သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၂၀၀ ေက်ာ္ ရခိုင္ကန္း႐ိုးတန္းအနီး ျမန္မာဘက္ကဖမ္းဆီး


႐ိုဟင္ဂ်ာ ၂၀၀ ေက်ာ္ ရခိုင္ကန္း႐ိုးတန္းအနီး ျမန္မာဘက္ကဖမ္းဆီး (ဓါတ္ပံု- တပ္မေတာ္ သတင္း)

စစ္ေတြၿမိဳ႕ အေနာက္ေျမာက္ဘက္မွာ လူ ၂၃၃ ဦး လိုက္ပါလာတဲ႔ စက္ေလွ တစင္ကို ႏို၀င္ဘာလ ၂၉ ရက္ေန႔ မနက္ပိုင္းမွာ ဖမ္းဆီးခဲ႔ေၾကာင္း ႏိုင္ငံပိုင္ သတင္းေတြက ေဖာ္ျပပါတယ္။ သတင္းအရေတာ့ ဖမ္းဆီးတဲ႔ ၀ဒီထြန္း (၅) သစ္သား စက္ေလွေပၚမွာ ႐ိုဟင္ဂ်ာ ၂၂၈ ဦးပါ၀င္ၿပီးကေလးငယ္ ၃၃ဦး၊ အမ်ိဳးသမီး ၁၂၅ ဦးနဲ႔ အမ်ိဳးသား ၇၀ ဦးတို႔ ျဖစ္ပါတယ္။ စက္ေလွ ၀န္ထမ္း အမ်ိဳးသား ၅ ဦး ဖမ္းခံရတဲ႔ အထဲမွာ ပါ၀င္ပါတယ္။ ႐ိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို ျမန္မာဘက္က တရား၀င္ လက္ခံမထားပါဘူး။ ျမန္မာ ေရတပ္ ကင္းလွည့္ေစာင့္ၾကည့္ေနတာမွာ မသကာၤဖြယ္ စက္ေလွကို ေတြ႕တာေၾကာင့္ စစ္ေဆးတာမွာ ဖမ္းဆီးရမိတာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။ ဖမ္းခံရသူေတြကို သက္ဆိုင္ရာ ျမန္မာ အာဏာပိုင္ေတြထံ လႊဲေျပာင္းေပးအပ္မယ့္ အေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။ ဖမ္းခံထားရသူေတြကို ဘယ္ကို ေခၚေဆာင္သြားသလဲ အာဏာပိုင္ေတြထံ လႊဲေျပာင္းၿပီးၿပီလား ဆိုတာနဲ႔ ဘယ္ေဒသက လူေတြလဲ ဆိုတာကိုေတာ့ ေဖာ္ျပမထားသလို ဒီလူေတြက ဘယ္ကို ဦးတည္ သြားေနတာလဲ ဆိုတာကိုလည္း သတင္းမွာ ေဖာ္ျပမထားပါဘူး။

------------------------------------------------------------

ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက်ကဖမ်းဆီး

စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။ သတင်းအရတော့ ဖမ်းဆီးတဲ့ ဝဒီထွန်း (၅) သစ်သား စက်လှေပေါ်မှာ ရိုဟင်ဂျာ ၂၂၈ ဦးပါဝင်ပြီး ကလေးငယ် ၃၃ဦး၊ အမျိုးသမီး ၁၂၅ ဦးနဲ့ အမျိုးသား ၇၀ ဦးတို့ ဖြစ်ပါတယ်။ စက်လှေ ဝန်ထမ်း အမျိုးသား ၅ ဦး ဖမ်းခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က တရားဝင် လက်ခံမထားပါဘူး။

မြန်မာ ရေတပ် ကင်းလှည့်စောင့်ကြည့်နေတာမှာ မသကာၤဖွယ် စက်လှေကို တွေ့တာကြောင့် စစ်ဆေးတာမှာ ဖမ်းဆီးရမိတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ဖမ်းခံရသူတွေကို သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်မယ့် အကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းခံထားရသူတွေကို ဘယ်ကို ခေါ်ဆောင်သွားသလဲ အာဏာပိုင်တွေထံ လွှဲပြောင်းပြီးပြီလား ဆိုတာနဲ့ ဘယ်ဒေသက လူတွေလဲ ဆိုတာကိုတော့ ဖော်ပြမထားသလို ဒီလူတွေက ဘယ်ကို ဦးတည် သွားနေတာလဲ ဆိုတာကိုလည်း သတင်းမှာ ဖော်ပြမထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG