သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ရဟတ်ယာဉ် ပျက်ကျပြီးနောက် တွေ့ရသည့် မြင်ကွင်းတချို့။ (မတ် ၃၊ ၂၀၂၀)

မ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာကနေ လားရှိုးကိုသွားမယ့် စစ်ရဟတ်ယာဉ်တစင်းဟာ ပျံတက်ပြီး မီတာ ၃၀ လောက် အရောက်မှာ စက်ချို့ယွင်းတာကြောင့် ပျက်ကျပြီး ရဟတ်ယာဉ်အဖွဲ့ဝင်တချို့ ဒဏ်ရာရသွားတယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

ကောင်းခါးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ တပ်မတော်က သိမ်းဆည်းမိထားတဲ့ မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးချက်တဲ့နေရာမှာ ပစ္စည်းတွေကို သတင်းထောက်တွေနဲ့ နိုင်ငံခြားစစ်သံမှူးတွေကို ခေါ်ပြပြီး အပြန်မှာ အခုလို ရဟတ်ယာဉ် မတော်တဆမှုဖြစ်တာပါ။

ချို့ယွင်းသွားတဲ့ ရဟတ်ယာဉ်ဟာ နိုင်ငံခြားစစ်သံမှူးတွေ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး စစ်သံမှူးတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ၊ ရဟတ်ယာဉ်မှူး ၁ ယောက်နဲ့ ရဟတ်ယာဉ်ဝန်ထမ်းနှစ်ယောက် ပေါင်း ၃ ယောက် ဒဏ်ရာရသွားတာလို့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

XS
SM
MD
LG