သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးမ်ားအေပၚ မတရားက်ဴးလြန္တဲ့ အမည္မည္းစာရင္းထဲ ျမန္မာကို ကုလထည့္သြင္း


အင္းေလးကန္မွ ကေလးငယ္မ်ား

ျမန္မာအပါအဝင္ ကမၻာေပၚကလက္ႏွက္ကုိင္ပဋိပကၡျဖစ္ေနတဲ့ေနရာေတြမွာ ေထာင္ေပါင္းမ်ားစြာေသာကေလးေတြဟာ အဓၶမျပဳက်င့္ခံရတာ၊ ေသဆုံးတာ၊ ကုိယ္လက္အဂၤါခ်ိဳ႔ယြင္းသြားတာအပါ အ၀င္မတရားျပဳက်င့္ခံေနရေၾကာင္း တနလၤာေန႔မွာ အစီရင္ခံစာထုတ္ျပန္လိုက္တယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ ရဲ႔ေျပာေရးဆုိခြင့္ရွိသူ Farhan Haq က သတင္းစာရွင္းလင္းပဲြမွာေျပာပါတယ္။

“ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႔ ကေလးမ်ားနဲ႔ လက္ႏွက္ကုိင္ပဋိပကၡ ႏွစ္ပတ္လည္အစီရင္ခံစာကုိတနလၤာေန႔မနက္မွာထုတ္ျပန္ပါတယ္။ ဒီအစီရင္ခံစာကုိလာမယ့္ ဇူလုိင္လ ၁၉ ရက္ေန႔အဂၤါေန႔မွာ လုံၿခုံေရးေကာင္စီကုိတင္သြင္းမွာျဖစ္ပါတယ္။” လုိ႔ ေျပာသြားတာပါ။ ျမန္မာႏုိင္ငံနဲ႔ပတ္သက္လုိ႔ အစုိးရေတြကုိယ္တုိင္ကေလးေတြအေပၚမွာမတရားမႈက်ဴး လြန္တဲ့ရွက္စရာေကာင္းတဲ့အမည္စားရင္းမွာထည့္သြင္းေဖာ္ျပထားပါတယ္။ တပ္မေတာ္ သုိ႔မဟုတ္ျမန္မာစစ္တပ္ဟာ ကေလးေတြအေပၚမွာ ကုိယ္လက္အဂၤါခ်ိဳ႔ယြင္းေအာင္လုပ္ျခင္း၊ သတ္ျဖတ္ျခင္း၊ အဓမၼျပဳက်င့္ျခင္းစတာေတြကုိက်ဴးလြန္တယ္လို႔ေဖၚျပထားပါတယ္။
ပဋိပကၡေတြထဲမွာပါ၀င္ေနတဲ့အဖဲြ႔ေပါင္း ၅၇ဖဲြ႔ရွိၿပီး၊ အဲဒီအထဲမွာအစုိးရနဲ႔ပတ္သက္တဲ႔ အဖြဲ႔အစည္း ၇ ဖဲြ႔ပါ၀င္တယ္လုိ႔အစီရင္ခံစာမွာေဖၚျပထားပါတယ္။ ျမန္မာစစ္တပ္နည္း တူက်ဴးလြန္တဲ့အဖဲြ႔ေတြကေတာ့ ကြန္ဂုိစစ္တပ္၊ ဆီးရီးယားအစိုးရတပ္တုိ႔ျဖစ္ပါတယ္။ ဒီတပ္ဖဲြ႔ေတြဟာစာသင္ေက်ာင္းနဲ႔ေဆးရုံေတြကုိလည္းတုိက္ခုိက္တယ္လို႔ ေဖၚျပထား ပါတယ္။
ယူကရိန္းစစ္ပဲြဟာကေလးေတြအေပၚမတရားမႈက်ဴးလြန္တဲ့ေနရာသစ္တခုျဖစ္လာေနၿပီး၊ ကမၻာအႏွံကေလးေတြအေပၚက်ဴးလြန္တဲ့ႀကီးေလးတဲ့အမႈေပါင္း ၂ ေသာင္း ၄ ေထာင္ ေက်ာ္ရွိပါတယ္။ ၈၀၀၀ ေက်ာ္ဟာ အသတ္ခံရတာ၊ ၆၃၁၀ ကကေလးစစ္သားအျဖစ္ စုေဆာင္းခံရတာ၊ ၃၅၀၀ လိင္မႈဆုိင္ရာေစာ္ကားခံရတာနဲ႔ ေသြးေဆာင္ဖ်ားေယာင္း ေခၚေဆာင္ခံရတာလုိ႔အတြင္း ေရးမႈးခ်ဳပ္ရဲ ႔ကေလးမ်ားနဲ႔ လက္နက္ကိုင္ပဋိပကၡဆုိင္ရာ အထူးကုိယ္စားလွယ္ Virginia Gamba ရုံးကေနေဖၚ ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာအပါအဝင် ကမ္ဘာပေါ်ကလက်နှက်ကိုင်ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ ထောင်ပေါင်းများစွာသောကလေးတွေဟာ အဓ္ဓမပြုကျင့်ခံရတာ၊ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသွားတာအပါ အဝင်မတရားပြုကျင့်ခံနေရကြောင်း တနင်္လာနေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်တယ်လို့ ကုလအတွင်းရေးမှုးချုပ် ရဲ့ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ကလေးများနဲ့ လက်နှက်ကိုင်ပဋိပက္ခ နှစ်ပတ်လည်အစီရင်ခံစာကိုတနင်္လာနေ့မနက်မှာထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာကိုလာမယ့် ဇူလိုင်လ ၁၉ ရက်နေ့အင်္ဂါနေ့မှာ လုံခြုံရေးကောင်စီကိုတင်သွင်းမှာဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အစိုးရတွေကိုယ်တိုင်ကလေးတွေအပေါ်မှာမတရားမှုကျူး လွန်တဲ့ရှက်စရာကောင်းတဲ့အမည်စားရင်းမှာထည့်သွင်းဖော်ပြထားပါတယ်။ တပ်မတော် သို့မဟုတ်မြန်မာစစ်တပ်ဟာ ကလေးတွေအပေါ်မှာ ကိုယ်လက်အင်္ဂါချို့ယွင်းအောင်လုပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းစတာတွေကိုကျူးလွန်တယ်လို့ဖေါ်ပြထားပါတယ်။
ပဋိပက္ခတွေထဲမှာပါဝင်နေတဲ့အဖွဲ့ပေါင်း ၅၇ဖွဲ့ရှိပြီး၊ အဲဒီအထဲမှာအစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ၇ ဖွဲ့ပါဝင်တယ်လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်နည်း တူကျူးလွန်တဲ့အဖွဲ့တွေကတော့ ကွန်ဂိုစစ်တပ်၊ ဆီးရီးယားအစိုးရတပ်တို့ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာစာသင်ကျောင်းနဲ့ဆေးရုံတွေကိုလည်းတိုက်ခိုက်တယ်လို့ ဖေါ်ပြထား ပါတယ်။
ယူကရိန်းစစ်ပွဲဟာကလေးတွေအပေါ်မတရားမှုကျူးလွန်တဲ့နေရာသစ်တခုဖြစ်လာနေပြီး၊ ကမ္ဘာအနှံကလေးတွေအပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့အမှုပေါင်း ၂ သောင်း ၄ ထောင် ကျော်ရှိပါတယ်။ ၈၀၀၀ ကျော်ဟာ အသတ်ခံရတာ၊ ၆၃၁၀ ကကလေးစစ်သားအဖြစ် စုဆောင်းခံရတာ၊ ၃၅၀၀ လိင်မှုဆိုင်ရာစော်ကားခံရတာနဲ့ သွေးဆောင်ဖျားယောင်း ခေါ်ဆောင်ခံရတာလို့အတွင်း ရေးမှုးချုပ်ရဲ့ကလေးများနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba ရုံးကနေဖေါ် ပြထားပါတယ်။

XS
SM
MD
LG