သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ကုလ အသိအမှတ်ပြုရေး နှင့် တရုတ် - ရုရှား ထောက်ခံမှု အလားအလာ


စစ်ကောင်စီနဲ့ တရုတ်၊ ရုရှား နိုင်ငံတွေကြား အဆင့်မြင့် ခရီးစဉ်တွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်လာတာက မကြာခင်လာတော့မယ့် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်နေရာပြန်ရရေး ကြိုးပမ်းတာလည်း ပါနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။

စစ်ကောင်စီနဲ့ တရုတ်၊ ရုရှား နိုင်ငံတွေကြား အဆင့်မြင့် ခရီးစဉ်တွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်လာတာက မကြာခင်လာတော့မယ့် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်နေရာပြန်ရရေး ကြိုးပမ်းတာလည်း ပါနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။ တရုတ်အထူးသံတမန် ဆွန်းကော်ရှန် ပြီးခဲ့တဲ့အပတ် မြန်မာပြည်သွားတာနဲ့ မြန်မာ စစ်ကောင်စီထိပ်ပိုင်းက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ရုရှားနိုင်ငံကို ရှေ.ဆင့်နောက်ဆင့်သွားနေတာတွေက ကုလကိုယ်စားလှယ်ဆုံးဖြတ်မှုအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ၊
ဒီခရီးစဉ်တွေ ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းတွေကရော ဘာတွေလဲဆိတာ မြန်မာနဲ့ တရုတ်၊ ရုရှားဆက်ဆံရေးတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဒေါက်တာလှကျော်ဇော၊၊ ဦးမောင်မောင်စိုးနဲ့ ရဲဘော်ဖိုးသံချောင်းတို့ကို ကိုဝင်းမင်းက မေးမြန်း တင်ဆက်ထားပါတယ်။
XS
SM
MD
LG