သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡေရာက္ စစ္ေဘးေရွာင္ေတြ ႏိုင္ငံတကာအကူ ပိုမိုလိုအပ္


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား Kayah ကယား / ကရင္နီ

ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ကယားျပည္နယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကားတိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြ အခ်ိန္ၾကာလာတာနဲ႔ စားနပ္ရိကၡာ၊ ေဆးဝါးလိုအပ္ခ်က္၊ ေနထိုင္ေရးတို႔မွာ ပိုအခက္ေတြ႕လာရတယ္လို႔ အကူအညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။ ေဒသခံေတြအခ်င္းအခ်င္း အျပန္အလွန္ ေထာက္ပ့ံေနရတဲ့အေျခအေနေၾကာင့္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ ေထာက္ပ့ံမႈ လိုအပ္ေနၿပီဆိုၿပီး ေတာင္းဆိုေနၾကပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က တင္ျပပါ႕မယ္။

ရွမ္းျပည္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္တခုတည္းမွာတင္ စစ္ေရွာင္ဦးေရက ၁ ေသာင္းဝန္းက်င္ရွိေနပါေသးတယ္။ သူတို႔ရဲ႕ အေျခခံလိုအပ္ခ်က္ကို အခ်ိန္မီျဖည့္တင္းေပးႏိုင္ဖို႔က အခက္ေတြ႕ေနတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

"စစ္ေဘးေရွာင္အတြက္ကေတာ့ အဓိကအခက္အခဲက စားနပ္ရိကၡာေပါ့။ စားနပ္ရိကၡာက ေရရွည္ျဖစ္တဲ့အခါက်ေတာ့ ေတာ္ေတာ္ၾကပ္တည္းၾကတယ္ဗ်။ ေဆးဝါးလည္း ခက္ခဲတယ္ဗ်။ အခုက ဆီဆိုင္ဘက္မွာေရာက္လာတဲ့ စစ္ေဘးေရွာင္ကေတာ့ ႏိုင္ငံတကာအဖြဲ႕အစည္း အလႉရွင္ေတြက စားနပ္ရိကၡာ ေရရွည္ပံ့ပိုးကူညီမႈ မရွိတဲ့အခါက်ေတာ့ လိုရင္လိုသလို အဲ့ကိစၥေဆာင္႐ြက္ရတဲ့အခါက်ေတာ့ က်ေနာ္တို႔ဆိုရင္ သူတို႔အတြက္ တလတခါ စားနပ္ရိကၡာ စိတ္ပူရတဲ့အေနအထား ျဖစ္သြားတာေပါ့။ ေဆးဝါးလည္း အလႉရွင္ပါးေတာ့ ေတာ္ေတာ္ခက္ခဲတယ္။ ေနာက္ၿပီး အေဆာက္အဦးပိုင္းဆိုင္ရာလည္း အမ်ားႀကီးျဖည့္ဆည္းဖို႔ လိုတယ္။ အခုလည္း စားနပ္ရိကၡာကေတာ့ မရေသးဘူး။ စာရင္းေကာက္ေနတုန္းပဲ ရွိေသးတယ္။ ရလား မရလား မေသခ်ာဘူးဗ်။ အခုက်န္တာကေတာ့ ဒီးေမာ့ဆို၊ ဖ႐ူဆို၊ နမ့္ဖယ္ခုံ၊ ကယားျပည္နယ္က တိုက္ပြဲျဖစ္တဲ့ေနရာေတြက စစ္ေဘးေရွာင္ေတြရွိေသးတယ္။"

ဒုကၡသည္ေတြဟာ တိုက္ပြဲေတြနဲ႔ အိုးအိမ္မဲ့အေျခအေနေတြေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ပိုမ်ားလာသလို စိတ္ပိုင္းဆိုင္ရာ ကုစားေပးဖို႔ကလည္း လိုအပ္ေနၿပီလို႔ ကူညီသူေတြက ေျပာပါတယ္။ ေဒသတြင္းမွာ ေရရွည္ကူညီေပးေနတဲ့ ေဒသခံအဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးဖို႔ကို စစ္ေရွာင္ကူညီေနသူေတြက ေတာင္းဆိုထားပါတယ္။

ႏိုင္ငံတကာအဖြဲ႕အစည္းက လာတာေတာ့လာၾကတယ္။ One Stop Service ေပါ့ - သူတို႔လာရင္ ပစၥည္းေဝစရာရွိေဝၿပီး သူတို႔ျပန္သြားၾကတာေပါ့။ ႏိုင္ငံတကာအဖြဲ႕အစည္းကို အထူးသျဖင့္ ေမတၱာရပ္ခံခ်င္တာက လာတဲ့အခါက်ရင္ ေဒသခံလူမႈေရးလုပ္ေနသူေတြ၊ ပရဟိတလုပ္ေနတဲ့အဖြဲ႕ေတြနဲ႔ ေသခ်ာပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့။ သူတို႔လာၿပီးေဝသြား ၿပီးရင္ျပန္တယ္ဆိုေတာ့ ေနာက္ပိုင္းက ေဒသခံေတြကပဲ ဒီျပႆနာကို ဆက္ရွင္းေနရတာေပါ့။ အခုဟာက သူတို႔ပေရာဂ်က္တခုလာတယ္ ၿပီးရင္ ျပန္သြားတယ္။ ဒါေပမယ့္ စစ္ေရွာင္ေတြက မျပန္ႏိုင္ေသးေတာ့ မၿပီးဘူးေလ။ အဲဒီၾကားမွာ က်ေနာ္တို႔က လုပ္ရပိုခက္ခဲတယ္ဗ်။ WFP ကတဆင့္ေပးတဲ့ ဆန္ဆိုရင္ တႀကိမ္ပဲရွိေသးတယ္၊ အခုဆို မရတာေတာ္ေတာ္ၾကာၿပီ။ အထူးသျဖင့္ေပါ့။ ႏိုင္ငံတကာအဖြဲ႕အစည္းတို႔၊ UN တို႔ဆိုရင္လည္း ေပးမယ္ဆိုရင္ေတာ့ ထဲထဲဝင္ဝင္ ဘယ္လိုေပးၾကမလဲဆိုတဲ့ ေရရွည္ကူညီတဲ့အပိုင္းမွာ စဥ္းစားဖို႔ေတာ့ လိုအပ္ေနၿပီဗ်။"

ျမန္မာႏိုင္ငံမွာ ေနအိမ္စြန႔္ခြာထြက္ေျပးရသူ ၉ သိန္းေက်ာ္အပါအဝင္ ျပည္တြင္း အိုးမဲ့၊အိမ္မဲ့၊ ခိုကိုးရာမဲ့ ဒုကၡေရာက္ေနတဲ့သူ ၁ သန္း ၂ သိန္း ရွိသြားၿပီလို႔ မၾကာေသးခင္က ထုတ္ျပန္တဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈကူညီမႈ ညႇိ႔ႏိုင္းေရး႐ုံး UNOCHA ရဲ႕အစီရင္ခံစာမွာ ေဖၚျပပါတယ္။ ဒုကၡသည္အမ်ားအျပားဟာ ေရရွည္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲက အေထာက္အပ့ံေတြ မရဘဲ၊ ရပ္ရြာအတြင္း ပရဟိတၱအဖြဲ႕ေတြရဲ႕ အကူအညီနဲ႔ ျဖစ္သလို ေနေနရဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ အချိန်ကြာလာတာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်၊ နေထိုင်ရေးတို့မှာ ပိုအခက်တွေ့လာရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ဒေသခံတွေအချင်းအချင်း အပြန်အလှန် ထောက်ပံ့နေရတဲ့အခြေအနေကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု လိုအပ်နေပြီဆိုပြီး တောင်းဆိုနေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပါ့မယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တခုတည်းမှာတင် စစ်ရှောင်ဦးရေက ၁ သောင်းဝန်းကျင်ရှိနေပါသေးတယ်။ သူတို့ရဲ့ အခြေခံလိုအပ်ချက်ကို အချိန်မီဖြည့်တင်းပေးနိုင်ဖို့က အခက်တွေ့နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ ခွန်ကျော်ဆွေက ပြောပါတယ်။

"စစ်ဘေးရှောင်အတွက်ကတော့ အဓိကအခက်အခဲက စားနပ်ရိက္ခာပေါ့။ စားနပ်ရိက္ခာက ရေရှည်ဖြစ်တဲ့အခါကျတော့ တော်တော်ကြပ်တည်းကြတယ်ဗျ။ ဆေးဝါးလည်း ခက်ခဲတယ်ဗျ။ အခုက ဆီဆိုင်ဘက်မှာရောက်လာတဲ့ စစ်ဘေးရှောင်ကတော့ နိုင်ငံတကာအဖွဲ့အစည်း အလှူရှင်တွေက စားနပ်ရိက္ခာ ရေရှည်ပံ့ပိုးကူညီမှု မရှိတဲ့အခါကျတော့ လိုရင်လိုသလို အဲ့ကိစ္စဆောင်ရွက်ရတဲ့အခါကျတော့ ကျနော်တို့ဆိုရင် သူတို့အတွက် တလတခါ စားနပ်ရိက္ခာ စိတ်ပူရတဲ့အနေအထား ဖြစ်သွားတာပေါ့။ ဆေးဝါးလည်း အလှူရှင်ပါးတော့ တော်တော်ခက်ခဲတယ်။ နောက်ပြီး အဆောက်အဦးပိုင်းဆိုင်ရာလည်း အများကြီးဖြည့်ဆည်းဖို့ လိုတယ်။ အခုလည်း စားနပ်ရိက္ခာကတော့ မရသေးဘူး။ စာရင်းကောက်နေတုန်းပဲ ရှိသေးတယ်။ ရလား မရလား မသေချာဘူးဗျ။ အခုကျန်တာကတော့ ဒီးမော့ဆို၊ ဖရူဆို၊ နမ့်ဖယ်ခုံ၊ ကယားပြည်နယ်က တိုက်ပွဲဖြစ်တဲ့နေရာတွေက စစ်ဘေးရှောင်တွေရှိသေးတယ်။"

ဒုက္ခသည်တွေဟာ တိုက်ပွဲတွေနဲ့ အိုးအိမ်မဲ့အခြေအနေတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ပိုများလာသလို စိတ်ပိုင်းဆိုင်ရာ ကုစားပေးဖို့ကလည်း လိုအပ်နေပြီလို့ ကူညီသူတွေက ပြောပါတယ်။ ဒေသတွင်းမှာ ရေရှည်ကူညီပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ကို စစ်ရှောင်ကူညီနေသူတွေက တောင်းဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းက လာတာတော့လာကြတယ်။ One Stop Service ပေါ့ - သူတို့လာရင် ပစ္စည်းဝေစရာရှိဝေပြီး သူတို့ပြန်သွားကြတာပေါ့။ နိုင်ငံတကာအဖွဲ့အစည်းကို အထူးသဖြင့် မေတ္တာရပ်ခံချင်တာက လာတဲ့အခါကျရင် ဒေသခံလူမှုရေးလုပ်နေသူတွေ၊ ပရဟိတလုပ်နေတဲ့အဖွဲ့တွေနဲ့ သေချာပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့လာပြီးဝေသွား ပြီးရင်ပြန်တယ်ဆိုတော့ နောက်ပိုင်းက ဒေသခံတွေကပဲ ဒီပြဿနာကို ဆက်ရှင်းနေရတာပေါ့။ အခုဟာက သူတို့ပရောဂျက်တခုလာတယ် ပြီးရင် ပြန်သွားတယ်။ ဒါပေမယ့် စစ်ရှောင်တွေက မပြန်နိုင်သေးတော့ မပြီးဘူးလေ။ အဲဒီကြားမှာ ကျနော်တို့က လုပ်ရပိုခက်ခဲတယ်ဗျ။ WFP ကတဆင့်ပေးတဲ့ ဆန်ဆိုရင် တကြိမ်ပဲရှိသေးတယ်၊ အခုဆို မရတာတော်တော်ကြာပြီ။ အထူးသဖြင့်ပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတို့၊ UN တို့ဆိုရင်လည်း ပေးမယ်ဆိုရင်တော့ ထဲထဲဝင်ဝင် ဘယ်လိုပေးကြမလဲဆိုတဲ့ ရေရှည်ကူညီတဲ့အပိုင်းမှာ စဉ်းစားဖို့တော့ လိုအပ်နေပြီဗျ။"

မြန်မာနိုင်ငံမှာ နေအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော်အပါအဝင် ပြည်တွင်း အိုးမဲ့၊အိမ်မဲ့၊ ခိုကိုးရာမဲ့ ဒုက္ခရောက်နေတဲ့သူ ၁ သန်း ၂ သိန်း ရှိသွားပြီလို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုကူညီမှု ညှိ့နိုင်းရေးရုံး UNOCHA ရဲ့အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဒုက္ခသည်အများအပြားဟာ ရေရှည် နိုင်ငံတကာအဖွဲ့အစည်းတွေရဲက အထောက်အပံ့တွေ မရဘဲ၊ ရပ်ရွာအတွင်း ပရဟိတ္တအဖွဲ့တွေရဲ့ အကူအညီနဲ့ ဖြစ်သလို နေနေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG