သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္းေက်း႐ြာတခ်ိဳ႕မွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ရွာေဖြဖမ္းဆီးမႈမ်ားရွိ


ယင္းမာပင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္းစဥ္။

Zawgyi/Unicode

စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္အနီးက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါ့အျပင္ ယင္းမာပင္ဘက္က ေက်း႐ြာေတြမွာလည္း စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးတာေတြ လုပ္ေနလို႔ ေဒသခံေတြထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦးေျပာျပပါမယ္။
ၾသဂုတ္လ ၇ ရက္ ညပိုင္းက စစ္ကိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နဲ႔ စိုင္ျပင္ေက်း႐ြာၾကားမွာ စစ္ေကာင္စီတပ္ေတြ မိုင္းစြဲတိုက္ခိုက္ခံရၿပီးေနာက္ အနီးအနားက ေက်း႐ြာေတြမွာ ဝင္ေရာက္ရွာေဖြတာ ဖမ္းဆီးမႈေတြလုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီပဲယင္းၿမိဳ႕အနီးက ေညာင္လွ၊ ကုန္ႀကီး၊ သေျပသာ၊ မ႐ိုးကုန္း၊ ယဥ္ေက်း စတဲ့ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ရွာေဖြခဲ့တယ္လို႔ ဒီပဲယင္းၿမိဳ႕ခံတဦးက ေျပာပါတယ္။
“အေျခအေနက ႐ြာေတြထဲက ပတ္ေမႊၿပီးေတာ့ အိမ္ေတြထဲ ပစၥည္းေတြယူ မီးရႈိ႕သြားတာပဲ။ မေန႔ကလည္း ရႈိ႕တယ္။ ဒီေန႔လည္း ရႈိ႕တယ္။ နယ္ေတြ႐ြာေတြထဲ ဆင္းၿပီးေတာ့ ေသနတ္ေဖာက္ၿပီး ဝင္တယ္။ ႐ြာေတြက ထြက္ေျပးၾကေတာ့ က်န္တဲ့ပစၥည္းေတြယူတယ္။ မီးရႈိ႕ၾကတယ္။ မိတဲ့သူေတြလည္း မိတာေပါ့။ ဓားစာခံေခၚထားတယ္။ ေညာင္လွ႐ြာမွာ နေမာေက်ာင္း- နေမာေက်ာင္းမွာ တပ္စြဲထားတယ္။ မေန႔က တပ္စြဲထားတယ္။ တပ္စြဲထားၿပီးေတာ့ ျပည္သူလူထု ၇ ေယာက္ ဖမ္းထားတယ္။ မေန႔က ဆိုင္ကယ္ ၈ စီးမီးရႈိ႕လိုက္တယ္။ ေတာင္သူ ပ်ိဳးႏႈတ္တဲ့ ဆိုင္ကယ္ေတြ မီးရႈိ႕ၾကတယ္။ ေနာက္ဆိုင္ကယ္ ေမာင္းေနတဲ့ ၁၄ ႏွစ္အ႐ြယ္ ကေလးတေယာက္ဆို ဆိုင္ကယ္ေမာင္းေနရင္း ေသနတ္နဲ႔ အပစ္ခံရတယ္။ ေသေတာ့မေသဘူး။ ေနာက္ျပည္သူတေယာက္ ေပါင္မွာ ေသနတ္မွန္ထားတယ္။ အင္အား ၁၀၀ ေက်ာ္ေလာက္ရွိမယ္။ ဒီပဲယင္းၿမိဳ႕ ၆ မိုင္ေလာက္အကြာ ႐ြာေတြမွာ ေျခလ်င္ သြားေမႊေနတာ။”
ဒီပဲယင္းၿမိဳ႕အနီးက ေက်း႐ြာေတြမွာ မၾကာခဏဆိုသလို စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF ေတြ မၾကာခဏ ဆိုသလို တိုက္ပြဲျဖစ္ပြားေနတာပါ။
တဆက္တည္းမွာပဲ စစ္ကိုင္းတိုင္းထဲက ယင္းမာပင္ၿမိဳ႕နယ္ ဘန႔္ေဘြးေက်း႐ြာမွာ စစ္ေကာင္စီတပ္ေတြက ေဒသခံေတြကို ဖမ္းဆီးၿပီး ဆိုင္ကယ္ေတြကိုလည္း မီးရႈိ႕သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
“ဘန႔္ေဘြးမွာ ဒလံရဲ႕ေျပာၾကားခ်က္ေၾကာင့္ သူတို႔နဲ႔အဆင္မေျပတဲ့ သူေတြကို ဒလံက အကုန္လက္ညိွဳးထိုးဖမ္းခိုင္းတာ အခုဘန႔္ေဘြးစာသင္ေက်ာင္းထဲမွာ တပ္စြဲထားတယ္။ စစ္သား အင္အား ၇၀ ေလာက္က တေယာက္ေတာ့မိသြားတယ္။ က်န္တာေတြက လြတ္သြားတယ္။ ထြက္ေျပးတာ ေတာျပင္ေနရာေတြကိုေပါ့။ အဲ့အိမ္ကိုေတာ့ ဖ်က္ဆီးသြားတယ္။ ဆိုင္ကယ္ ၅ စီးေတြ႔တာ၊ ေတြ႔တဲ့ ဆိုင္ကယ္ေတြကို မီးပုံရႈိ႕သြားတယ္။ ဖမ္းသြားတဲ့သူက မနက္က စာသင္ေက်ာင္းထဲမွာ။ အခုလည္း စာသင္ေက်ာင္းထဲ ရွိေလာက္တယ္။ ေခၚသြားထုတ္သြားတာေတာ့ မေတြ႔ေသးဘူး။ အဲ့႐ြာကေတာ့ ထြက္ေျပးေနရၿပီ။ က်န္တဲ့႐ြာေတြလည္း ထြက္ေျပးေနတာ။”
စစ္အာဏာသိမ္းမႈဆႏၵျပပြဲေတြကို စစ္တပ္က ႏွိမ္နင္းခဲ့တဲ့ေနာက္ ႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာ ေဒသခံေတြရဲ႕ လက္နက္ကိုင္ခုခံမႈေတြျဖစ္လာပါတယ္။ ယင္းမာပင္နဲ႔ ကနီနယ္ေတြမွာလည္း စစ္ေကာင္စီတပ္ေတြ မၾကာခဏဆိုသလို မိုင္းဆြဲတိုက္ခိုက္ခံရတာေတြ ရွိေနပါတယ္။ ဒါေၾကာင့္ အနီးအနားေက်း႐ြာေတြကို စစ္တပ္ကဝင္ေရာက္ရွာေဖြတာေတြ ဖမ္းဆီးတာေတြရွိသလို၊ ေက်း႐ြာသားအေတာ္မ်ားမ်ားလည္း ထြက္ေျပးတိမ္းေရွာင္ၿပီး စစ္ေဘးဒုကၡသည္ေတြျဖစ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

Unicode

စစ်ကိုင်းတိုင်းအတွင်းကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ယင်းမာပင်ဘက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာတွေ လုပ်နေလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။
သြဂုတ်လ ၇ ရက် ညပိုင်းက စစ်ကိုင်းဒေသကြီး ဒီပဲယင်းမြို့နဲ့ စိုင်ပြင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေ မိုင်းစွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားက ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့အနီးက ညောင်လှ၊ ကုန်ကြီး၊ သပြေသာ၊ မရိုးကုန်း၊ ယဉ်ကျေး စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတဦးက ပြောပါတယ်။
“အခြေအနေက ရွာတွေထဲက ပတ်မွှေပြီးတော့ အိမ်တွေထဲ ပစ္စည်းတွေယူ မီးရှို့သွားတာပဲ။ မနေ့ကလည်း ရှို့တယ်။ ဒီနေ့လည်း ရှို့တယ်။ နယ်တွေရွာတွေထဲ ဆင်းပြီးတော့ သေနတ်ဖောက်ပြီး ဝင်တယ်။ ရွာတွေက ထွက်ပြေးကြတော့ ကျန်တဲ့ပစ္စည်းတွေယူတယ်။ မီးရှို့ကြတယ်။ မိတဲ့သူတွေလည်း မိတာပေါ့။ ဓားစာခံခေါ်ထားတယ်။ ညောင်လှရွာမှာ နမောကျောင်း- နမောကျောင်းမှာ တပ်စွဲထားတယ်။ မနေ့က တပ်စွဲထားတယ်။ တပ်စွဲထားပြီးတော့ ပြည်သူလူထု ၇ ယောက် ဖမ်းထားတယ်။ မနေ့က ဆိုင်ကယ် ၈ စီးမီးရှို့လိုက်တယ်။ တောင်သူ ပျိုးနှုတ်တဲ့ ဆိုင်ကယ်တွေ မီးရှို့ကြတယ်။ နောက်ဆိုင်ကယ် မောင်းနေတဲ့ ၁၄ နှစ်အရွယ် ကလေးတယောက်ဆို ဆိုင်ကယ်မောင်းနေရင်း သေနတ်နဲ့ အပစ်ခံရတယ်။ သေတော့မသေဘူး။ နောက်ပြည်သူတယောက် ပေါင်မှာ သေနတ်မှန်ထားတယ်။ အင်အား ၁၀၀ ကျော်လောက်ရှိမယ်။ ဒီပဲယင်းမြို့ ၆ မိုင်လောက်အကွာ ရွာတွေမှာ ခြေလျင် သွားမွှေနေတာ။”
ဒီပဲယင်းမြို့အနီးက ကျေးရွာတွေမှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပါ။
တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဖမ်းဆီးပြီး ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘန့်ဘွေးမှာ ဒလံရဲ့ပြောကြားချက်ကြောင့် သူတို့နဲ့အဆင်မပြေတဲ့ သူတွေကို ဒလံက အကုန်လက်ညှိုးထိုးဖမ်းခိုင်းတာ အခုဘန့်ဘွေးစာသင်ကျောင်းထဲမှာ တပ်စွဲထားတယ်။ စစ်သား အင်အား ၇၀ လောက်က တယောက်တော့မိသွားတယ်။ ကျန်တာတွေက လွတ်သွားတယ်။ ထွက်ပြေးတာ တောပြင်နေရာတွေကိုပေါ့။ အဲ့အိမ်ကိုတော့ ဖျက်ဆီးသွားတယ်။ ဆိုင်ကယ် ၅ စီးတွေ့တာ၊ တွေ့တဲ့ ဆိုင်ကယ်တွေကို မီးပုံရှို့သွားတယ်။ ဖမ်းသွားတဲ့သူက မနက်က စာသင်ကျောင်းထဲမှာ။ အခုလည်း စာသင်ကျောင်းထဲ ရှိလောက်တယ်။ ခေါ်သွားထုတ်သွားတာတော့ မတွေ့သေးဘူး။ အဲ့ရွာကတော့ ထွက်ပြေးနေရပြီ။ ကျန်တဲ့ရွာတွေလည်း ထွက်ပြေးနေတာ။”
စစ်အာဏာသိမ်းမှုဆန္ဒပြပွဲတွေကို စစ်တပ်က နှိမ်နင်းခဲ့တဲ့နောက် နိုင်ငံနေရာအတော်များများမှာ ဒေသခံတွေရဲ့ လက်နက်ကိုင်ခုခံမှုတွေဖြစ်လာပါတယ်။ ယင်းမာပင်နဲ့ ကနီနယ်တွေမှာလည်း စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။ ဒါကြောင့် အနီးအနားကျေးရွာတွေကို စစ်တပ်ကဝင်ရောက်ရှာဖွေတာတွေ ဖမ်းဆီးတာတွေရှိသလို၊ ကျေးရွာသားအတော်များများလည်း ထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG