သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းထဲက စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး


Sagaing / Sagine စစ္ကုိင္း

စစ္ကိုင္းတိုင္းေဒသႀကီးထဲက ဒီပဲယင္း၊ ခင္ဦးၿမိဳ႕နယ္ထဲက ေက်းရြာေတြအေပၚ စစ္ေကာင္စီက ေလေၾကာင္းန႔ဲ တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီေနရာေတြမွာ တိုက္ပြဲမရွိဘဲ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကနီၿမိဳ႕နယ္ ခ်င္းတြင္း ျမစ္ေဘးက ေက်းရြာကိုလည္း နယ္ေျမရွင္းလင္းေနတဲ့အတြက္ ေဒသခံေတြ တိမ္းေရွာင္ေနၾကရပါတယ္။ စစ္ကိုင္းတိုင္းထဲက ဒီလိုအေျခအေနေတြအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မသိဂီထိုက္ ကတင္ျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေညာင္ပုထိုးနဲ႔ မအံုးရြာေတြအေပၚ ဇူလိုင္ ၁၈ ရက္ တနလၤာေန႔ မနက္ပိုင္း စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္ပြားတာ မရွိဘဲ ရဟတ္ယာဥ္နဲ႔ ၁၀ မိနစ္ခန္႔ ပစ္ခတ္ၿပီး ျပန္လည္ထြက္ခါြသြားတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

“ဒီပဲယင္းမွာပစ္တာက ေညာင္ပုထိုးနဲ႔ မအံုးရြာနဲ႔ကိုပစ္တာ။ ပစ္တာက ေလယာဥ္နဲ႔ ၀င္ပစ္တာ MI35 နဲ႔ ၀င္ပစ္တာ။ ခန္႔မွန္းေျခ ၁၀ မိနစ္ ၀န္းက်င္ေလာက္ေတာ့ ၾကာမယ္။ ျပည္သူကို ဒုကၡေပးတဲ့ စစ္တပ္ဆိုေတာ့ ျပည္သူေတြ စုရံုးစုရံုးျမင္ေတာ့ ၀င္ပစ္တာေပါ့။ ဘာတိုက္ပြဲမွကို မရွိဘူး ဘလိုင္းႀကီး၀င္ပစ္သြားတာ။ (ရြာသားေတြက) ျပန္ၾကပါၿပီ။ စစ္ေၾကာင္းမရွိတဲ့အခါက်ေတာ့ ေ၀ဟင္ကျပန္ထြက္သြားေတာ့ ျပန္ၾကၿပီ ပစ္ေနတုန္းကေတာ့ ေျပးၾကလႊားၾကေပါ့။ ေ၀ဟင္ထြက္သြားေတာ့ ျပန္ကပ္ၾကပါၿပီ စစ္ေၾကာင္းလည္းမရွိေတာ့။”

စစ္ေကာင္စီက ေလေၾကာင္းကတိုက္ခိုက္တာေၾကာင့္ ေညာင္ပုထိုးေက်းရြာသားအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္ ၁၄ ရက္က စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းအေရွ႕ျခမ္းက ေက်းရြာေတြျဖစ္တဲ့ နမ်ား ၊ ယဥ္ေက်း၊ ေညာင္လွ စတဲ့ ေက်းရြာေတြအေပၚ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ခဲ့တာေၾကာင့္လည္း ေဒသခံေက်းရြာသားအခ်ိဳ႕ေသဆံုးတာေတြရွိခဲ့သလို ေသာင္းနဲ႔ခ်ီတဲ့ ေက်းရြာသားေတြ ေဘးလြတ္ရာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။ လက္ရွိအခ်ိန္မွာ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီက ေျမျပင္ကေန စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ ထိုးစစ္ဆင္ေနၿပီး ေ၀ဟင္ကေနပါ အင္အားျဖည့္တင္းၿပီး နယ္ေျမရွင္းလင္းတာေတြလုပ္ေနတာပါ။

အလားတူပဲ ေရဦးၿမိဳ႕နယ္နဲ႔ ပင္စိမ္းမင္း ေက်းရြာကိုလည္း စစ္ေကာင္စီက ဇူလိုင္ ၁၈ ရက္ မနက္ပိုင္းမွာ ေလေၾကာင္းကေန ပစ္ခတ္တာေတြ လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ခင္ဦးၿမိဳ႕နယ္အပိုင္ထဲကျဖစ္တဲ့ မံုလွ ရွားေတာ ငါးရံုႀကီး ေက်းရြာေတြကိုလည္း ေလေၾကာင္းကေန စစ္သားေတြခ်ၿပီး နယ္ေျမရွင္းလင္းတာေတြလုပ္တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ပင္စိမ္းမင္းရြာကိုစ၀င္တယ္။ ပင္စိမ္းမင္းရြာက ေရဦးၿမိဳ႕နယ္ထဲမွာပါတယ္။ ပင္စိမ္းမင္းရြာကိုစ၀င္လာၿပီးေတာ့ အေပၚကေန စက္လက္နက္ေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္ေတာ့တာေပါ့။ ရြာကို တရြာလံုး ပတ္ပတ္လည္ကို ပစ္ခတ္တာေပါ့။ ဒီေကာင္ေတြလာမွာဆိုတဲ့ သတင္းကလည္း ၾကားထားတဲ့အခါက်ေတာ့ ရြာကုိဒီအတိုင္းပဲ စက္လက္ေတြနဲ႔ အေပၚကေန ပစ္ခတ္တဲ့အခါက်ေတာ့ ျပည္သူျပည္သူျပည္သားေတြကေတာ့ တေယာက္မွ ထိခိုက္ဒဏ္ရာရတာေတာ့မရွိဘူးဗ်။ ေနာက္ တိယတစီးက ဆက္လာတယ္ေပါ့။ ဒုတိယတစီးက (ခင္ဦးၿမိဳ႕နယ္အပိုင္) က်ဥ္စုဆိုတဲ့ရြာကိုဆက္ၿပီးပစ္တယ္။ ေလယာဥ္ေပၚကေန လူ ၃၀ ေလာက္ စစ္ေကာင္စီက ခ်လိုက္တယ္။ ခ်ၿပီးမွ ေျမျပန္႔ၾကေတာ့မွ ဒီေကာင္ေတြက လိုက္ၿပီး ပစ္ခတ္တာေပါ့။ အိမ္ကိုလည္း မီးနဲ႔ရိႈ႕တယ္။ အကုန္လံုးကိုလည္း ဖ်က္စီးထားခဲ့တယ္။ အဲ့လူ ၃၀ က ဘယ္ေတြကို ပစ္ခတ္လည္းဆိုရင္ မံုလွစခန္းရယ္ မံုလွမွာရွိတဲ့ စခန္းငယ္ေလးေတြေပါ့။ ေတာက္ေလွ်ာက္အကုန္လိုက္ပစ္ခတ္တယ္။ မီးနဲ႔လည္းရိႈ႕တယ္။ ငါးရံုႀကီးရြာ ရွားေတာတို႔ ကလံုရြာတို႔ အဲ့ရြာေတြကို ပတ္ပတ္လည္ လိုက္ပစ္ခတ္တယ္။”

စစ္ေကာင္စီက ပစ္ခတ္မီးရိႈ႕တာေၾကာင့္ က်ဥ္စုရြာက ေနအိမ္ ၈ လံုးခန္႔ မီးေလာင္ကြ်မ္းခဲ့တယ္လို႔ သိရပါတယ္။ အခု ေလေၾကာင္းကေန ပစ္ခတ္ခံရတဲ့ ပင္စိမ္း ၊ က်ဥ္စု မံုလွ ငါးရံုႀကီး ကလံုစတဲ့ေက်းရြာေတြဟာ ေရဦးၿမိဳ႕နဲ႔ ခင္ဦးၿမိဳ႕ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ေနရာက ေက်းရြာေတြလည္းျဖစ္ပါတယ္။ ေလေၾကာင္းကေန ပစ္ခတ္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက တစံုတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ခ်င္းတြင္းျမစ္ထဲမွာလည္း ရိကၡာ လက္နက္ေတြ တင္ေဆာင္လာတဲ့ စစ္ေကာင္စီစက္ေလွေတြဟာ မံုရြာၿမိဳ႕ကေန ထြက္ခြါလာၿပီး ျမစ္အတိုင္း အထက္ကို ဆန္တက္လာတဲ့အတြက္ ခ်င္းတြင္းျမစ္ကမ္းတေလွ်ာက္ ေက်းရြာအမ်ားအျပားက ေဒသခံေတြဟာ တိမ္းေရွာင္ထြက္ေျပးၾကရပါတယ္။ ခ်င္းတြင္းျမစ္ထဲ သြားလာေနတဲ့ စစ္တပ္ေတြဟာ မၾကခဏ ရြာေတြဘက္ကို လာၿပီး ေနအိမ္ေတြကို မီး႐ႈိ႕ေနတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကတာပါ။ ဆန္တက္လာတဲ့ ျမစ္ရိုးအတြင္း အနီးအနားေက်းရြာေတြကို စက္ေလွေပၚကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။ ေဒသခံကာကြယ္ေရးတပ္ေတြကလည္း စစ္တပ္ စက္ေလွေတြကို မၾကာခဏ တိုက္ခိုက္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကနီမြို့နယ် ချင်းတွင်း မြစ်ဘေးက ကျေးရွာကိုလည်း နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒီလိုအခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မသိဂီထိုက် ကတင်ပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက ညောင်ပုထိုးနဲ့ မအုံးရွာတွေအပေါ် ဇူလိုင် ၁၈ ရက် တနင်္လာနေ့ မနက်ပိုင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ရဟတ်ယာဉ်နဲ့ ၁၀ မိနစ်ခန့် ပစ်ခတ်ပြီး ပြန်လည်ထွက်ခါွသွားတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ဒီပဲယင်းမှာပစ်တာက ညောင်ပုထိုးနဲ့ မအုံးရွာနဲ့ကိုပစ်တာ။ ပစ်တာက လေယာဉ်နဲ့ ဝင်ပစ်တာ MI35 နဲ့ ဝင်ပစ်တာ။ ခန့်မှန်းခြေ ၁၀ မိနစ် ဝန်းကျင်လောက်တော့ ကြာမယ်။ ပြည်သူကို ဒုက္ခပေးတဲ့ စစ်တပ်ဆိုတော့ ပြည်သူတွေ စုရုံးစုရုံးမြင်တော့ ဝင်ပစ်တာပေါ့။ ဘာတိုက်ပွဲမှကို မရှိဘူး ဘလိုင်းကြီးဝင်ပစ်သွားတာ။ (ရွာသားတွေက) ပြန်ကြပါပြီ။ စစ်ကြောင်းမရှိတဲ့အခါကျတော့ ဝေဟင်ကပြန်ထွက်သွားတော့ ပြန်ကြပြီ ပစ်နေတုန်းကတော့ ပြေးကြလွှားကြပေါ့။ ဝေဟင်ထွက်သွားတော့ ပြန်ကပ်ကြပါပြီ စစ်ကြောင်းလည်းမရှိတော့။”

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာကြောင့် ညောင်ပုထိုးကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ နများ ၊ ယဉ်ကျေး၊ ညောင်လှ စတဲ့ ကျေးရွာတွေအပေါ် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့်လည်း ဒေသခံကျေးရွာသားအချို့သေဆုံးတာတွေရှိခဲ့သလို သောင်းနဲ့ချီတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ လက်ရှိအချိန်မှာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ဝေဟင်ကနေပါ အင်အားဖြည့်တင်းပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတာပါ။

အလားတူပဲ ရေဦးမြို့နယ်နဲ့ ပင်စိမ်းမင်း ကျေးရွာကိုလည်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ခင်ဦးမြို့နယ်အပိုင်ထဲကဖြစ်တဲ့ မုံလှ ရှားတော ငါးရုံကြီး ကျေးရွာတွေကိုလည်း လေကြောင်းကနေ စစ်သားတွေချပြီး နယ်မြေရှင်းလင်းတာတွေလုပ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ပင်စိမ်းမင်းရွာကိုစဝင်တယ်။ ပင်စိမ်းမင်းရွာက ရေဦးမြို့နယ်ထဲမှာပါတယ်။ ပင်စိမ်းမင်းရွာကိုစဝင်လာပြီးတော့ အပေါ်ကနေ စက်လက်နက်တွေနဲ့ တောက်လျှောက်ပစ်ခတ်တော့တာပေါ့။ ရွာကို တရွာလုံး ပတ်ပတ်လည်ကို ပစ်ခတ်တာပေါ့။ ဒီကောင်တွေလာမှာဆိုတဲ့ သတင်းကလည်း ကြားထားတဲ့အခါကျတော့ ရွာကိုဒီအတိုင်းပဲ စက်လက်တွေနဲ့ အပေါ်ကနေ ပစ်ခတ်တဲ့အခါကျတော့ ပြည်သူပြည်သူပြည်သားတွေကတော့ တယောက်မှ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးဗျ။ နောက် တိယတစီးက ဆက်လာတယ်ပေါ့။ ဒုတိယတစီးက (ခင်ဦးမြို့နယ်အပိုင်) ကျဉ်စုဆိုတဲ့ရွာကိုဆက်ပြီးပစ်တယ်။ လေယာဉ်ပေါ်ကနေ လူ ၃၀ လောက် စစ်ကောင်စီက ချလိုက်တယ်။ ချပြီးမှ မြေပြန့်ကြတော့မှ ဒီကောင်တွေက လိုက်ပြီး ပစ်ခတ်တာပေါ့။ အိမ်ကိုလည်း မီးနဲ့ရှို့တယ်။ အကုန်လုံးကိုလည်း ဖျက်စီးထားခဲ့တယ်။ အဲ့လူ ၃၀ က ဘယ်တွေကို ပစ်ခတ်လည်းဆိုရင် မုံလှစခန်းရယ် မုံလှမှာရှိတဲ့ စခန်းငယ်လေးတွေပေါ့။ တောက်လျှောက်အကုန်လိုက်ပစ်ခတ်တယ်။ မီးနဲ့လည်းရှို့တယ်။ ငါးရုံကြီးရွာ ရှားတောတို့ ကလုံရွာတို့ အဲ့ရွာတွေကို ပတ်ပတ်လည် လိုက်ပစ်ခတ်တယ်။”

စစ်ကောင်စီက ပစ်ခတ်မီးရှို့တာကြောင့် ကျဉ်စုရွာက နေအိမ် ၈ လုံးခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ အခု လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ပင်စိမ်း ၊ ကျဉ်စု မုံလှ ငါးရုံကြီး ကလုံစတဲ့ကျေးရွာတွေဟာ ရေဦးမြို့နဲ့ ခင်ဦးမြို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာက ကျေးရွာတွေလည်းဖြစ်ပါတယ်။ လေကြောင်းကနေ ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ချင်းတွင်းမြစ်ထဲမှာလည်း ရိက္ခာ လက်နက်တွေ တင်ဆောင်လာတဲ့ စစ်ကောင်စီစက်လှေတွေဟာ မုံရွာမြို့ကနေ ထွက်ခွါလာပြီး မြစ်အတိုင်း အထက်ကို ဆန်တက်လာတဲ့အတွက် ချင်းတွင်းမြစ်ကမ်းတလျှောက် ကျေးရွာအများအပြားက ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေးကြရပါတယ်။ ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်တပ်တွေဟာ မကြခဏ ရွာတွေဘက်ကို လာပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြတာပါ။ ဆန်တက်လာတဲ့ မြစ်ရိုးအတွင်း အနီးအနားကျေးရွာတွေကို စက်လှေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်တွေကလည်း စစ်တပ် စက်လှေတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

XS
SM
MD
LG