သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတႏွစ္တာ အလုပ္သမားရပိုင္ခြင့္မ်ားဆုံးရႈံး


လိႈင္သာယာစက္မႈဇုံနဲ႔ ပတ္ဝန္းက်င္။ (ေအာက္တိုဘာ ၁၀၊ ၂၀၁၅)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ၁ ႏွစ္အတြင္း စက္မႈဇုံ ကုန္ထုတ္လုပ္ငန္းေတြ ပုံမွန္အေျခအေနအတိုင္း လည္ပတ္ႏိုင္တဲ့ အေျခအေနမွာ မရွိေသးပါဘူး။ အလုပ္သမားအခြင့္အေရး ဆုံးရႈံးနစ္နာမႈေတြလည္း ပိုၿပီးဆိုး႐ြားလာတယ္လို႔ အလုပ္သမား အေရးကြၽမ္းက်င္သူေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ စစ္အာဏာသိမ္းလိုက္ၿပီးေနာက္ ႏိုင္ငံေရး လုံၿခဳံေရး မတည္ၿငိမ္မႈေတြေၾကာင့္ စက္မႈဇုံေတြက ကုန္ထုတ္လုပ္ငန္းေတြဟာ ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လုံး လုပ္ငန္းလည္ပတ္ႏိုင္ဖို႔ အေတာ္ေလး ႀကိဳးစားခဲ့ၾကရပါတယ္။

ကုန္အမွာေတြလုံးဝမရတာ၊ ျပည္ပကကြၽမ္းက်င္ ပညာရွင္ေတြ မလာႏိုင္တဲ့အတြက္ ကြၽမ္းက်င္မႈပိုင္း အေထာက္အပံ့မရတာေတြေၾကာင့္လည္း လုပ္ငန္းေတြ ပုံမွန္လည္ပတ္ဖို႔ ခက္ခဲခဲ့ပါတယ္။ ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ ဘဏ္စနစ္ၿပိဳလဲသြားတာေၾကာင့္ စက္မႈဇုံထဲက လုပ္ငန္းငယ္ေတြ ရပ္ဆိုင္းသြားတယ္လို႔ စက္မႈဇုံတခုရဲ႕ ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။

“Local စက္႐ုံေလးေတြ ေသးေသးမႊားမႊားေလးေတြ ပိတ္သိမ္းသြားတာ မ်ားတာေပါ့ေနာ္။ အဓိက ေအာ္ဒါမရတာေပါ့။ တဆင့္ခံ ေအာ္ဒါလက္ခံၿပီးျပန္ခ်ဳပ္တဲ့ လူ ၁၀၀-၂၀၀ ရွိတဲ့စက္႐ုံေလးေတြက ဆက္မ run ႏိုင္ဘူးေပါ့။ လူ ၁,၀၀၀- ၂,၀၀၀ ရွိတဲ့စက္႐ုံႀကီးေတြက်ေတာ့ ႏိုင္ငံတကာက ပိတ္စက္႐ုံႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ ခ်ိတ္ထားတဲ့အခါက်ေတာ့ အေလ်ာ္အစားရွိတာကိုး။ ... ဆိုတဲ့အခါက်ေတာ့ သူတို႔ကျပန္ဖြင့္တယ္။ လူတိုင္းေတာ့ မဟုတ္ဘူးေပါ့။ ဒီ crisis ( အက်ပ္အတည္း) မွာေတာ့ မေတာင့္ႏိုင္တဲ့သူကေတာ့ ၿပိဳသြားတဲ့သေဘာပါပဲ။”

ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚမ်ိဳးေအးက စက္မႈဇုံေတြရဲ႕ လက္ရွိအေျခအေနကို အခုလိုေျပာျပပါတယ္။

“ပုံမွန္အေျခအေနေတာ့ မျဖစ္ေသးပါဘူး။ လုပ္ငန္းလည္ပတ္မႈကေတာ့ ရွိေကာင္း ရွိလိမ့္ မွာေပါ့။ ပထမ အာဏာမသိမ္းခင္က အေနအထားမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။ ဘာျဖစ္လို႔ လဲဆိုေတာ့ တိုင္းျပည္က ဆက္တိုက္ အထိနာသြားတာ။ ကိုဗစ္ေၾကာင့္ လုပ္ငန္းေတြက ရပ္ဆိုင္းေနတယ္၊ မလည္ပတ္ႏိုင္ေသးတဲ့အခ်ိန္မွာ အာဏာသိမ္းလိုက္တဲ့အခါက်ေတာ့ ပိုၿပီးေတာ့ဆိုးသြားတဲ့ အေနအထား။ အကုန္လုံးေတာ့ လည္ပတ္ႏိုင္မွာ မဟုတ္ေသးပါဘူး၊ မီးေလာင္သြားတဲ့စက္႐ုံေတြရွိတယ္။ ဒီစက္႐ုံေတြက ျပန္လည္ပတ္ႏိုင္ဖို႔ ခက္ေကာင္းခက္လိမ့္မယ္၊ လည္တယ္ဆိုတဲ့႐ုံက တဝက္တပ်က္ပဲ ေလာင္တာေပါ့။ ဇာတ္လမ္းေတြက ရႈပ္ရွက္ခတ္ေနတယ္။ ဒီႏိုင္ငံေရးရႈပ္ေထြးမႈရဲ႕ ေနာက္ကြယ္မွာ မ႐ိုးသားၾကဘူးေပါ့။ အားလုံးက။ ဒါေပမဲ့ ခံရတာကေတာ့ အလုပ္သမားေပါ့- လုပ္သားျပည္သူေတြ အလုပ္သမားေတြခံရတာ။”

ႏိုင္ငံအႏွံ႔က စက္မႈဇုံက စက္႐ုံလုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာလည္း အလုပ္သမားအခြင့္ အေရး ခ်ိဳးေဖာက္မႈေတြ ပိုမ်ားလာတယ္လို႔ အလုပ္သမားအေရး ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ အလုပ္ရွင္ေတြဘက္က အၾကပ္အတည္းၾကားမွာ လည္ပတ္ေနၾကရတဲ့အတြက္ သူတို႔အျမတ္က်န္ေအာင္ အခ်ိန္ပိုခမေပးဘဲ အခ်ိန္ပိုေတြ ခိုင္းတာမ်ိဳးေတြရွိေနၿပီး အလုပ္သမားေတြဘက္ကလည္း အလုပ္အကိုင္ခက္ခဲေနခ်ိန္မွာ သည္ခံလုပ္ေနၾကရတယ္လို႔ ေထာက္ျပၾကပါတယ္။ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ စတဲ့ သုံးပြင့္ဆိုင္ အျငင္းပြားမႈေျဖရွင္းေရး ယႏၲရားက ပ်က္သြားတဲ့အတြက္ ဒါကိုအခြင့္ေကာင္းယူၿပီး အလုပ္ရွင္ေတြက အလုပ္သမားေတြကို ပိုၿပီးဖိႏွိပ္လာတယ္လို႔ အလုပ္သမားေရးရာ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ မိုးလင္းေပါက္ အလုပ္ဆင္းခိုင္းတာ၊ အခ်ိန္ပိုေၾကးမေပးတာ၊ အလုပ္နားခ်ိန္ အတင္းအက်ပ္ အလုပ္ဆင္းခိုင္းတာ၊ လူမႈဖူလုံေၾကးကို မေပးဘဲေနတာ စတဲ့ အလုပ္သမား အခြင့္အေရးခ်ိဳးေဖာက္တာေတြ လည္းပိုမ်ားလာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပိတ္သိမ္းသြားတဲ့စက္႐ုံေတြက အလုပ္သမားေတြ ၁၀၀,၀၀၀ ေက်ာ္ဟာ သူတို႔ရဲ႕ ရပိုင္ခြင့္အတြက္ ေတာင္းဆိုေနၾကရတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

“အခုစက္႐ုံေတာ္ေတာ္မ်ားမ်ား ပိတ္ပါတယ္၊ အထည္ခ်ဳပ္လုပ္ငန္းအသင္းကေန အင္တာဗ်ဴးတခုမွာဆိုရင္ စက္႐ုံေပါင္း ၁၄၀ က ယာယီပိတ္တယ္လို႔ ေျပာပါတယ္။ အခုက်မတို႔ေတြကို တိုင္ၾကားတဲ့ စာေတြမွာၾကည့္မယ္ဆိုရင္ အမႈေတာ္ေတာ္မ်ားမ်ားက စက္႐ုံယာယီ ပိတ္သိမ္းတဲ့အတြက္ေၾကာင့္မို႔ လစာမရတဲ့အတြက္ အကူအညီေတာင္းခံလာတဲ့ စာေတြ၊ အေၾကာင္းအရာေတြ ျဖစ္ေနပါတယ္။ ... ဆိုေတာ့ အလုပ္သမား တသိန္း၊ တသိန္းခြဲေလာက္က ယာယီအလုပ္ပိတ္တယ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အလုပ္လက္မဲ့ျဖစ္ၿပီးေတာ့ ေလ်ာ္ေၾကးေငြေတြမရတဲ့ အေနအထားမ်ိဳးေတြ ျဖစ္လာတယ္။ တရားဥပေဒ စိုးမိုးမႈေတြ မရွိေတာ့တဲ့အခါမွာ အလုပ္သမားေတြက ဥပေဒပါ အခြင့္အေရးကိုေတာင္ မရေတာ့ပါဘူး။”

လူမႈဖူလုံေၾကးလို အစိုးရကို ပုံမွန္သြင္းရတဲ့ ေငြေတြကိုလည္း အလုပ္ရွင္ေတြက အလုပ္ သမားေတြဆီကေန ပိုၿပီးေကာက္ခံလာတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

“ဒီအာဏာသိမ္းမႈေနာက္ပိုင္းမွာ အလုပ္သမား သမဂၢေတြကို target ( ပစ္မွတ္) ထားၿပီးေတာ့ ၿဖိဳခြဲလာတဲ့ ေနာက္ပိုင္းမွာဆိုရင္ အလုပ္ရွင္ေတြက ဒီစာခ်ဳပ္ေတြကို အားလုံးကို ဖ်က္သိမ္းလိုက္တယ္ဆိုတဲ့ ေၾကညာခ်က္ေတြ လုပ္ခဲ့ပါတယ္။ အဲဒီအက်ိဳးဆက္အေနနဲ႔ အလုပ္သမားေတြက ယခင္ရတဲ့လစာေတြထက္ မ်ားစြာေလ်ာ့နည္းၿပီးေတာ့ ရၾကတယ္ဆိုတာ ျဖစ္လာပါတယ္။ လုပ္ခလစာေတြ နည္းသြားတဲ့အျပင္ကို အိုဗာတိုင္ေတြ အဓမၼခိုင္းေစျခင္း ခံရေနတဲ့အျပင္ ပိတ္ရက္ အလုပ္နားရက္ေတြကလည္း အခုဆိုရင္ စက္႐ုံေတာ္ေတာ္ မ်ားမ်ားဟာ ခံစားခြင့္မေပးေတာ့ဘူး။ လူမႈဖူလုံေၾကး ခံစားခြင့္ေတြ မရေတာ့ဘူးဆိုတာေတြ ျဖစ္လာတယ္။”

၂၀၂၁ ခုႏွစ္အတြင္း အလုပ္လက္မဲ့ျဖစ္ပြားတဲ့ႏႈန္းကို အခ်က္အလက္ မွန္မွန္ကန္ကန္ရဖို႔ ခက္ခဲတယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO ရဲ႕ အခ်က္အလက္အရဆိုရင္ေတာ့ ၂၀၁၉မွာျမန္မာျပည္က စက္မႈဇုံ အထည္ခ်ဳပ္လုပ္ငန္းေတြကေန အေမရိကန္ေဒၚလာ ၅ ဘီလီယံေက်ာ္ ဝင္ေငြရခဲ့ပါတယ္။ဒါေပမဲ့ အာဏာသိမ္းၿပီးတဲ့ေနာက္မွာေတာ့ ရာခိုင္ႏႈန္း အေတာ္ က်သြားတယ္လို႔ ILO ကေျပာပါတယ္။ ျမန္မာႏိုင္ငံစက္မႈဇုံေတြမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေနၾကတဲ့ အထည္ခ်ဳပ္လုပ္ငန္းတခ်ိဳ႕လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုပ္ငန္းေတြရပ္ဆိုင္းၿပီး ထြက္သြားၾကပါတယ္။ အာဏာသိမ္းၿပီးတဲ့ေနာက္ ပိတ္သိမ္းသြားတဲ့ စက္႐ုံေတြဟာ ၃၀၀ ေက်ာ္ရွိႏိုင္တယ္လို႔ လုပ္ငန္းရွင္တခ်ိဳ႕က ခန႔္မွန္းထားၾကပါတယ္။

============

[[Unicode]]

စစ်အာဏာသိမ်းတနှစ်တာ အလုပ်သမားရပိုင်ခွင့်များဆုံးရှုံး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်အတွင်း စက်မှုဇုံ ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေလည်း ပိုပြီးဆိုးရွားလာတယ်လို့ အလုပ်သမား အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် စစ်အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် စက်မှုဇုံတွေက ကုန်ထုတ်လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး လုပ်ငန်းလည်ပတ်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ကြရပါတယ်။

ကုန်အမှာတွေလုံးဝမရတာ၊ ပြည်ပကကျွမ်းကျင် ပညာရှင်တွေ မလာနိုင်တဲ့အတွက် ကျွမ်းကျင်မှုပိုင်း အထောက်အပံ့မရတာတွေကြောင့်လည်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ ခက်ခဲခဲ့ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဘဏ်စနစ်ပြိုလဲသွားတာကြောင့် စက်မှုဇုံထဲက လုပ်ငန်းငယ်တွေ ရပ်ဆိုင်းသွားတယ်လို့ စက်မှုဇုံတခုရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

“Local စက်ရုံလေးတွေ သေးသေးမွှားမွှားလေးတွေ ပိတ်သိမ်းသွားတာ များတာပေါ့နော်။ အဓိက အော်ဒါမရတာပေါ့။ တဆင့်ခံ အော်ဒါလက်ခံပြီးပြန်ချုပ်တဲ့ လူ ၁၀၀-၂၀၀ ရှိတဲ့စက်ရုံလေးတွေက ဆက်မ run နိုင်ဘူးပေါ့။ လူ ၁,၀၀၀- ၂,၀၀၀ ရှိတဲ့စက်ရုံကြီးတွေကျတော့ နိုင်ငံတကာက ပိတ်စက်ရုံကြီးတွေနဲ့ တောက်လျှောက် ချိတ်ထားတဲ့အခါကျတော့ အလျော်အစားရှိတာကိုး။ ... ဆိုတဲ့အခါကျတော့ သူတို့ကပြန်ဖွင့်တယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒီ crisis ( အကျပ်အတည်း) မှာတော့ မတောင့်နိုင်တဲ့သူကတော့ ပြိုသွားတဲ့သဘောပါပဲ။”

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးအေးက စက်မှုဇုံတွေရဲ့ လက်ရှိအခြေအနေကို အခုလိုပြောပြပါတယ်။

“ပုံမှန်အခြေအနေတော့ မဖြစ်သေးပါဘူး။ လုပ်ငန်းလည်ပတ်မှုကတော့ ရှိကောင်း ရှိလိမ့် မှာပေါ့။ ပထမ အာဏာမသိမ်းခင်က အနေအထားမျိုးတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းပြည်က ဆက်တိုက် အထိနာသွားတာ။ ကိုဗစ်ကြောင့် လုပ်ငန်းတွေက ရပ်ဆိုင်းနေတယ်၊ မလည်ပတ်နိုင်သေးတဲ့အချိန်မှာ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ပိုပြီးတော့ဆိုးသွားတဲ့ အနေအထား။ အကုန်လုံးတော့ လည်ပတ်နိုင်မှာ မဟုတ်သေးပါဘူး၊ မီးလောင်သွားတဲ့စက်ရုံတွေရှိတယ်။ ဒီစက်ရုံတွေက ပြန်လည်ပတ်နိုင်ဖို့ ခက်ကောင်းခက်လိမ့်မယ်၊ လည်တယ်ဆိုတဲ့ရုံက တဝက်တပျက်ပဲ လောင်တာပေါ့။ ဇာတ်လမ်းတွေက ရှုပ်ရှက်ခတ်နေတယ်။ ဒီနိုင်ငံရေးရှုပ်ထွေးမှုရဲ့ နောက်ကွယ်မှာ မရိုးသားကြဘူးပေါ့။ အားလုံးက။ ဒါပေမဲ့ ခံရတာကတော့ အလုပ်သမားပေါ့- လုပ်သားပြည်သူတွေ အလုပ်သမားတွေခံရတာ။”

နိုင်ငံအနှံ့က စက်မှုဇုံက စက်ရုံလုပ်ငန်းတော်တော်များများမှာလည်း အလုပ်သမားအခွင့် အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ အလုပ်ရှင်တွေဘက်က အကြပ်အတည်းကြားမှာ လည်ပတ်နေကြရတဲ့အတွက် သူတို့အမြတ်ကျန်အောင် အချိန်ပိုခမပေးဘဲ အချိန်ပိုတွေ ခိုင်းတာမျိုးတွေရှိနေပြီး အလုပ်သမားတွေဘက်ကလည်း အလုပ်အကိုင်ခက်ခဲနေချိန်မှာ သည်ခံလုပ်နေကြရတယ်လို့ ထောက်ပြကြပါတယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ စတဲ့ သုံးပွင့်ဆိုင် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားက ပျက်သွားတဲ့အတွက် ဒါကိုအခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အလုပ်သမားတွေကို ပိုပြီးဖိနှိပ်လာတယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မိုးလင်းပေါက် အလုပ်ဆင်းခိုင်းတာ၊ အချိန်ပိုကြေးမပေးတာ၊ အလုပ်နားချိန် အတင်းအကျပ် အလုပ်ဆင်းခိုင်းတာ၊ လူမှုဖူလုံကြေးကို မပေးဘဲနေတာ စတဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်တာတွေ လည်းပိုများလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းသွားတဲ့စက်ရုံတွေက အလုပ်သမားတွေ ၁၀၀,၀၀၀ ကျော်ဟာ သူတို့ရဲ့ ရပိုင်ခွင့်အတွက် တောင်းဆိုနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“အခုစက်ရုံတော်တော်များများ ပိတ်ပါတယ်၊ အထည်ချုပ်လုပ်ငန်းအသင်းကနေ အင်တာဗျူးတခုမှာဆိုရင် စက်ရုံပေါင်း ၁၄၀ က ယာယီပိတ်တယ်လို့ ပြောပါတယ်။ အခုကျမတို့တွေကို တိုင်ကြားတဲ့ စာတွေမှာကြည့်မယ်ဆိုရင် အမှုတော်တော်များများက စက်ရုံယာယီ ပိတ်သိမ်းတဲ့အတွက်ကြောင့်မို့ လစာမရတဲ့အတွက် အကူအညီတောင်းခံလာတဲ့ စာတွေ၊ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ... ဆိုတော့ အလုပ်သမား တသိန်း၊ တသိန်းခွဲလောက်က ယာယီအလုပ်ပိတ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လက်မဲ့ဖြစ်ပြီးတော့ လျော်ကြေးငွေတွေမရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ တရားဥပဒေ စိုးမိုးမှုတွေ မရှိတော့တဲ့အခါမှာ အလုပ်သမားတွေက ဥပဒေပါ အခွင့်အရေးကိုတောင် မရတော့ပါဘူး။”

လူမှုဖူလုံကြေးလို အစိုးရကို ပုံမှန်သွင်းရတဲ့ ငွေတွေကိုလည်း အလုပ်ရှင်တွေက အလုပ် သမားတွေဆီကနေ ပိုပြီးကောက်ခံလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ အလုပ်သမား သမဂ္ဂတွေကို target ( ပစ်မှတ်) ထားပြီးတော့ ဖြိုခွဲလာတဲ့ နောက်ပိုင်းမှာဆိုရင် အလုပ်ရှင်တွေက ဒီစာချုပ်တွေကို အားလုံးကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ အလုပ်သမားတွေက ယခင်ရတဲ့လစာတွေထက် များစွာလျော့နည်းပြီးတော့ ရကြတယ်ဆိုတာ ဖြစ်လာပါတယ်။ လုပ်ခလစာတွေ နည်းသွားတဲ့အပြင်ကို အိုဗာတိုင်တွေ အဓမ္မခိုင်းစေခြင်း ခံရနေတဲ့အပြင် ပိတ်ရက် အလုပ်နားရက်တွေကလည်း အခုဆိုရင် စက်ရုံတော်တော် များများဟာ ခံစားခွင့်မပေးတော့ဘူး။ လူမှုဖူလုံကြေး ခံစားခွင့်တွေ မရတော့ဘူးဆိုတာတွေ ဖြစ်လာတယ်။”

၂၀၂၁ ခုနှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ပွားတဲ့နှုန်းကို အချက်အလက် မှန်မှန်ကန်ကန်ရဖို့ ခက်ခဲတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အချက်အလက်အရဆိုရင်တော့ ၂၀၁၉မှာမြန်မာပြည်က စက်မှုဇုံ အထည်ချုပ်လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရခဲ့ပါတယ်။ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ရာခိုင်နှုန်း အတော် ကျသွားတယ်လို့ ILO ကပြောပါတယ်။ မြန်မာနိုင်ငံစက်မှုဇုံတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ အထည်ချုပ်လုပ်ငန်းတချို့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေရပ်ဆိုင်းပြီး ထွက်သွားကြပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ပိတ်သိမ်းသွားတဲ့ စက်ရုံတွေဟာ ၃၀၀ ကျော်ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ခန့်မှန်းထားကြပါတယ်။

#MyanmarMilitaryCoup #MyanmarLabor #WorkerRights #VOABurmese

#မြန်မာ့စက်မှုဇုံ #အထည်ချုပ်လုပ်ငန်း #စစ်အာဏာသိမ်းနှစ်ပတ်လည် #ဗွီအိုအေ

============

XS
SM
MD
LG