သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သုခကာရီအသင္း ဥကၠ႒မေရႊမံႈနဲ႔ အသင္းသားတခ်ိဳ႕ဖမ္းခံရ


သုခကာရီအသင္းဥကၠ႒ မေရႊမႈံ လူမႈေရးလုပ္ငန္းလုပ္ေနစဥ္။ (ဓာတ္ပံု-ထက္ေအာင္ခန္႔)

Zawgyi/Unicode

ေတာင္ဥကၠလာပၿမိဳ႕နယ္အေျခစိုက္ သုခကာရီလူမႈကူညီေရးအသင္း ဥကၠ႒မေရႊမံႈနဲ႔ အသင္းသားႏွစ္ဦး လူမႈကူညီေရးလုပ္ေပးေနစဥ္ လမ္းမွာ ဖမ္းဆီးခံရတယ္လို႔သိရပါတယ္။

လိႈင္သာယာၿမိဳ႕နယ္တြင္းက ပန္းလိႈင္တံတားအနီးမွာ စားဝတ္ေနေရးခက္ခဲေနသူ က်ဴးေက်ာ္ေတြကို အလႉေပးေနရင္းနဲ႔ လမ္းခရီးမွာ စစ္တပ္နဲ႔ ရဲက ဖမ္းဆီးသြားတာျဖစ္တယ္လို႔ သူနဲ႔နီးစပ္သူေတြက ေျပာပါတယ္။ ပံုမွန္ဆက္သြယ္လို႔ရတဲ့ မေရႊမံႈကို ဆက္သြယ္လို႔မရသလို သူဘယ္မွာေရာက္ေနသလဲဆိုတာကို အတိအက် ဘယ္သူမွ မသိၾကပါဘူး။

မေရႊမံႈဟာ သတင္းသမားေဟာင္းတဦးျဖစ္သလို သမဂၢဂ်ာနယ္မွာ သတင္းေထာက္ခ်ဳပ္အျဖစ္ လုပ္ကိုင္ခဲ့သူပါ။ေနာက္ပိုင္းမွာေတာ့ ပရဟတိလုပ္ငန္းေတြကို ေဇာင္းေပးလုပ္ခဲ့ပါတယ္။ဧရာဝတီတိုင္းဘက္မွာ ေရႊမံႈနာေရးကူညီအသင္း တည္ေထာင္ထားသလို ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲမွာ သုခကာရီလူမႈကူညီေရးအသင္းဆိုၿပီး အေရးေပၚလူနာတင္ကားနဲ႔ လိုအပ္သူေတြကို ကူညီေပးေနတာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါကာလမွာလည္း က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႔ စားဝတ္ေနေရးၾကပ္တည္းသူေတြကို ကူညီေပးတာေတြလည္းလုပ္ခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ဆႏၵျပမႈေတြကို အၾကမ္းဖက္ခံရတဲ့ေနာက္ပိုင္း အေရးေပၚကူညီေရးလုပ္သားေတြကို အခုလို ဖမ္းတာဆီးတာ ႐ိုက္ႏွက္တာေတြအထိျဖစ္လာတဲ့အတြက္ အေရးေပၚလူနာအကူအညီေပးေရးအသင္းအဖဲြ႔ေတြအတြက္ အၾကပ္အတည္းေတြႀကံဳေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က နာေရးကူညီမႈအသင္းဆိုရင္လည္း အသင္းဥကၠ႒ကိုေက်ာ္သူအပါအဝင္ အသင္းတာဝန္ရွိသူေတြကို ဖမ္းဝရမ္းထုတ္ထားတာေၾကာင့္ နာေရးကူညီမႈလုပ္ငန္းေတြ မလုပ္မကိုင္ႏိုင္ျဖစ္ေနပါတယ္။

Unicode

သုခကာရီအသင်း ဥက္ကဋ္ဌမရွှေမှုံနဲ့ အသင်းသားတချို့ဖမ်းခံရ

တောင်ဥက္ကလာပမြို့နယ်အခြေစိုက် သုခကာရီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌမရွှေမှုံနဲ့ အသင်းသားနှစ်ဦး လူမှုကူညီရေးလုပ်ပေးနေစဉ် လမ်းမှာ ဖမ်းဆီးခံရတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်တွင်းက ပန်းလှိုင်တံတားအနီးမှာ စားဝတ်နေရေးခက်ခဲနေသူ ကျူးကျော်တွေကို အလှူပေးနေရင်းနဲ့ လမ်းခရီးမှာ စစ်တပ်နဲ့ ရဲက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။ ပုံမှန်ဆက်သွယ်လို့ရတဲ့ မရွှေမှုံကို ဆက်သွယ်လို့မရသလို သူဘယ်မှာရောက်နေသလဲဆိုတာကို အတိအကျ ဘယ်သူမှ မသိကြပါဘူး။

မရွှေမှုံဟာ သတင်းသမားဟောင်းတဦးဖြစ်သလို သမဂ္ဂဂျာနယ်မှာ သတင်းထောက်ချုပ်အဖြစ် လုပ်ကိုင်ခဲ့သူပါ။နောက်ပိုင်းမှာတော့ ပရဟတိလုပ်ငန်းတွေကို ဇောင်းပေးလုပ်ခဲ့ပါတယ်။ဧရာဝတီတိုင်းဘက်မှာ ရွှေမှုံနာရေးကူညီအသင်း တည်ထောင်ထားသလို တောင်ဥက္ကလာပမြို့နယ်ထဲမှာ သုခကာရီလူမှုကူညီရေးအသင်းဆိုပြီး အရေးပေါ်လူနာတင်ကားနဲ့ လိုအပ်သူတွေကို ကူညီပေးနေတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ စားဝတ်နေရေးကြပ်တည်းသူတွေကို ကူညီပေးတာတွေလည်းလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို အကြမ်းဖက်ခံရတဲ့နောက်ပိုင်း အရေးပေါ်ကူညီရေးလုပ်သားတွေကို အခုလို ဖမ်းတာဆီးတာ ရိုက်နှက်တာတွေအထိဖြစ်လာတဲ့အတွက် အရေးပေါ်လူနာအကူအညီပေးရေးအသင်းအဖွဲ့တွေအတွက် အကြပ်အတည်းတွေကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်မြို့က နာရေးကူညီမှုအသင်းဆိုရင်လည်း အသင်းဥက္ကဋ္ဌကိုကျော်သူအပါအဝင် အသင်းတာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် နာရေးကူညီမှုလုပ်ငန်းတွေ မလုပ်မကိုင်နိုင်ဖြစ်နေပါတယ်။

#MyanmarMilitaryCoup #MyanamrArrest #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG