သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထန္တလန္ၿမိဳ႕မီးရႈိ႕မႈ ႏွစ္ဘက္ အျပန္အလွန္စြပ္စြဲေန


ထန္တလန္

{{Zawgyi/Unicode}}

စစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈလုပ္ရပ္အျဖစ္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ အိမ္ေျခတရာေက်ာ္နဲ႔ ဘုရားေက်ာင္းေတြ မီးရႈိ႕ဖ်က္ဆီးခဲ့မႈကိုျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလသမဂၢအေထြေထြညီလာခံမွာ တင္ျပခဲ့ခ်ိန္မွာပဲ စစ္ေကာင္စီကေတာ့ သူတို႔လုပ္တာမဟုတ္ဘဲ PDF ေတြလုပ္တာသာျဖစ္ေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဒီအေတာအတြင္း ထန္တလန္အပါအဝင္ ခ်င္းျပည္နယ္ အတြင္း ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈဟာ အလြန္ဆိုး႐ြားေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက တနဂၤေႏြေန႔က ႏိုင္ငံတကာကို သတိေပး ေၾက ညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က အေၾကာင္းစုံတင္ျပေပးထားပါတယ္။

ျမန္မာစစ္တပ္က်ဴးလြန္တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို အကာအကြယ္ေပးႏိုင္ေရးလုံၿခဳံေရးေကာင္စီအေနနဲ႔ အျမန္ဆုံးအေရးယူေပးဖို႔ဆိုၿပီးကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေန ကုလသမဂၢအေထြေထြညီလာခံမွာ ေအာက္တိုဘာလ ၂၉ရက္ေန႔ကတိုက္တြန္းေျပာခ်က္ထဲမွာ ထန္တလန္ၿမိဳ႕က အလြန္ဆိုး႐ြားေနတဲ့ အေျခအေနေတြကို အခုလို ေျပာၾကားသြားခဲ့ပါတယ္။

“ဒီကေန႔တေန႔တည္းမွာပဲ ျမန္မာႏိုင္ငံ အေနာက္ဘက္ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕မွာ စစ္တပ္ကေန ဘုရားေက်ာင္း (၂) ေက်ာင္း အပါအဝင္ အိမ္ေျခတရာေက်ာ္ ကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ ျပည္သူေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကာကြယ္ေပးဖို႔ ႏိုင္ငံတကာရဲ႕ အေလးအနက္ အာ႐ုံစိုက္မႈနဲ႔ အေရးယူေဆာင္႐ြက္မႈေတြ အလြန္အမင္း လိုအပ္ေနၿပီး၊ ကုလ သမဂၢ၊ အထူးသျဖင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဘက္က ျပတ္ျပတ္သားသား အခ်ိန္နဲ႔ တေျပးညီ အေရးယူေဆာင္႐ြက္ဖို႔ကိစၥမွာ အခ်ိန္အလြန္ေႏွာင္းေနၿပီး အျမန္ဆုံး အေရးယူေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံပါတယ္။”

အခုလို ထန္တလန္ၿမိဳ႕မွာ အိမ္ေတြရာနဲ႔ ခ်ီ မီးရႈိ႕ဖ်က္ဆီးခဲ့တဲ့လုပ္ရပ္ဟာ သူတို႔ လုပ္တာမဟုတ္ပဲ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြဘက္က က်ဴးလြန္ခဲ့တာျဖစ္ တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအာက္တိုဘာလ ၃၀ ရက္ စေနေန႔မွာ အခုလို သတင္းမီဒီယာေတြကို တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

“ဒါေတြသည္ တပ္မေတာ္က ေဆာင္႐ြက္တာမဟုတ္ဘူး။ PDF အၾကမ္းဖက္အဖြဲ႔ေတြက လွည့္ကင္းေဆာင္ရြက္ေနတဲ့အဖြဲ႔ေတြကို ပစ္ခတ္တယ္။ ၿပီးရင္ သူတို႔ေနာက္ကိုလုိက္ၿပီးရွင္းတဲ့အခါမွာ မီး႐ိႈ႕ထြက္ေျပးခဲ့တာျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ေဖေဖဝါရီလက အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝွမ္း စစ္တပ္တပ္က်ဴးလြန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အလြန္ဆိုး႐ြားေနရာမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ကို မီးရႈိ႕ဖ်က္ဆီးတဲ့လုပ္ရပ္ဟာ ျမန္မာစစ္တပ္အေနနဲ႔ မိမိျပည္သူေတြရဲ႕ ေကာင္းက်ိဳးနဲ႔ အသက္အႏၲရာယ္ကို လုံး၀ ထည့္မတြက္ပဲ ေနအိမ္ေတြနဲ႔ ကိုးကြယ္ဆုေတာင္းရာေနရာေတြကို ရက္ရက္စက္စက္ဖ်က္ဆီးခဲ့တာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ရႈတ္ခ်ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက မေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ ေအာက္တိုဘာလ ၂၉ရက္ေန႔ ကုလသမဂၢမွာ ေျပာၾကားခဲ့တဲ့ မိန႔္ခြန္းထဲမွာလည္းျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီး ၉လၾကာကာလအတြင္း စစ္တပ္က်ဴးလြန္တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြအျဖစ္ အခုလို အခ်က္အလက္ေတြနဲ႔ ေထာက္ျပေျပာဆိုခဲ့ပါတယ္။

“(၉) လအတြင္း ဥပေဒမဲ့ ဖမ္းဆီးခံရသူ (၉,၀၀၀) ေက်ာ္နဲ႔ သတ္ျဖတ္ခံရသူ (၁,၂၀၀) ေလာက္ရွိေနပါၿပီ။ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသမွာလည္း စစ္တပ္ကေန နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ ေဆာင္႐ြက္လ်က္ရွိၿပီး အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈေတြေၾကာင့္ လူေပါင္း (၈၀) ေက်ာ္ ေသဆုံးခဲ့ရပါတယ္။”

ဒါ့အျပင္ စစ္တပ္အေနနဲ႔အင္အားႀကီးမားမယ့္ စစ္ဆင္ေရးကို မုတ္သုန္ရာသီကုန္ဆုံးခ်ိန္မွာ ေဆာင္႐ြက္ဖို႔စီစဥ္ထားၿပီး၊ ဒါဟာ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ေဒသခံ အမ်ားအျပားကို ပစ္မွတ္ထားတာျဖစ္သလို အင္အားအဆမတန္အသုံးျပဳၿပီးအဆင္အျခင္မဲ့တိုက္ခိုက္မႈေတြကေန ပိုမို စိုးရိမ္ဖြယ္အေျခအေနေတြရင္ဆိုင္လာရမယ့္အေရးကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔ရဲ႕ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္
ထန္တလန္မီးရႈိ႕မႈ အေရးယူဖို႔ ကုလသမဂၢမွာတင္ျပ
please wait

No media source currently available

0:00 0:03:59 0:00



==========

{{Unicode}}

ထန်တလန်မြို့မီးရှို့မှု နှစ်ဘက် အပြန်အလှန်စွပ်စွဲနေ

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်အဖြစ် ချင်းပြည်နယ် ထန်တလန်မြို့မှာ အိမ်ခြေတရာကျော်နဲ့ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခဲ့မှုကိုမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြခဲ့ချိန်မှာပဲ စစ်ကောင်စီကတော့ သူတို့လုပ်တာမဟုတ်ဘဲ PDF တွေလုပ်တာသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒီအတောအတွင်း ထန်တလန်အပါအဝင် ချင်းပြည်နယ် အတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုဟာ အလွန်ဆိုးရွားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့က နိုင်ငံတကာကို သတိပေး ကြေ ညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

မြန်မာစစ်တပ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အကာအကွယ်ပေးနိုင်ရေးလုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့ဆိုပြီးကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အောက်တိုဘာလ ၂၉ရက်နေ့ကတိုက်တွန်းပြောချက်ထဲမှာ ထန်တလန်မြို့က အလွန်ဆိုးရွားနေတဲ့ အခြေအနေတွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။

“ဒီကနေ့တနေ့တည်းမှာပဲ မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်ကနေ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေတရာကျော် ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာရဲ့ အလေးအနက် အာရုံစိုက်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ အလွန်အမင်း လိုအပ်နေပြီး၊ ကုလ သမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ပြတ်ပြတ်သားသား အချိန်နဲ့ တပြေးညီ အရေးယူဆောင်ရွက်ဖို့ကိစ္စမှာ အချိန်အလွန်နှောင်းနေပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”

အခုလို ထန်တလန်မြို့မှာ အိမ်တွေရာနဲ့ ချီ မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာ သူတို့ လုပ်တာမဟုတ်ပဲ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ကျူးလွန်ခဲ့တာဖြစ် တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၃၀ ရက် စနေနေ့မှာ အခုလို သတင်းမီဒီယာတွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ဒါတွေသည် တပ်မတော်က ဆောင်ရွက်တာမဟုတ်ဘူး။ PDF အကြမ်းဖက်အဖွဲ့တွေက လှည့်ကင်းဆောင်ရွက်နေတဲ့အဖွဲ့တွေကို ပစ်ခတ်တယ်။ ပြီးရင် သူတို့နောက်ကိုလိုက်ပြီးရှင်းတဲ့အခါမှာ မီးရှို့ထွက်ပြေးခဲ့တာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖေဝါရီလက အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်တပ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်ဆိုးရွားနေရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်ဟာ မြန်မာစစ်တပ်အနေနဲ့ မိမိပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ အသက်အန္တရာယ်ကို လုံး၀ ထည့်မတွက်ပဲ နေအိမ်တွေနဲ့ ကိုးကွယ်ဆုတောင်းရာနေရာတွေကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အောက်တိုဘာလ ၂၉ရက်နေ့ ကုလသမဂ္ဂမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလည်းမြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၉လကြာကာလအတွင်း စစ်တပ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအဖြစ် အခုလို အချက်အလက်တွေနဲ့ ထောက်ပြပြောဆိုခဲ့ပါတယ်။

“(၉) လအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံရသူ (၉,၀၀၀) ကျော်နဲ့ သတ်ဖြတ်ခံရသူ (၁,၂၀၀) လောက်ရှိနေပါပြီ။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာလည်း စစ်တပ်ကနေ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်လျက်ရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ရပါတယ်။”

ဒါ့အပြင် စစ်တပ်အနေနဲ့အင်အားကြီးမားမယ့် စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်မှာ ဆောင်ရွက်ဖို့စီစဉ်ထားပြီး၊ ဒါဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံ အများအပြားကို ပစ်မှတ်ထားတာဖြစ်သလို အင်အားအဆမတန်အသုံးပြုပြီးအဆင်အခြင်မဲ့တိုက်ခိုက်မှုတွေကနေ ပိုမို စိုးရိမ်ဖွယ်အခြေအနေတွေရင်ဆိုင်လာရမယ့်အရေးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။

#MyanmarViolence #ThantalangFire #MyanmarUN #VOABurmese

#ထန်တလန်#ကျော်မိုးထွန်း#ဘုရားကျောင်း#မီးရှို့#ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG