သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံ

Deng Xijun met SAC Senior General Min Aung Hlaing
Deng Xijun met SAC Senior General Min Aung Hlaing

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Deng Xijun ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး၊ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun ကို မြန်မာစစ်ကောင်စီ ဥက္ကဌက ဧပြီ ၁ရက်နေ့က နေပြည်တော်မှာတွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးတွေ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ စစ်ကောင်စီဖက်က ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ Mr Deng Xijing ဟာ ၂၀၂၃ ဇူလိုင်လတုန်းကလည်း စစ်ကောင်စီအကြီးအကဲနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဖက်က ပြောဆို ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်Mr Deng Xijing ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် အတွင်းမြန်မာနိုင်ငံကို ၃ ကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံခဲ့သလို တရုတ်−မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရှမ်းမြောက်ဒေသ စစ်ရေးပဋိပက္ခတွေမှာလည်း တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးလို့ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲထားပါတယ်။ အဲဒီနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စနိုင်ဖို့ တရုတ်ရော မြန်မာစစ်ကောင်စီရော ရှမ်းမြောက်နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကပါ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။

စစ်ကောင်စီအကြီးအကဲ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG