကို ေႏွာက္ယွက္တာ၊ AA အဖြဲ႕ဝင္တခ်ိဳ႕ကိုလည္း ဖမ္းဆီးေနတာေတြေၾကာင့္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပန္ျဖစ္လာႏိုင္တယ္လို႔လည္း AA က မေန႔က ထုတ္ျပန္သတိေပးထားပါတယ္။

=========================

မောင်းတောမြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှုးအပါ ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြောက်ပိုင်းက ကြိမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံငါးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီဖက်က စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်ထိပ်လန့်နေကြပါတယ်။ ဒီအကြောင်း ရခိုင်ဘက်က သတင်းပေးပို့ထားတာကို ကိုစံကျော်ပြောပြပါမယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်ချောင်းကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ငါးဦးကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ကြိမ်ချောင်းဒေသခံတဦးကပြောပါတယ်။

“မနက်ပိုင်း ၄နာရီလောက်က လာဖမ်းလာတာ၊ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ယောက်ပါ။ နောက်နှစ်ယောက်ကတော့ ပန်းတောပြင် စစ်ဆေးရေးဂိတ်က နှစ်ယောက်ဖမ်းတယ်၊ အဲဒီမှာ ပုဏ္ဏားကျွန်းက တယောက်ပါတယ်လို့ နောက်တစ်ယောက်ကတော့ ဘယ်ကလည်း မသိဘူး။”

လက်ရှိအဖမ်းခံရတဲ့ ကြိမ်ချောင်းကျေးရွာအနီးမှာ ပြီးခဲတဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်သားတချို့ သေဆုံးသလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးလည်း တိုက်ပွဲအတွင်းဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီကြိမ်ချောင်းကျေးရွာအနီးမှာ စစ်ကောင်စီ ဗျုဟာကုန်းရှိသလို အခုလို ကျေးရွာအတွင်းဝင်ပြီး အုပ်ချုပ်ရေးမှူးကိုပါ ဖမ်းဆီးသွားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိပ်လန့်နေကြတယ်လို့ မောင်တောမြို့ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောပါတယ်။

“ အဲဒီဖက်မှာ တင်းတင်းမာမာဖြစ်နေတဲ့ အနေအထားရှိတယ်၊ အဲလိုဆက်ပြီးတော့ ဖမ်းနေလို့ရှိရင် နောက်ဆက်တွဲ ပြဿနာတွေက တော်တော်ကြီးထွားလာနိုင်တယ်၊ အဲဒီလို မဖြစ်အောင် နှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် တခုခုကို ပြေလည်ရာ ပြေလည်ကြောင်းတိုင်ပင်ပြီးတော့ လုပ်ရမယ် အဲလိုမှမဟုတ်ရင် ပြည်သူတွေအနေနဲ့ တော်တော်ခံရမှာဖြစ်တယ်ဗျာ။ ”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လအတွင်း ရခိုင်လက်နက်ကိုင်AAအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ စစ်ကောင်စီဝန်ထမ်းတချို့ကို ဖမ်းဆီးခဲ့သလို၊ စစ်ကောင်စီဖက်ကလည်း ရခိုင်ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးတရားစွဲထားပါတယ်။ ဒေသခံတွေကို ဖမ်းဆီးတာ၊ AA ရဲ့ ဒေသတွင်းတရားစီရင်ရေးတွေကို နှောက်ယှက်တာ၊ AA အဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးနေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း AA က မနေ့က ထုတ်ပြန်သတိပေးထားပါတယ်။

XS
SM
MD
LG