သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းၿမိဳ႕နယ္တခ်ိဳ႕မွာ လုံၿခဳံေရးတပ္ေတြနဲ႔ လွ်ပ္စစ္မီတာေကာက္ခံ


ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း FB Page

{{Zawgyi/Unicode}}

ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္တပ္နဲ႔ ရဲလုံၿခဳံေရးေတြက အခုရက္ပိုင္း ေနအိမ္ေတြကို လွ်ပ္စစ္ မီတာခ လိုက္လံေကာက္ခံေနပါတယ္။ အိမ္ရွင္ေတြကို မီတာခ ခ်က္ခ်င္းေပးေဆာင္ခိုင္းၿပီး မေဆာင္တဲ့ အိမ္တခ်ိဳ႕က မီးႀကိဳးေတြ ျဖတ္သြားတာ၊ မီတာပံုးေတြျဖဳတ္သြားတာမ်ိဳးလုပ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလို မီတာခအတင္းအၾကပ္ ေပးေဆာင္ခိုင္းေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ရန္ကုန္တိုင္းထဲက အင္းစိန္ၿမိဳ႕နယ္၊ ေဒါပံုၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ စတဲ့ၿမိဳ႕နယ္တခ်ဳိ႕မွာ စစ္တပ္၊ ရဲတပ္ဖြဲ႔နဲ႔ လ်ွပ္စစ္ဝန္ထမ္းအပါအဝင္ အင္အားဖဲြ႔ၿပီး အခုရက္ပိုင္း လွ်ပ္စစ္မီတာခေတြ လိုက္လံေကာက္ ခံေနပါတယ္။ အင္းစိန္ၿမိဳ႕နယ္ထဲက ရပ္ကြက္တခုမွာေတာ့ မီတာခမေဆာင္တဲ့ အိမ္ေတြကို ခ်က္ခ်င္း မီးျဖတ္တာ၊ မီတာပံုးသိမ္းသြာတာမ်ဳိးလုပ္တယ္လို႔ အင္းစိန္ၿမိဳ႕ခံတဦးက ဗီြအိုေအကို အခုလို ေျပာျပပါတယ္။

“ၿပီးခဲ့တဲ့ ၃-၄ ရက္ေလာက္ကေတာ့ လာေဆာင္ခိုင္းတယ္ဗ်၊ သူတို႔အိမ္ေတြကို လိုက္လိုက္ၿပီးေတာ့ ေျပာေျပာၿပီးေတာ့ေပါ့ေနာ္။ ေခၚေခၚၿပီးေတာ့ (ေဆာင္ခိုင္းတယ္)၊ မေဆာင္တဲ့ အိမ္ကေတာ့ အဲ့လိုေပါ့ သူတို႔ တခါတည္း အဲ့ႀကိဳးေတြ ျဖတ္သြားတာတို႔၊ မီတာပံုးေတြ ဘာေတြျဖဳတ္သြားတာေတာ့ရွိတယ္ဗ်၊ လာတာကေတာ့ သူတို႔ ဒီရပ္ကြက္႐ုံးကိုလာတာေပါ့ေနာ္၊ ရပ္ကြက္႐ုံးကိုလာတယ္၊ သူတို႔အဲ့ဒီရဲကားနဲ႔ စစ္ကားနဲ႔ အားလံုးေပါင္း ဒဘယ္လ္ကပ္ ေလးေတြ ၄ စီးေလာက္ရွိမွာေပါ့။ ၿပီးေတာ့ အေရွ႕က မီးတန္းကား တစီးပါတယ္၊ လိုက္ေျပာတာေတာ့ သူတို႔မီတာ႐ုံက ဝန္ထမ္းေတြပဲ ေျပာရမွာေပါ့ေနာ္၊ ေကာင္ေလးေတြ လိုက္ေျပာတယ္၊ တခ်ဳိ႕ကလည္း မီတာ႐ုံးက ေကာင္ေလးဆိုေပမယ့္ တခ်ဳိ႕အရပ္ဝတ္ထားတဲ့ ရဲတုိ႔ စစ္သားတို႔လည္း ပါတယ္ေပါ့ေနာ္။”

မီတာခေတြလိုက္လံေကာက္ခံသူေတြက မီတာမေဆာင္တဲ့ အိမ္ေတြကို ရင့္ရင့္သီးသီး ေအာ္ဟစ္ေျပာဆိုတာမ်ဳိးေတြလည္း ႐ွိတယ္လို႔ ေျပာပါတယ္။ အလားတူ ေဒါပံုၿမိဳ႕နယ္ သမာေအးရပ္ကြက္မွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လွ်ပ္စစ္ဝန္ထမ္း အပါအဝင္ အရပ္ဝတ္နဲ႔ လူ ၁၀ ေယာက္ဝန္းက်င္ေလာက္ပါတဲ့ အဖဲြ႔က မီတာခေတြ လာေကာက္တယ္လို႔ ေျပာပါတယ္။

“ဟိုတေန႔ကေတာ့ လာၿပီးေဆာင္ခိုင္းတယ္ဗ်၊ လာေဆာင္ခိုင္းေတာ့ က်ေနာ္တို႔တိုက္က တတိုက္လံုးဆိုင္ရင္ ၈ သိန္းေက်ာ္ ၉ သိန္း ေက်ာ္ရွိမယ္။ အဲ့ေတာ့ အကုန္လံုးေတာ့ ခ်က္ခ်င္း မေဆာင္ႏိုင္ဘူးေပါ့ေနာ္၊ မီတာစာရြက္လာမေပးေတာ့ မေဆာင္ႏိုင္ေသးဘူးဆိုၿပီးေတာ့ ေျပာလုိက္ေတာ့ သူတို႔ခ်က္ခ်င္းျဖတ္ဖို႔ လုပ္ဖို႔အခ်ိန္မွာ တံခါးေတာ့ မဖြင့္ေပးလိုက္ေတာ့ အကုန္လံုးက ျပန္သြားတယ္။ သူတို႔မီတာစာရြက္ပို႔မယ္ဆိုၿပီးေတာ့ အဲ့လိုေတာ့ ေျပာသြားတယ္လို႔တယ္ေျပာတယ္ဗ်။ အိမ္ရွင္ကိုေလ။ အရပ္ဝတ္ေတြနဲ႔ေတာ့ ပါတယ္လို႔ေတာ့ ေျပာတယ္။ ဒါေပမယ့္ အရပ္သားပံုစံေတာ့ မေပါက္ဘူးေပါ့ေနာ္၊ လက္နက္ဘာညာေတာ့ မေတြ႔ရဘူး။ အဲ့လိုမ်ဳိးေတြ အင္အားနည္းနည္းမ်ားတယ္၊ ၄၊ ၅၊ ၁၀ ေယာက္ေလာက္ရွိတယ္ေပါ့ေနာ္၊ အဖြဲ႔လိုက္လာတယ္ေျပာတယ္။”

အခုလို လွ်ပ္စစ္မီတာခေတြကို အင္အားသံုးပံုစံနဲ႔ ၿခိမ္းေျခာက္ ေကာက္ခံခ့ဲၿပီးေနာက္ ဒီကေန႔ဆုိရင္ ေဒါပံုၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးမွာ မီတာခေဆာင္ဖို႔ တန္စီးေနတဲ့လူေတာ္ေတာ္မ်ားမ်ား ေတြ႔ရတယ္လို႔ ေနာက္ထပ္ ေဒါပံုၿမိဳ႕ခံတဦးက ေျပာပါတယ္။

သဃၤန္းကြ်န္းၿမိဳ႕နယ္ ရပ္ကြက္တခ်ဳိ႕မွာလည္း ေအာက္တိုဘာလဆန္းေလာက္က ရပ္ကြက္ထဲမွာ မီတာခေပးေဆာင္ၾကဖို႔ မေဆာင္ရင္ မီးျဖတ္ေတာက္မယ္ဆိုၿပီး စစ္ေကာင္စီအဖြဲ႔က ကားနဲ႔လိုက္လံ ေအာ္သြားတယ္လို႔ ရပ္ကြက္ေနသူက VOA ကို ေျပာပါတယ္။ ေနအိမ္အထိ အတင္းအၾကပ္လာေရာက္ ေတာင္းခံတာမ်ဳိးမရွိေသးဘူးလို႔ေတာ့ သုဝဏၰမွာ ေနထိုင္သူတဦးက အခုလို ေျပာပါတယ္။

“အခုထိေတာ့ အဲ့လိုမ်ဳိးအတင္းအက်ပ္လာၿပီးေတာ့ ေျပာတာမ်ဳိးေတာ့ မရွိေသးဘူးေပ့ါေနာ္၊ ဒါေပမယ့္ ဟိုအရင္အပတ္တုန္းကေတာ့ ကားနဲ႔ လမ္းထဲမွာ လိုက္ေအာ္သြားတာေပါ့ေနာ္၊ မီတာေဆာင္ၾကဖို႔ မေဆာင္ရင္ မီးျဖတ္မယ္၊ အဲ့လိုမ်ဳိးလိုက္ေအာ္သြားတာ လုိက္ထရပ္ကားနဲ႔ လိုက္ေအာ္သြားတာမ်ဳိး တခါရွိတယ္။ အဲ့တခါၿပီးေတာ့ ဘာမွလည္း ထပ္ၿပီးမလာဘူးေပါ့ေနာ္၊ ကိုယ္ေတြကေတာ့ သြားၿပီး တကူးတကေတာ့ မေဆာင္ဘူး။ မီးျဖတ္ရင္ေတာ့ သြားေဆာင္လိုက္မွာေပါ့။ အခုထိေတာ့ အာဏာသိမ္းၿပီးကတည္းေတာ့ မီတာေတာ့ မေဆာင္ေသးဘူး မီးျဖတ္မယ္ဆိုရင္ေတာ့ သြားေဆာင္မေပါ့။”

အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္တပ္ ဝင္ေငြမရေအာင္ လွ်ပ္စစ္မီတာခအပါအဝင္ အစိုးရကို ေပးေဆာင္ ရတဲ့ အခြန္အေကာက္ေတြ မေပးၾကဖုိ႔ စစ္အာဏာ႐ွင္ဆန္႔က်င္ေရး လႈပ္႐ွားသူေတြက ေဆာ္ၾသထားၾကပါတယ္။ ျပည္သူေတာ္ေတာ္မ်ားမ်ားကလည္း အၾကမ္းမဖက္ အာဏာဖီဆန္တဲ့အေနနဲ႔ ေပးေဆာင္ျခင္း မ႐ွိၾကပါဘူး။ ဒါေၾကာင့္ ေမလတုန္းကလည္း မီတာခေပးေဆာင္ဖို႔စစ္ေကာင္စီက ၿခိမ္းေျခာက္ တိုက္ တြန္းမႈေတြ ႐ွိခဲ့ပါတယ္။

လွ်ပ္စစ္ဓာတ္အား သုံးစြဲသူေတြအေနနဲ႔ သတ္မွတ္ထားတဲ့ ရက္အတြင္းမွာ မီတာခမေပးေဆာင္ဘူးဆိုရင္ လွ်ပ္စစ္ဥပေဒအရ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္ အေရးယူခံရမယ္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ အခုကေတာ့ လံုၿခံဳေရးအင္အားသံုးၿပီး အိမ္ေတြကို အတင္းအၾကပ္ လွ်ပ္စစ္မီတာေဆာင္ခိုင္းေနတာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ကိုဗစ္ပထမလႈိင္းစတင္ခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ႏွစ္ဆန္းပိုင္းေလာက္ထဲက သံုးစဲြယူနစ္ ၁၅၀၊ က်သင့္ေငြ က်ပ္ ေသာင္း ၁ ေထာင္ ေက်ာ္ကို ေပးေဆာင္စရာမလုိဘူးလုိ႔ NLD အစိုးရက ကင္းလြတ္ခြင့္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ သံုးစြဲယူနစ္ ၁၅၀ ေအာက္႐ွိတဲ့ တခ်ဳိ႕အိမ္ေတြက အဲဒီအခ်ိန္ထဲက မီတာခ မေပးေဆာင္ခဲ့ၾကတာ အခုထိျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ရန်ကုန်တိုင်းမြို့နယ်တချို့မှာ လုံခြုံရေးတပ်တွေနဲ့ လျှပ်စစ်မီတာကောက်ခံ

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အခုရက်ပိုင်း နေအိမ်တွေကို လျှပ်စစ် မီတာခ လိုက်လံကောက်ခံနေပါတယ်။ အိမ်ရှင်တွေကို မီတာခ ချက်ချင်းပေးဆောင်ခိုင်းပြီး မဆောင်တဲ့ အိမ်တချို့က မီးကြိုးတွေ ဖြတ်သွားတာ၊ မီတာပုံးတွေဖြုတ်သွားတာမျိုးလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို မီတာခအတင်းအကြပ် ပေးဆောင်ခိုင်းနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းထဲက အင်းစိန်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် စတဲ့မြို့နယ်တချို့မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ဝန်ထမ်းအပါအဝင် အင်အားဖွဲ့ပြီး အခုရက်ပိုင်း လျှပ်စစ်မီတာခတွေ လိုက်လံကောက် ခံနေပါတယ်။ အင်းစိန်မြို့နယ်ထဲက ရပ်ကွက်တခုမှာတော့ မီတာခမဆောင်တဲ့ အိမ်တွေကို ချက်ချင်း မီးဖြတ်တာ၊ မီတာပုံးသိမ်းသွာတာမျိုးလုပ်တယ်လို့ အင်းစိန်မြို့ခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ပြီးခဲ့တဲ့ ၃-၄ ရက်လောက်ကတော့ လာဆောင်ခိုင်းတယ်ဗျ၊ သူတို့အိမ်တွေကို လိုက်လိုက်ပြီးတော့ ပြောပြောပြီးတော့ပေါ့နော်။ ခေါ်ခေါ်ပြီးတော့ (ဆောင်ခိုင်းတယ်)၊ မဆောင်တဲ့ အိမ်ကတော့ အဲ့လိုပေါ့ သူတို့ တခါတည်း အဲ့ကြိုးတွေ ဖြတ်သွားတာတို့၊ မီတာပုံးတွေ ဘာတွေဖြုတ်သွားတာတော့ရှိတယ်ဗျ၊ လာတာကတော့ သူတို့ ဒီရပ်ကွက်ရုံးကိုလာတာပေါ့နော်၊ ရပ်ကွက်ရုံးကိုလာတယ်၊ သူတို့အဲ့ဒီရဲကားနဲ့ စစ်ကားနဲ့ အားလုံးပေါင်း ဒဘယ်လ်ကပ် လေးတွေ ၄ စီးလောက်ရှိမှာပေါ့။ ပြီးတော့ အရှေ့က မီးတန်းကား တစီးပါတယ်၊ လိုက်ပြောတာတော့ သူတို့မီတာရုံက ဝန်ထမ်းတွေပဲ ပြောရမှာပေါ့နော်၊ ကောင်လေးတွေ လိုက်ပြောတယ်၊ တချို့ကလည်း မီတာရုံးက ကောင်လေးဆိုပေမယ့် တချို့အရပ်ဝတ်ထားတဲ့ ရဲတို့ စစ်သားတို့လည်း ပါတယ်ပေါ့နော်။”

မီတာခတွေလိုက်လံကောက်ခံသူတွေက မီတာမဆောင်တဲ့ အိမ်တွေကို ရင့်ရင့်သီးသီး အော်ဟစ်ပြောဆိုတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အလားတူ ဒေါပုံမြို့နယ် သမာအေးရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လျှပ်စစ်ဝန်ထမ်း အပါအဝင် အရပ်ဝတ်နဲ့ လူ ၁၀ ယောက်ဝန်းကျင်လောက်ပါတဲ့ အဖွဲ့က မီတာခတွေ လာကောက်တယ်လို့ ပြောပါတယ်။

“ဟိုတနေ့ကတော့ လာပြီးဆောင်ခိုင်းတယ်ဗျ၊ လာဆောင်ခိုင်းတော့ ကျနော်တို့တိုက်က တတိုက်လုံးဆိုင်ရင် ၈ သိန်းကျော် ၉ သိန်း ကျော်ရှိမယ်။ အဲ့တော့ အကုန်လုံးတော့ ချက်ချင်း မဆောင်နိုင်ဘူးပေါ့နော်၊ မီတာစာရွက်လာမပေးတော့ မဆောင်နိုင်သေးဘူးဆိုပြီးတော့ ပြောလိုက်တော့ သူတို့ချက်ချင်းဖြတ်ဖို့ လုပ်ဖို့အချိန်မှာ တံခါးတော့ မဖွင့်ပေးလိုက်တော့ အကုန်လုံးက ပြန်သွားတယ်။ သူတို့မီတာစာရွက်ပို့မယ်ဆိုပြီးတော့ အဲ့လိုတော့ ပြောသွားတယ်လို့တယ်ပြောတယ်ဗျ။ အိမ်ရှင်ကိုလေ။ အရပ်ဝတ်တွေနဲ့တော့ ပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အရပ်သားပုံစံတော့ မပေါက်ဘူးပေါ့နော်၊ လက်နက်ဘာညာတော့ မတွေ့ရဘူး။ အဲ့လိုမျိုးတွေ အင်အားနည်းနည်းများတယ်၊ ၄၊ ၅၊ ၁၀ ယောက်လောက်ရှိတယ်ပေါ့နော်၊ အဖွဲ့လိုက်လာတယ်ပြောတယ်။”

အခုလို လျှပ်စစ်မီတာခတွေကို အင်အားသုံးပုံစံနဲ့ ခြိမ်းခြောက် ကောက်ခံခဲ့ပြီးနောက် ဒီကနေ့ဆိုရင် ဒေါပုံမြို့နယ် လျှပ်စစ်ရုံးမှာ မီတာခဆောင်ဖို့ တန်စီးနေတဲ့လူတော်တော်များများ တွေ့ရတယ်လို့ နောက်ထပ် ဒေါပုံမြို့ခံတဦးက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်တချို့မှာလည်း အောက်တိုဘာလဆန်းလောက်က ရပ်ကွက်ထဲမှာ မီတာခပေးဆောင်ကြဖို့ မဆောင်ရင် မီးဖြတ်တောက်မယ်ဆိုပြီး စစ်ကောင်စီအဖွဲ့က ကားနဲ့လိုက်လံ အော်သွားတယ်လို့ ရပ်ကွက်နေသူက VOA ကို ပြောပါတယ်။ နေအိမ်အထိ အတင်းအကြပ်လာရောက် တောင်းခံတာမျိုးမရှိသေးဘူးလို့တော့ သုဝဏ္ဏမှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

“အခုထိတော့ အဲ့လိုမျိုးအတင်းအကျပ်လာပြီးတော့ ပြောတာမျိုးတော့ မရှိသေးဘူးပေ့ါနော်၊ ဒါပေမယ့် ဟိုအရင်အပတ်တုန်းကတော့ ကားနဲ့ လမ်းထဲမှာ လိုက်အော်သွားတာပေါ့နော်၊ မီတာဆောင်ကြဖို့ မဆောင်ရင် မီးဖြတ်မယ်၊ အဲ့လိုမျိုးလိုက်အော်သွားတာ လိုက်ထရပ်ကားနဲ့ လိုက်အော်သွားတာမျိုး တခါရှိတယ်။ အဲ့တခါပြီးတော့ ဘာမှလည်း ထပ်ပြီးမလာဘူးပေါ့နော်၊ ကိုယ်တွေကတော့ သွားပြီး တကူးတကတော့ မဆောင်ဘူး။ မီးဖြတ်ရင်တော့ သွားဆောင်လိုက်မှာပေါ့။ အခုထိတော့ အာဏာသိမ်းပြီးကတည်းတော့ မီတာတော့ မဆောင်သေးဘူး မီးဖြတ်မယ်ဆိုရင်တော့ သွားဆောင်မပေါ့။”

အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်တပ် ဝင်ငွေမရအောင် လျှပ်စစ်မီတာခအပါအဝင် အစိုးရကို ပေးဆောင် ရတဲ့ အခွန်အကောက်တွေ မပေးကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ဆော်သြထားကြပါတယ်။ ပြည်သူတော်တော်များများကလည်း အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ ပေးဆောင်ခြင်း မရှိကြပါဘူး။ ဒါကြောင့် မေလတုန်းကလည်း မီတာခပေးဆောင်ဖို့စစ်ကောင်စီက ခြိမ်းခြောက် တိုက် တွန်းမှုတွေ ရှိခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ မီတာခမပေးဆောင်ဘူးဆိုရင် လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အား ဖြတ်တောက် အရေးယူခံရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုကတော့ လုံခြုံရေးအင်အားသုံးပြီး အိမ်တွေကို အတင်းအကြပ် လျှပ်စစ်မီတာဆောင်ခိုင်းနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းလောက်ထဲက သုံးစွဲယူနစ် ၁၅၀၊ ကျသင့်ငွေ ကျပ် သောင်း ၁ ထောင် ကျော်ကို ပေးဆောင်စရာမလိုဘူးလို့ NLD အစိုးရက ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲယူနစ် ၁၅၀ အောက်ရှိတဲ့ တချို့အိမ်တွေက အဲဒီအချိန်ထဲက မီတာခ မပေးဆောင်ခဲ့ကြတာ အခုထိဖြစ်ပါတယ်။

#MyanmarMilitary #MyanmarElectricityBill #VOABurmese

#မီတာခ#စစ်၊ရဲ#မီးကြိုးဖြတ်#အာဏာဖီဆန်#သင်္ကန်းကျွန်း

==========

XS
SM
MD
LG