မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ၂၀၁၀ ပြည့်နှစ်တုန်းက ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တဲ့ snub-nosed မျောက်နှာလန် အမျိုးအစားကို ၄ နှစ်အကြာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ထပ်မံ တွေ့ရှိခဲ့ကြပါတယ်။
ကောင်ရေ ၂၀၀ ကနေ ၃၀၀ လောက်သာ ကျန်တော့တယ်လို့ ခန့်မှန်းထားတဲ့ ရှားပါး မျောက်နှာလန်တွေ သဘာဝအတိုင်း တောတွင်းမှာ ကျင်လည် ကျက်စားနေတာတွေကိုတော့ ဗွီဒီယိုနဲ့ မှတ်တမ်းတင်နိုင်တာကတော့ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့ Fauna and Flora International (FFI) ကတော့ တွေ့ရှိချက် အသစ်က ရှားပါးမျောက်မျိုးစိတ်တွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် သတင်းကောင်းတခုလို့ ပြောဆိုခဲ့တာပါ။
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက တရားမဝင် သစ်ခုတ်လှဲမှုတွေ၊ ရှားပါး မျောက်တွေရဲ့ အရိုးတွေဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဝယ်ယူနေတာတွေက မျိုးတုန်းမယ့် အခြေအနေတွေကို ဖန်တီးနေတယ်လို့လည်း သတိပေးပါတယ်။
ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေဟာလည်း ရှားပါးမျောက်မျိုးစိတ်တွေ ပျောက်ကွယ်စေတဲ့ ခြိမ်းခြောက်မှု တခုအဖြစ်နဲ့လည်း (FFI) အဖွဲ့က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိပြီး ဇီဝမျိုးကွဲတွေရှိရာ အီမောဘွန်း တောင်တန်းဒေသကို အမျိုးသားဥယျာဉ်အဖြစ် တရားဝင် သတ်မှတ် ဖန်တီးနိုင်မယ်ဆိုရင်တော့ ရှားပါးတိရစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်မယ့် အဖြစ်မျိုးကို ရှောင်ရှားနိုင်လိမ့်မယ်လို့လည်း တိုက်တွန်းခဲ့ကြပါတယ်။