သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ ကန္အေရးယူဒဏ္ခတ္မႈစာရင္း ထပ္တိုး


စစ္အာဏာသိမ္းခ့ဲတဲ့ ၂၀၂၁၊ ေဖေဖၚဝါရီလ ၃ ရက္၊ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ျမင္ကြင္း။

[[Zawgyi/Unicode]]

အာဏာသိမ္းတႏွစ္ျပည့္ ႏွစ္ပတ္လည္မတိုင္မီမွာပဲ ျမန္မာႏိုင္ငံအေပၚ ပစ္မွတ္ထားအေရးယူတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ စာရင္းထဲမွာ ေနာက္ထပ္ ဒဏ္ခတ္အေရးယူမယ့္သူေတြကို တိုးလိုက္ပါတယ္။

ျမန္မာျပည္သူေတြဟာ စစ္ေကာင္စီကို ခိုင္ခိုင္မာမာ ရပ္တည္ဆန႔္က်င္ေနၾကၿပီး အားလုံး ပါဝင္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျပန္သြားဖို႔ ေတာင္းဆိုေနၾကတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ရဲ႕သတင္းထုတ္ျပန္ခ်က္မွာ အသိအမွတ္ျပဳ ေျပာၾကားထားပါတယ္။

ထပ္မံတိုး ပိတ္ဆို႔ အေရးယူလိုက္တဲ့စာရင္းမွာ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေထာက္ပံ့ပို႔ေဆာင္ေရး ၫႊန္ၾကားေရးမႉး ပါဝင္လာသလို တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ ေရွ႕ေနခ်ဳပ္ ေဒၚသီတာဦး၊ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ဥကၠ႒ ဦး တင္ဦးတို႔ ပါဝင္ပါတယ္။ ပုဂၢလိကလုပ္ငန္းထဲက ဦးေတဇနဲ႔ သူ႔သား ၂ ေယာက္ ျဖစ္ၾကတဲ့ ထူးထက္ေတဇနဲ႔ ျပည့္ၿဖိဳးေတဇ၊ ေနာက္ၿပီး သူတို႔ရဲ႕လုပ္ငန္းေတြ ပါဝင္ပါတယ္။ အလားတူပဲ လုပ္ငန္းရွင္ Jonathan မ်ိဳးေက်ာ္ေသာင္းနဲ႔ သူ႔ရဲ႕ KT Services and Logistics (KTSL) ဝန္ေဆာင္မႈ လုပ္ငန္းလည္း ပါဝင္ပါတယ္။

ျမန္မာျပည္သူေတြအေပၚ ေထာက္ခံမႈကို ျပသဖို႔ အေမရိကန္ ႏိုင္ငံဟာ ယူေက၊ ကေနဒါ ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ANTONY J. BLINKEN ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အာဏာသိမ္းမႈနဲ႔အတူ အၾကမ္းဖက္ က်ဴးလြန္မႈေတြအေပၚမွာ တာဝန္ခံမႈရွိဖို႔ သူတို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္လို႔လည္း ေၾကညာခ်က္မွာ ဆိုထားပါတယ္။

အဲဒီလို က်ဴးလြန္ခဲ့မႈေတြထဲမွာ မႏွစ္ ခရစၥမတ္အႀကိဳေန႔ ကယားျပည္နယ္မွာ ကေလးေတြ နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ ဝန္ထမ္းေတြအပါအဝင္ လူ ၃၅ ေယာက္အေပၚ သတ္ျဖတ္မႈလည္း ပါဝင္တယ္လို႔ ေျပာဆိုသြားပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ကိုင္တြယ္ေရးအတြက္ ႏိုင္ငံတကာ မိတ္ဘက္ေတြနဲ႔အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္လို႔လည္း ကတိကဝတ္ျပဳလိုက္ပါတယ္။

စစ္ေကာင္စီအေနနဲ႔ အၾကမ္ဖက္တာေတြ ရပ္သြားေအာင္ မတရား ဖမ္းဆီးထားသူေတြကို လႊတ္ေအာင္၊ အတားအဆီးမရွိ လူသားခ်င္းစာနာေထာက္ထားမႈေတြ ေပးလို႔ရ‌ေအာင္၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိေအာင္ ဖိအားေပးသြားမယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အေမရိကန္က အခုလို ျမန္မာဒဏ္ခတ္စာရင္းသစ္ ထုတ္ျပန္လိုက္တဲ့တရက္တည္းမွာပဲ ၿဗိတိန္ကလည္း သူတို႔ပစ္မွတ္ထားအေရးယူဒဏ္ခတ္စာရင္းထဲမွာ ေရွေနခ်ဳပ္ေဒၚသီတာဦး၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠဌဦးတင္ဦးတို႔ကို ထည့္သြင္းလိုက္ပါတယ္။

================

[[Unicode]]

မြန်မာအပေါ် ကန်အရေးယူဒဏ်ခတ်မှုစာရင်း ထပ်တိုး

အာဏာသိမ်းတနှစ်ပြည့် နှစ်ပတ်လည်မတိုင်မီမှာပဲ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စာရင်းထဲမှာ နောက်ထပ် ဒဏ်ခတ်အရေးယူမယ့်သူတွေကို တိုးလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို ခိုင်ခိုင်မာမာ ရပ်တည်ဆန့်ကျင်နေကြပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်သွားဖို့ တောင်းဆိုနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရဲ့သတင်းထုတ်ပြန်ချက်မှာ အသိအမှတ်ပြု ပြောကြားထားပါတယ်။

ထပ်မံတိုး ပိတ်ဆို့ အရေးယူလိုက်တဲ့စာရင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ပါဝင်လာသလို တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦး တင်ဦးတို့ ပါဝင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းထဲက ဦးတေဇနဲ့ သူ့သား ၂ ယောက် ဖြစ်ကြတဲ့ ထူးထက်တေဇနဲ့ ပြည့်ဖြိုးတေဇ၊ နောက်ပြီး သူတို့ရဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။ အလားတူပဲ လုပ်ငန်းရှင် Jonathan မျိုးကျော်သောင်းနဲ့ သူ့ရဲ့ KT Services and Logistics (KTSL) ဝန်ဆောင်မှု လုပ်ငန်းလည်း ပါဝင်ပါတယ်။

မြန်မာပြည်သူတွေအပေါ် ထောက်ခံမှုကို ပြသဖို့ အမေရိကန် နိုင်ငံဟာ ယူကေ၊ ကနေဒါ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ANTONY J. BLINKEN ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းမှုနဲ့အတူ အကြမ်းဖက် ကျူးလွန်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိဖို့ သူတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း ကြေညာချက်မှာ ဆိုထားပါတယ်။

အဲဒီလို ကျူးလွန်ခဲ့မှုတွေထဲမှာ မနှစ် ခရစ္စမတ်အကြိုနေ့ ကယားပြည်နယ်မှာ ကလေးတွေ နဲ့ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းတွေအပါအဝင် လူ ၃၅ ယောက်အပေါ် သတ်ဖြတ်မှုလည်း ပါဝင်တယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ရေးအတွက် နိုင်ငံတကာ မိတ်ဘက်တွေနဲ့အမေရိကန် ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့လည်း ကတိကဝတ်ပြုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်ဖက်တာတွေ ရပ်သွားအောင် မတရား ဖမ်းဆီးထားသူတွေကို လွှတ်အောင်၊ အတားအဆီးမရှိ လူသားချင်းစာနာထောက်ထားမှုတွေ ပေးလို့ရ‌အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိအောင် ဖိအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်က အခုလို မြန်မာဒဏ်ခတ်စာရင်းသစ် ထုတ်ပြန်လိုက်တဲ့တရက်တည်းမှာပဲ ဗြိတိန်ကလည်း သူတို့ပစ်မှတ်ထားအရေးယူဒဏ်ခတ်စာရင်းထဲမှာ ရှေနေချုပ်ဒေါ်သီတာဦး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌဦးတင်ဦးတို့ကို ထည့်သွင်းလိုက်ပါတယ်။

#USMyanmar #USMyanmarSanction #VOA #ဒဏ်ခတ်အရေးယူမှု #တေဇ #မျိုးကျော်သောင်း #ထွန်းထွန်းဦး #ဒေါ်သီတာဦး #အာဏာသိမ်းနှစ်ပတ်လည် #ဗွီအိုေ

===============

XS
SM
MD
LG