သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္ အသံတိတ္ဆႏၵျပသလို ခ်ီတက္ဆႏၵျပသူ တခ်ဳိ႕လည္းရွိ


မႏၱေလးက စစ္အာဏာသိမ္းႏွစ္ပတ္လည္ ခ်ီတက္ကန္႔ကြက္ဆႏၵျပပြဲ။ (ေဖေဖၚဝါရီ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္အာဏာသိမ္းထားတာ ၁ ႏွစ္ျပည့္တဲ့ေန႔မွာ အသံတိတ္ဆႏၵျပၾကသလို လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပပြဲ တခ်ဳိ႕လည္း ႐ွိခဲ့ပါတယ္။ ရန္ကုန္၊ မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ဆားလင္းႀကီး၊ ယင္းမာပင္ စတဲ့ ေဒသေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔ က်င္ ဆႏၵျပပြဲေတြလုပ္ခဲ့ၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံေနရာစံုမွာ ဒီကေန႔ စစ္အာဏာသိမ္းမႈ တႏွစ္ျပည့္ဆန္႔က်င္တဲ့အေနနဲ႔ အိမ္ျပင္မထြက္ တိတ္တဆိတ္ေနၿပီး အသံတိတ္ဆႏၵျပပဲြေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ခဲ့ၾကသလို လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပပဲြေတြလည္း ႐ွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ မနက္အေစာပိုင္းက အေထြေထြသပိတ္ေကာ္မတီက ဦးေဆာင္တဲ့ ‘နီတဲ့ေသြး ရဲရင့္လို႔ ရန္သူမင္းေရွ႕ကို ခ်ီတက္ခဲ့ၿပီ’ ေခါင္းစီးစာတန္းကိုင္ၿပီး ဆႏၵျပသူ အနည္းငယ္လမ္းေပၚထြက္ ဆႏၵျပၾကပါတယ္။ မနက္အာ႐ံုတက္ခ်ိန္မွာလည္း ရန္ကုန္တိုင္း ျပည္သူ႔ရင္ျပင္ဂိတ္တံခါးမွာ “ေတာ္လွန္ေရး အဓြန္႔ရွည္ပါေစ”လို႔ အဓိပၸာယ္ရတဲ့ စာတန္းခ်ိတ္ဆြဲခဲ့ၾကပါတယ္။

အသံတိတ္သပိတ္အဆံုးသတ္ၿပီးခ်ိန္ ညေနပိုင္းမွာလည္း ေက်ာင္းသားသမဂၢအဖြဲ႔ေတြနဲ႔ အလုပ္သမားအဖြဲ႔အစည္းေတြ၊ ၿမိဳ႕နယ္ သပိတ္အင္အားစုေတြ စုေပါင္းထားတဲ့ စစ္အာဏာရွင္ ဆန္႔က်င္ေရး ရန္ကုန္အင္အားစုက အင္အား ၄၀ ေက်ာ္ေလာက္နဲ႔ ‘ငါတို႔ၿငိမ္ခ်င္ၿငိမ္မယ္၊ ငါတို႔ လႈပ္ခ်င္လႈပ္မယ္၊ ငါတို႔ၿမိဳ႕ ငါတို႔ပိုင္တယ္’ ဆိုတဲ့ ေခါင္းစီးနဲ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ လံုၿခံဳေရးတင္းၾကပ္ေနတဲ့ၾကားက ဆႏၵျပၾကတာကို သပိတ္ေခါင္းေဆာင္တဦးက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ဒီေန႔ ေဖေဖာ္ဝါရီ တရက္က စစ္အာဏာသိမ္းတာ ၁ ႏွစ္ျပည့္ၿပီေပါ့။ အဲ့ေတာ့ ဒီေန႔ က်ေနာ္တို႔မွာ ျပည္သူလူထုက အသံတိတ္သပိတ္မွာ ပါဝင္ၾကတယ္ေပါ့။ ျပည္သူလူထုက အသံတိတ္သပိတ္မွာ ပါဝင္ခဲ့သလိုမ်ိဳးေပါ့၊ ဒီဘက္မွာရွိတဲ့ က်ေနာ္တို႔ ေတာ္လွန္ေရး အင္အားစုေတြက ေျမေပၚေျမေအာက္ သပိတ္လႈပ္ ရွားသူေတြကက်ေတာ့ စစ္အာဏာရွင္ ဆန္႔က်င္ေရးသပိတ္စစ္ေၾကာင္း တခုကို ပုံေဖာ္ခဲ့တယ္ေပါ့။ ဒါက ဘာကိုေျပာခ်င္သလဲဆိုေတာ့ ဒီ အသံတိတ္သပိတ္ဆိုတာက ၿငိမ္သက္ျခင္းသေဘာနဲ႔ စစ္ေကာင္စီကို ဆန္႔က်င္တာ၊ အဲဒီကေနၿပီးမွ က်ေနာ္တို႔က ခ်ီတက္တဲ့သပိတ္နဲ႔ -က်ေနာ္တို႔ ၿငိမ္ခ်င္ၿငိမ္မယ္၊ က်ေနာ္တို႔ လႈပ္ခ်င္လႈပ္မယ္၊ က်ေနာ္တို႔ ၿမိဳ႕ကို က်ေနာ္တို႔ ပိုင္တယ္” ဆိုတဲ့ စိန္ေခၚမႈတခု အေနနဲ႔ စစ္ေကာင္စီကို က်ေနာ္တို႔က ထပ္ၿပီးေတာ့ သပိတ္နဲ႔ ဆန႔္က်င္လိုက္ တာ ျဖစ္တယ္ေပါ့။ ဒီလိုပုံစံမ်ိဳးနဲ႔ က်ေနာ္တို႔ အသံတိတ္သပိတ္အၿပီးမွာ ေျမေပၚလႈပ္ရွားမႈ သပိတ္တခုကို ပုံေဖာ္ခဲ့တာေပါ့။”

မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔ မနက္ ၁၀ နာရီမွာ အသံတိတ္သပိတ္ေတြ မစတင္ ခင္ ဆႏၵျပသူအနည္းငယ္ လမ္းေပၚထြက္ၿပီး စစ္အာဏာရွင္ ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာသိမ္း ႏွစ္ပတ္လည္ေန႔မွာ ဆႏၵျပတာနဲ႔ ပတ္သက္လို႔ မႏၲေလးသပိတ္အင္အားစု ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုသူရေအာင္ က VOA ကို ခုလိုေျပာပါတယ္။

“မႏၲေလးမွာ ဒီေန႔ အာဏာသိမ္းတႏွစ္ျပည့္တဲ့အေနနဲ႔ ဒီေန႔ ဒီအခ်ိန္ထိ စစ္ေကာင္စီသည္ လုံးဝ အုပ္ခ်ဳပ္လို႔ မရေသးဘူး ဆိုတဲ့အေၾကာင္း ျပည္သူ႔ေတာ္လွန္ေရးရခ်ိန္ေတြကို ဆက္လက္ၿပီးေတာ့ ျမင့္တင္ဖို႔အတြက္ က်ေနာ္တို႔ သပိတ္ေတြ ထြက္ခဲ့ၾကပါတယ္။ ဒီေန႔မွာ ‘ျပည္သူနဲ႔ဆန႔္က်င္ဘက္မွာ ဘယ္ေကာင္ေနရဲလဲ’ ဆိုတဲ့ ေခါင္းစီးစာတန္း အသုံးျပဳခဲ့ပါတယ္။ မႏၲေလး သပိတ္အင္အားစုက။ က်ေနာ္တို႔ကို အစပိုင္းတုန္းက ဒီကာလေတြတုန္းက စစ္ေကာင္စီက ဘယ္ေကာင္ေသ ရဲလဲလို႔ က်ေနာ္တို႔ကို ေႂကြးေၾကာ္ခဲ့တယ္ေပါ့ေႏွာ္။ က်ေနာ္တို႔ဘက္ကလည္းဒီႏွစ္က က်ေနာ္တို႔ ႏိုင္ကိုႏိုင္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ေတြနဲ႔ က်ေနာ္တို႔ဘက္က ျပန္ၿပီး ေမးခြန္းထုတ္တယ္ဆိုတဲ့ သေဘာေပါ့။ ျပည္သူနဲ႔ ဆန္႔က်င္ဘက္မွာ ဘယ္ေကာင္ေနရဲလဲ ဆိုတဲ့ စာတန္းနဲ႔ ထြက္ခဲ့ၾကပါတယ္။”

စစ္ကိုင္းတိုင္းထဲမွာလည္း ဒီေန႔ အ႐ုဏ္ဦးအခ်ိန္မွာ မုံ႐ြာတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢနဲ႔ လက္ပံေတာင္းေတာင္ ပင္မသပိတ္စစ္ေၾကာင္းတို႔ ပူးေပါင္းၿပီး စစ္အာဏာရွင္ ဆန္႔က်င္ေရး ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ခ်ီတက္ ဆႏၵျပေနသူေတြကို ျပည့္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြက ဝန္းရံၿပီး လုံၿခဳံေရးယူေပးခဲ့ၾကပါတယ္။ မုံ႐ြာၿမိဳ႕ထဲမွာေတာ့ စာေစာင္ေတြ ျဖန္႔ေဝ ႀကဲခ်တာေတြ လုပ္ခဲ့ၾကပါတယ္။ မုံ႐ြာလူထုသပိတ္တိုက္ပြဲဦးေဆာင္ေကာ္မတီအဖြဲ႔ဝင္တဦးျဖစ္တဲ့ မေခ်ာစုစံက ဒီတႏွစ္အတြင္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကေန လူထုအေနနဲ႔ ဖက္ဒရယ္ဒီမိုကေရစီနဲ႔ ပတ္သက္တဲ့ အသိအျမင္ေတြ ပိုရလာတယ္လို႔ ဆိုပါတယ္။
“တႏွစ္တာ ကာလအတြင္းမွာ ျပည္သူလူထုေတြက ေရွ႕ပိုင္းကာလေတြမွာဆိုရင္ စစ္အာဏာရွင္ ျပဳတ္က်ေရးတခုတည္းကိုပဲေႂကြးေၾကာ္ခဲ့ၾကတယ္ေပါ့။ ဖက္ဒရယ္ဒီမိုကေရစီနဲ႔ ပတ္သက္တာကို ျပည္သူလူထု စိတ္ထဲမွာ သိပ္ၿပီးေတာ့ ခိုင္မာတဲ့ သိရွိစိတ္ပိုင္းျဖတ္မႈေတြ မရွိခဲ့ဘူးေပါ့ေႏွာ္။ ဒါေပမယ့္ တႏွစ္တာကာလအတြင္းမွာ ေနာက္ပိုင္း ေတာ္လွန္ေရး အရွိန္ျမင့္လာတဲ့ ဒီေနာက္ပိုင္းမွာဆိုရင္ ျပည္သူလူထုအတြက္က စစ္အာဏာရွင္ ျပဳတ္က်႐ုံနဲ႔ေတာ့ မရဘူး။ ဖက္ဒရယ္ဒီမိုကေရစီ ေပၚေပါက္ေရးကပါ အေရးႀကီးလာၿပီ။ အဲ့ဒါကိုပါ တပါတည္း ေဆာင္႐ြက္ရမယ္ ဆိုတာမ်ိဳးကို ျပည္သူလူထုက အသိအျမင္ေျပာင္းလဲလာတာမ်ိဳးေတြ ေတြ႔ ရတယ္ေပါ့။”

စစ္အာဏာသိမ္းထဲက ေန႔စဥ္ဆိုသလို လမ္းေပၚထြက္ ဆႏၵျပပြဲေတြ႐ွိတဲ့ ကေလးၿမိဳ႕မွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပခဲ့ၾကတာဟာ ဒီေန႔ဆိုရင္ ရက္ေပါင္း ၃၅၉ ရက္ ရွိခဲ့ပါၿပီ။ ပစ္ခတ္ၿဖိဳခြဲမႈေတြၾကားက ေန႔စဥ္မပ်က္ ခ်ီတက္ ဆႏၵျပေနၾကတာပါ။ ေန႔စဥ္မပ်က္ ခ်ီတက္ ဆႏၵျပေနတဲ့ကေလးၿမိဳ႕သပိတ္မွာ ပါဝင္သူတဦးက သူ႔ရဲ႕ စစ္အာဏာရွင္ ဆန္႔က်င္ဆႏၵျပမႈနဲ႔ ပတ္သက္လို႔ ခံစားခ်က္ကို ခုလိုေျပာျပပါတယ္။

“၂၀၀၇ ေ႐ႊဝါေရာင္ အေရးအခင္းတုန္းကလည္း ဆႏၵျပခဲ့ၾကတယ္။ အဲ့တုန္းကလည္း လူဦးေရအမ်ားႀကီး။ ၂ ငါးလုံးတုန္းကလိုပဲ။ ဒါေပမယ့္ ပစ္ခတ္မယ္၊ ၿဖိဳခြဲမယ္ဆိုတာနဲ႔ ေနာက္ေန႔ကစၿပီး လုံးဝ ေပ်ာက္သြားတယ္ေပါ့။ ဒီေႏြဦးေတာ္လွန္ေရးမွာက်ေတာ့ ဒီလိုမဟုတ္ဘူးေပါ့ေနာ္။ လူငယ္ေတြက ဒီေလာက္ပစ္ခတ္ေနတဲ့ ၾကားထဲကေန ခုခ်ိန္ထိ ရွိေနၾကတုန္းေပါ့ ေနရာအႏွံ႔မွာ။ ခုဆိုရင္ စစ္ကိုင္းတိုင္းထဲက တခ်ိဳ႕ဆိုရင္ ျပန္ၿပီးပိုၿပီးေတာ့ အားေကာင္းလာတယ္ေပါ့ေနာ္။ ဆႏၵျပတာေတြက။ ဒီဘက္မွာလည္း အဲ့လိုအားေကာင္းဖို႔အတြက္ ႀကိဳးစားေနပါတယ္။”

ဆားလင္းႀကီး၊ ယင္းမာပင္၊ ေရျဖဴ၊ ေ႐ႊဘို စတဲ့ ေဒသေတြမွာလည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး စစ္အာဏာသိမ္းမႈ တႏွစ္ျပည့္တဲ့ေန႔မွာ အသံတိတ္သပိတ္ စတင္ခ်ိန္မတိုင္မီနဲ႔ အသံတိတ္သပိတ္ ၿပီးစီးခ်ိန္ေတြမွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပၾကသူေတြကို လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲမႈေတြ၊ ဖမ္းဆီးမႈေတြ လုပ္ခဲ့ေပမယ့္ အာဏာသိမ္းမႈ တႏွစ္ျပည့္ၿပီးတဲ့အထိ ဆန္႔က်င္ဆႏၵျပမႈေတြ ဆက္ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်အာဏာသိမ်း ၁ နှစ်ပြည့် အသံတိတ်ဆန္ဒပြသလို ချီတက်ဆန္ဒပြသူ တချို့လည်းရှိ

စစ်အာဏာသိမ်းထားတာ ၁ နှစ်ပြည့်တဲ့နေ့မှာ အသံတိတ်ဆန္ဒပြကြသလို လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲ တချို့လည်း ရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင် စတဲ့ ဒေသတွေမှာ စစ်အာဏာသိမ်းမှု ဆန့် ကျင် ဆန္ဒပြပွဲတွေလုပ်ခဲ့ကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနေရာစုံမှာ ဒီကနေ့ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ဆန့်ကျင်တဲ့အနေနဲ့ အိမ်ပြင်မထွက် တိတ်တဆိတ်နေပြီး အသံတိတ်ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြသလို လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာ မနက်အစောပိုင်းက အထွေထွေသပိတ်ကော်မတီက ဦးဆောင်တဲ့ ‘နီတဲ့သွေး ရဲရင့်လို့ ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ’ ခေါင်းစီးစာတန်းကိုင်ပြီး ဆန္ဒပြသူ အနည်းငယ်လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ မနက်အာရုံတက်ချိန်မှာလည်း ရန်ကုန်တိုင်း ပြည်သူ့ရင်ပြင်ဂိတ်တံခါးမှာ “တော်လှန်ရေး အဓွန့်ရှည်ပါစေ”လို့ အဓိပ္ပာယ်ရတဲ့ စာတန်းချိတ်ဆွဲခဲ့ကြပါတယ်။

အသံတိတ်သပိတ်အဆုံးသတ်ပြီးချိန် ညနေပိုင်းမှာလည်း ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ မြို့နယ် သပိတ်အင်အားစုတွေ စုပေါင်းထားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အင်အား ၄၀ ကျော်လောက်နဲ့ ‘ငါတို့ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့မြို့ ငါတို့ပိုင်တယ်’ ဆိုတဲ့ ခေါင်းစီးနဲ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆန္ဒပြကြတာကို သပိတ်ခေါင်းဆောင်တဦးက ခုလိုပြောပါတယ်။

“ကျနော်တို့ဒီနေ့ ဖေဖော်ဝါရီ တရက်က စစ်အာဏာသိမ်းတာ ၁ နှစ်ပြည့်ပြီပေါ့။ အဲ့တော့ ဒီနေ့ ကျနော်တို့မှာ ပြည်သူလူထုက အသံတိတ်သပိတ်မှာ ပါဝင်ကြတယ်ပေါ့။ ပြည်သူလူထုက အသံတိတ်သပိတ်မှာ ပါဝင်ခဲ့သလိုမျိုးပေါ့၊ ဒီဘက်မှာရှိတဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက မြေပေါ်မြေအောက် သပိတ်လှုပ် ရှားသူတွေကကျတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း တခုကို ပုံဖော်ခဲ့တယ်ပေါ့။ ဒါက ဘာကိုပြောချင်သလဲဆိုတော့ ဒီ အသံတိတ်သပိတ်ဆိုတာက ငြိမ်သက်ခြင်းသဘောနဲ့ စစ်ကောင်စီကို ဆန့်ကျင်တာ၊ အဲဒီကနေပြီးမှ ကျနော်တို့က ချီတက်တဲ့သပိတ်နဲ့ -ကျနော်တို့ ငြိမ်ချင်ငြိမ်မယ်၊ ကျနော်တို့ လှုပ်ချင်လှုပ်မယ်၊ ကျနော်တို့ မြို့ကို ကျနော်တို့ ပိုင်တယ်” ဆိုတဲ့ စိန်ခေါ်မှုတခု အနေနဲ့ စစ်ကောင်စီကို ကျနော်တို့က ထပ်ပြီးတော့ သပိတ်နဲ့ ဆန့်ကျင်လိုက် တာ ဖြစ်တယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ အသံတိတ်သပိတ်အပြီးမှာ မြေပေါ်လှုပ်ရှားမှု သပိတ်တခုကို ပုံဖော်ခဲ့တာပေါ့။”

မန္တလေးမြို့မှာလည်း ဒီကနေ့ မနက် ၁၀ နာရီမှာ အသံတိတ်သပိတ်တွေ မစတင် ခင် ဆန္ဒပြသူအနည်းငယ် လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ ဆန္ဒပြတာနဲ့ ပတ်သက်လို့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသူရအောင် က VOA ကို ခုလိုပြောပါတယ်။

“မန္တလေးမှာ ဒီနေ့ အာဏာသိမ်းတနှစ်ပြည့်တဲ့အနေနဲ့ ဒီနေ့ ဒီအချိန်ထိ စစ်ကောင်စီသည် လုံးဝ အုပ်ချုပ်လို့ မရသေးဘူး ဆိုတဲ့အကြောင်း ပြည်သူ့တော်လှန်ရေးရချိန်တွေကို ဆက်လက်ပြီးတော့ မြင့်တင်ဖို့အတွက် ကျနော်တို့ သပိတ်တွေ ထွက်ခဲ့ကြပါတယ်။ ဒီနေ့မှာ ‘ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ’ ဆိုတဲ့ ခေါင်းစီးစာတန်း အသုံးပြုခဲ့ပါတယ်။ မန္တလေး သပိတ်အင်အားစုက။ ကျနော်တို့ကို အစပိုင်းတုန်းက ဒီကာလတွေတုန်းက စစ်ကောင်စီက ဘယ်ကောင်သေ ရဲလဲလို့ ကျနော်တို့ကို ကြွေးကြော်ခဲ့တယ်ပေါ့နှော်။ ကျနော်တို့ဘက်ကလည်းဒီနှစ်က ကျနော်တို့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ကျနော်တို့ဘက်က ပြန်ပြီး မေးခွန်းထုတ်တယ်ဆိုတဲ့ သဘောပေါ့။ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ ဆိုတဲ့ စာတန်းနဲ့ ထွက်ခဲ့ကြပါတယ်။”

စစ်ကိုင်းတိုင်းထဲမှာလည်း ဒီနေ့ အရုဏ်ဦးအချိန်မှာ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ချီတက် ဆန္ဒပြနေသူတွေကို ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဝန်းရံပြီး လုံခြုံရေးယူပေးခဲ့ကြပါတယ်။ မုံရွာမြို့ထဲမှာတော့ စာစောင်တွေ ဖြန့်ဝေ ကြဲချတာတွေ လုပ်ခဲ့ကြပါတယ်။ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ မချောစုစံက ဒီတနှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကနေ လူထုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ ပိုရလာတယ်လို့ ဆိုပါတယ်။
“တနှစ်တာ ကာလအတွင်းမှာ ပြည်သူလူထုတွေက ရှေ့ပိုင်းကာလတွေမှာဆိုရင် စစ်အာဏာရှင် ပြုတ်ကျရေးတခုတည်းကိုပဲကြွေးကြော်ခဲ့ကြတယ်ပေါ့။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ပတ်သက်တာကို ပြည်သူလူထု စိတ်ထဲမှာ သိပ်ပြီးတော့ ခိုင်မာတဲ့ သိရှိစိတ်ပိုင်းဖြတ်မှုတွေ မရှိခဲ့ဘူးပေါ့နှော်။ ဒါပေမယ့် တနှစ်တာကာလအတွင်းမှာ နောက်ပိုင်း တော်လှန်ရေး အရှိန်မြင့်လာတဲ့ ဒီနောက်ပိုင်းမှာဆိုရင် ပြည်သူလူထုအတွက်က စစ်အာဏာရှင် ပြုတ်ကျရုံနဲ့တော့ မရဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးကပါ အရေးကြီးလာပြီ။ အဲ့ဒါကိုပါ တပါတည်း ဆောင်ရွက်ရမယ် ဆိုတာမျိုးကို ပြည်သူလူထုက အသိအမြင်ပြောင်းလဲလာတာမျိုးတွေ တွေ့ ရတယ်ပေါ့။”

စစ်အာဏာသိမ်းထဲက နေ့စဉ်ဆိုသလို လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေရှိတဲ့ ကလေးမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဟာ ဒီနေ့ဆိုရင် ရက်ပေါင်း ၃၅၉ ရက် ရှိခဲ့ပါပြီ။ ပစ်ခတ်ဖြိုခွဲမှုတွေကြားက နေ့စဉ်မပျက် ချီတက် ဆန္ဒပြနေကြတာပါ။ နေ့စဉ်မပျက် ချီတက် ဆန္ဒပြနေတဲ့ကလေးမြို့သပိတ်မှာ ပါဝင်သူတဦးက သူ့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ခံစားချက်ကို ခုလိုပြောပြပါတယ်။

“၂၀၀၇ ရွှေဝါရောင် အရေးအခင်းတုန်းကလည်း ဆန္ဒပြခဲ့ကြတယ်။ အဲ့တုန်းကလည်း လူဦးရေအများကြီး။ ၂ ငါးလုံးတုန်းကလိုပဲ။ ဒါပေမယ့် ပစ်ခတ်မယ်၊ ဖြိုခွဲမယ်ဆိုတာနဲ့ နောက်နေ့ကစပြီး လုံးဝ ပျောက်သွားတယ်ပေါ့။ ဒီနွေဦးတော်လှန်ရေးမှာကျတော့ ဒီလိုမဟုတ်ဘူးပေါ့နော်။ လူငယ်တွေက ဒီလောက်ပစ်ခတ်နေတဲ့ ကြားထဲကနေ ခုချိန်ထိ ရှိနေကြတုန်းပေါ့ နေရာအနှံ့မှာ။ ခုဆိုရင် စစ်ကိုင်းတိုင်းထဲက တချို့ဆိုရင် ပြန်ပြီးပိုပြီးတော့ အားကောင်းလာတယ်ပေါ့နော်။ ဆန္ဒပြတာတွေက။ ဒီဘက်မှာလည်း အဲ့လိုအားကောင်းဖို့အတွက် ကျိုးစားနေပါတယ်။”

ဆားလင်းကြီး၊ ယင်းမာပင်၊ ရေဖြူ၊ ရွှေဘို စတဲ့ ဒေသတွေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့နေ့မှာ အသံတိတ်သပိတ် စတင်ချိန်မတိုင်မီနဲ့ အသံတိတ်သပိတ် ပြီးစီးချိန်တွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြကြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပေမယ့် အာဏာသိမ်းမှု တနှစ်ပြည့်ပြီးတဲ့အထိ ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

#ဖေဖေါ်ဝါရီ၁ရက် #စစ်အာဏာသိမ်း #အသံတိတ်သပိတ် #ဗွီအိုအေမြန်မာ

=============

XS
SM
MD
LG