သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံတမန်နှစ်ဦးကို ကပ်ဘေးစည်းမျဉ်းချိုးဖောက်မှုနဲ့စစ်ကောင်စီသတိပေး


ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမျက်နှာစာ
ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမျက်နှာစာ

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း အမေရိကန်နိုင်ငံသားနှစ်ဦးနဲ့ သံရုံးဝန်ထမ်းတဦးတို့ဟာ မြန်မာနိုင်ငံကချမှတ်ထားတဲ့ကပ်ဘေးစည်းမျဉ်းတွေကို မလိုက်နာတာကြောင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်ပါ ပြဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ပါတယ်။

အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတဦးနဲ့ အမေရိကန်သံရုံးဝန်ထမ်းတဦးတို့ဟာ မြန်မာနိုင်ငံရောက်ရှိပြီး ကွာရမ်တင်းသီးခြားစောင့်ကြည့်စစ်ဆေးခံရနေစဉ် ကိုဗစ်ရောဂါပိုး ဓါတ်ခွဲအတည်ပြုတွေ့ခဲ့ပေမယ့် ကပ်ဘေးစည်းမျဉ်းအရ သတ်မှတ်ထားတဲ့ဆေးရုံဆေးခန်းမှာ ကုသမှုမခံယူဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်ကုသမယ်ဆိုပြီး သံရုံးက ခေါ်ယူသွားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သံတမန်တွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေကို လေးစားလိုက်နာရမှာဖြစ်ပေမယ့် အခုလို ကပ်ဘေးစည်းမျဉ်းချိုးဖောက်တာဟာ သက်ဆိုင်ရာနိုင်ငံ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေတယ်လို့လည်း စစ်ကောင်စီက ဖော်ပြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန်သံရုံးဘက်ကတော့ တစုံတရာ တုံ့ပြန်ချက်ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

========

[[Unicode]]




#MyanmarUS #MyanmarCovid #VOABurmese


========

XS
SM
MD
LG