သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ မူဆယ္ဆႏၵျပ CDM ဝန္ထမ္းမ်ား ၿခိမ္းေျခာက္ခံေနရ


People take part in a demonstration against the February 1 military coup, along a street in the town of Muse in Shan state, near the China-Myanmar border on February 8, 2021. (Photo by STR / AFP)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ စစ္အဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ဆႏၵျပမႈေတြ ေန႔စဥ္ရွိေနခ်ိန္မွာပဲ CDM လုပ္တဲ့ ဝန္ထမ္းတခ်ိဳ႕ ၿခိမ္းေျခာက္မႈေတြႀကဳံေနရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

မူဆယ္ၿမိဳ႕မွာ ဆႏၵျပေနၾကတဲ့ ဝန္ထမ္းတခ်ိဳ႕ကို လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ကေန ၿခိမ္းေျခာက္ေနတယ္လို႔ ဝန္ထမ္း တဦးကေျပာပါတယ္။

“က်ေနာ္တို႔ ဒီသပိတ္စစ္ေၾကာင္းက ပုံမွန္ပဲသြားေနၾကတယ္။ CDM လုပ္ေနတဲ့ဆရာ ဆရာမေတြကို တက္တိုင္ ထားတယ္။ စာနဲ႔တက္တိုင္ထားတယ္လို႔ အေယာက္ (၃၀) လားမသိဘူး။ ျပည္သူ႔စစ္ႏွစ္ဖြဲ႕ထင္တယ္။ ဦးမ်ိဳးခိုင္ရယ္ ပရဟိတအသင္းအဖြဲ႕တခုေပါ့ေနာ္။ ၿပီးေတာ့ ေနာက္ထပ္တေယာက္က ကိုေအာင္ဂ်ာတဲ့။ သူက မုန္းေပၚျပည္သူ႔ စစ္ အဖြဲ႕ဝင္ေပါ့ေနာ္။ ၿပီးေတာ့သူက ႀကံ့ခိုင္ေရးအဖြဲ႕ထဲမွာ ပါတယ္။ ၿပီးေတာ့ဒီ တာမိုးညဲကလို႔ ေျပာပာတာပဲ။”

မူဆယ္ၿမိဳ႕မွာ သပိတ္ေမွာက္ဆႏၵျပမႈေတြ ေန႔စဥ္ရွိေနေပမဲ့ သပိတ္ၿဖိဳခြင္းမႈေတြေတာ့ မရွိေသးဘူးလို႔ ဆိုပါတယ္။

မတ္လ (၄) ရက္ေန႔ကလည္း မူဆယ္ၿမိဳ႕ေဆး႐ုံဝင္းထဲမွာ လက္နက္ကိုင္အဖြဲ႕တခုကေန ဆႏၵေဖာ္ထုတ္က်န္းမာေရး ဝန္ထမ္းေတြကို လာၿခိမ္းေျခာက္ေနတယ္လို႔ ၿမိဳ႕ခံတဦးျဖစ္သူကိုစိုင္းငယ္က ဆိုပါတယ္။

“CDM ဝန္ထမ္းေတြကို (၄) ရက္က သူတို႔ေဆး႐ုံဝင္းေပါက္မွာလာပိတ္ၿပီး အေယာက္ (၃၀) ေလာက္ေပါ့။ အင္အား (၃၀) ေလာက္နဲ႔ ဖိအားေပးတယ္ေပါ့ဗ်ာ။ ဒီေဆး႐ုံဆင္းဖို႔ဖိအားေပးတဲ့အခ်ိန္မွာ သူတို႔ (၁၅) မိနစ္ေလာက္ေနၿပီးအခါက်ေတာ့ အဲဒီရပ္ကြက္က ေတာင္ရပ္ကြက္ျပည္သူေတြအမ်ားစု ထြက္လာၿပီးေတာ့ သံပုံးတီးၿပီးေတာ့ သူတို႔ ကို ေမာင္းထုတ္တယ္ေပါ့ေနာ္။ ေမာင္းထုတ္တဲ့အခ်ိန္မွာ ကားေပၚတက္ၿပီးေတာ့ က်ေနာ္တို႔ ျပည္သူထဲကတေယာက္ေျပာတာေတာ့ ကားထဲကေနၿပီးေတာ့ သူ႔ကို ေသနတ္ေထာင္ျပတယ္ေပါ့။ အဲဒီမွာ႐ုပ္႐ုပ္သဲသဲေတာ့ ျဖစ္သြားတာေပါ့။ ရဲအင္အား (၃၀)(၄၀) ေရာက္လာၿပီးေတာ့ လူစုခြဲေပါ့ေနာ္။ အဲဒီကားေတြကို လမ္းေၾကာင္းရွင္းေပးလိုက္တဲ့ အေနအထားေပါ့။ အဲဒီေတာ့ကား (၃) စီးမွာ (၂) စီးလြတ္သြားတယ္။ တစီးကေတာ့ရဲစခန္း ေရာက္သြားတယ္ေပါ့။”

ဒါေပမဲ့ ေဖေဖာ္ဝါရီလကုန္တုန္းက စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပလူအုပ္ၾကားထဲကို ေဒသခံလက္နက္ကိုင္အဖြဲ႕လို႔ယူဆရတဲ့ ေမာ္ေတာ္ယဥ္တစင္း ဝင္ေရာက္လာၿပီး ႏွစ္ဘက္႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။ အဲဒီမွာ ျပန္လည္အၾကမ္းဖက္တယ္လို႔ ယူဆရသူတဦးကို ဆႏၵျပသူေတြကပဲဖမ္းၿပီး ရဲတပ္ဖြဲ႕လက္ထဲ အပ္ႏွံခဲ့ရာမွာ အဲဒီလူဟာ ရဲအခ်ဳပ္ထဲမွာပဲ ေသဆုံးသြားခဲ့ပါတယ္။

ေသဆုံးသူဟာ မူဆယ္ၿမိဳ႕ေန ကိုသိန္းလြင္ျဖစ္ၿပီး ဒီကေန႔မြန္းလြဲပိုင္းမွာ ၾသဂႋုဟ္လိုက္ၿပီးျဖစ္ပါတယ္။

ရဲစခန္းမွာထိန္းသိမ္းခံရစဥ္အတြင္းလူေသဆုံးတဲ့အထိျဖစ္ပြါးတဲ့အေပၚ မိသားစုဝင္တဦးက အခုလိုေျပာပါတယ္။

“တကယ္ေတာ့သူ ဒလန္လည္း မဟုတ္ပါဘူး။ ႐ိုး႐ိုးျပည္သူေတြပါပဲ။ အဓိကေတာ့ ဒီ ရဲေတြရဲ႕ သူတို႔ထိန္းသိမ္းထားတဲ့လူေတြအေပၚမွာ က်ဴးလြန္ေနတဲ့ ဒီလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေပါ့။ အဲဒီေလာက္အထိ ေသေလာက္တဲ့အထိ ႏွိပ္စက္တဲ့ကိစၥေပါ့ေနာ္။ အဲဒါကို က်ေနာ္တို႔က အမ်ားျပည္သူကို သိေစခ်င္တယ္။”

ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ လားရႈိး၊ တာခ်ီလိတ္၊ မူဆယ္ၿမိဳ႕နယ္ေတြမွာ ဆႏၵေဖာ္ထုတ္မႈျဖစ္စဥ္အတြင္း လူ (၅၀) ေက်ာ္အဖမ္းဆီးခံရၿပီး (၅) ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရွမ္းျပည္နယ္အေျခစိုက္ ရွမ္းသံေတာ္ဆင့္သတင္း ဌာနအယ္ဒီတာတဦးက ဆိုပါတယ္။

တပ္မေတာ္ အာဏာထိန္းသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီ တလတာအတြင္း ဖမ္းဆီး၊ တရားစြဲ ျပစ္ဒဏ္ခ်ခံရသူ ၁,၂၁၃ ဦး ရွိၿပီျဖစ္သလို အၾကမ္းဖက္ ၿဖိဳခြင္းခံရလို႔ က်ဆုံးသြားခဲ့သူ ၃၀ ဦးခန႔္ ရွိခဲ့တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က စာရင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ရှမ်းမြောက် မူဆယ်ဆန္ဒပြ CDM ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ စစ်အဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ CDM လုပ်တဲ့ ဝန်ထမ်းတချို့ ခြိမ်းခြောက်မှုတွေကြုံနေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မူဆယ်မြို့မှာ ဆန္ဒပြနေကြတဲ့ ဝန်ထမ်းတချို့ကို လက်နက်ကိုင်အဖွဲ့တချို့ကနေ ခြိမ်းခြောက်နေတယ်လို့ ဝန်ထမ်း တဦးကပြောပါတယ်။

“ကျနော်တို့ ဒီသပိတ်စစ်ကြောင်းက ပုံမှန်ပဲသွားနေကြတယ်။ CDM လုပ်နေတဲ့ဆရာ ဆရာမတွေကို တက်တိုင် ထားတယ်။ စာနဲ့တက်တိုင်ထားတယ်လို့ အယောက် (၃၀) လားမသိဘူး။ ပြည်သူ့စစ်နှစ်ဖွဲ့ထင်တယ်။ ဦးမျိုးခိုင်ရယ် ပရဟိတအသင်းအဖွဲ့တခုပေါ့နော်။ ပြီးတော့ နောက်ထပ်တယောက်က ကိုအောင်ဂျာတဲ့။ သူက မုန်းပေါ်ပြည်သူ့ စစ် အဖွဲ့ဝင်ပေါ့နော်။ ပြီးတော့သူက ကြံ့ခိုင်ရေးအဖွဲ့ထဲမှာ ပါတယ်။ ပြီးတော့ဒီ တာမိုးညဲကလို့ ပြောပာတာပဲ။”

မူဆယ်မြို့မှာ သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေပေမဲ့ သပိတ်ဖြိုခွင်းမှုတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

မတ်လ (၄) ရက်နေ့ကလည်း မူဆယ်မြို့ဆေးရုံဝင်းထဲမှာ လက်နက်ကိုင်အဖွဲ့တခုကနေ ဆန္ဒဖော်ထုတ်ကျန်းမာရေး ဝန်ထမ်းတွေကို လာခြိမ်းခြောက်နေတယ်လို့ မြို့ခံတဦးဖြစ်သူကိုစိုင်းငယ်က ဆိုပါတယ်။

“CDM ဝန်ထမ်းတွေကို (၄) ရက်က သူတို့ဆေးရုံဝင်းပေါက်မှာလာပိတ်ပြီး အယောက် (၃၀) လောက်ပေါ့။ အင်အား (၃၀) လောက်နဲ့ ဖိအားပေးတယ်ပေါ့ဗျာ။ ဒီဆေးရုံဆင်းဖို့ဖိအားပေးတဲ့အချိန်မှာ သူတို့ (၁၅) မိနစ်လောက်နေပြီးအခါကျတော့ အဲဒီရပ်ကွက်က တောင်ရပ်ကွက်ပြည်သူတွေအများစု ထွက်လာပြီးတော့ သံပုံးတီးပြီးတော့ သူတို့ ကို မောင်းထုတ်တယ်ပေါ့နော်။ မောင်းထုတ်တဲ့အချိန်မှာ ကားပေါ်တက်ပြီးတော့ ကျနော်တို့ ပြည်သူထဲကတယောက်ပြောတာတော့ ကားထဲကနေပြီးတော့ သူ့ကို သေနတ်ထောင်ပြတယ်ပေါ့။ အဲဒီမှာရုပ်ရုပ်သဲသဲတော့ ဖြစ်သွားတာပေါ့။ ရဲအင်အား (၃၀)(၄၀) ရောက်လာပြီးတော့ လူစုခွဲပေါ့နော်။ အဲဒီကားတွေကို လမ်းကြောင်းရှင်းပေးလိုက်တဲ့ အနေအထားပေါ့။ အဲဒီတော့ကား (၃) စီးမှာ (၂) စီးလွတ်သွားတယ်။ တစီးကတော့ရဲစခန်း ရောက်သွားတယ်ပေါ့။”

ဒါပေမဲ့ ဖေဖော်ဝါရီလကုန်တုန်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ကြားထဲကို ဒေသခံလက်နက်ကိုင်အဖွဲ့လို့ယူဆရတဲ့ မော်တော်ယဉ်တစင်း ဝင်ရောက်လာပြီး နှစ်ဘက်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ပြန်လည်အကြမ်းဖက်တယ်လို့ ယူဆရသူတဦးကို ဆန္ဒပြသူတွေကပဲဖမ်းပြီး ရဲတပ်ဖွဲ့လက်ထဲ အပ်နှံခဲ့ရာမှာ အဲဒီလူဟာ ရဲအချုပ်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူဟာ မူဆယ်မြို့နေ ကိုသိန်းလွင်ဖြစ်ပြီး ဒီကနေ့မွန်းလွဲပိုင်းမှာ သြင်္ဂိုဟ်လိုက်ပြီးဖြစ်ပါတယ်။

ရဲစခန်းမှာထိန်းသိမ်းခံရစဉ်အတွင်းလူသေဆုံးတဲ့အထိဖြစ်ပွါးတဲ့အပေါ် မိသားစုဝင်တဦးက အခုလိုပြောပါတယ်။

“တကယ်တော့သူ ဒလန်လည်း မဟုတ်ပါဘူး။ ရိုးရိုးပြည်သူတွေပါပဲ။ အဓိကတော့ ဒီ ရဲတွေရဲ့ သူတို့ထိန်းသိမ်းထားတဲ့လူတွေအပေါ်မှာ ကျူးလွန်နေတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုပေါ့။ အဲဒီလောက်အထိ သေလောက်တဲ့အထိ နှိပ်စက်တဲ့ကိစ္စပေါ့နော်။ အဲဒါကို ကျနော်တို့က အများပြည်သူကို သိစေချင်တယ်။”

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုး၊ တာချီလိတ်၊ မူဆယ်မြို့နယ်တွေမှာ ဆန္ဒဖော်ထုတ်မှုဖြစ်စဉ်အတွင်း လူ (၅၀) ကျော်အဖမ်းဆီးခံရပြီး (၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် ရှမ်းသံတော်ဆင့်သတင်း ဌာနအယ်ဒီတာတဦးက ဆိုပါတယ်။

တပ်မတော် အာဏာထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ တလတာအတွင်း ဖမ်းဆီး၊ တရားစွဲ ပြစ်ဒဏ်ချခံရသူ ၁,၂၁၃ ဦး ရှိပြီဖြစ်သလို အကြမ်းဖက် ဖြိုခွင်းခံရလို့ ကျဆုံးသွားခဲ့သူ ၃၀ ဦးခန့် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanamrProtest #CDMMyanamr #ShanProtest

#WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG