သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာျပည္က မြတ္ဆလင္ ၂,၀၀၀ ျပန္ပို႔မယ္လို႔ တ႐ုတ္အေၾကာင္းၾကား


ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕က တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ (ဇန္နဝါရီ ၁၂၊ ၂၀၁၉ )

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံထဲမွာ အလုပ္လုပ္ေနၾကတဲ့ မြတ္စလင္ ၂,၀၀၀ ကို ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးဖို႔စီစဥ္ေနတယ္လို႔ တ႐ုတ္ယူနန္အာဏာပိုင္ေတြက ျမန္မာဘက္ကို အေၾကာင္းၾကားစာ ေပးပို႔လိုက္ပါတယ္။ ျမန္မာဘက္က တာဝန္ရွိသူေတြကေတာ့ ျပန္ပို႔ မယ့္သူေတြရဲ႕ အခ်က္အလက္ေတြကို အရင္ဆုံးစိစစ္ခြင့္ေပးဖို႔ တ႐ုတ္ဘက္ကို အေၾကာင္းျပန္ၾကားထားပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံဘက္ကေန တ႐ုတ္ႏိုင္ငံထဲမွာ အလုပ္သြားလုပ္ေနၾကသူေတြထဲမွာ ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္က မြတ္ဆလင္ေတြလည္း ပါပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံထဲ အလုပ္မရွိေတာ့သူေတြကို တ႐ုတ္အစိုးရက ေနရပ္ျပန္ဖို႔ ဖိအားေပးေနသလို ျပန္ပို႔တာေတြလည္းရွိေနပါတယ္။ ဒီလိုအေျခအေနမွာပဲ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ထဲမွာရွိေနတဲ့ ျမန္မာႏိုင္ငံက မြတ္ဆလင္ ၂,၀၀၀ ကို ျပန္ၿပီးလႊဲေျပာင္းေပးမယ္လို႔ မူဆယ္ၿမိဳ႕မွာရွိတဲ့ ျမန္မာတာဝန္ရွိသူေတြထံကို တ႐ုတ္ဘက္က ဒီရက္ပိုင္းထဲမွာ အေၾကာင္းၾကားခဲ့ပါတယ္။ ဒါဟာ တ႐ုတ္ဘက္ ကေန အလုံးအရင္းနဲ႔ ျပန္ပို႔ဖို႔ စီစဥ္တာ ပထမဆုံးျဖစ္ပါတယ္။ ေနရပ္ျပန္ဖို႔ဆႏၵရွိသူေတြကို ျပန္ပို႔မွာျဖစ္တယ္လို႔ေတာ့ တ႐ုတ္ဘက္ကေပးပို႔တဲ့စာထဲမွာ ေရးသားထားပါတယ္။ ျပန္ပို႔မယ့္သူေတြနဲ႔ပတ္သက္လို႔ အခ်က္အလက္ေတြကို အရင္ဦးဆုံး စစ္ေဆးခြင့္ေပးဖို႔ ျမန္မာဘက္က တ႐ုတ္အာဏာပိုင္ေတြကို အေၾကာင္းျပန္ထားေၾကာင္း မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္လင္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ကိုယ့္ႏိုင္ငံသားမွန္တယ္ဆိုရင္ ႏိုင္ငံသားမွန္တဲ့သူေတြကို ကိုယ့္ႏိုင္ငံက ျပန္လည္လက္ခံမယ္၊ ႏိုင္ငံသား မမွန္တဲ့သူေတြကိုေတာ့ လက္ခံလို႔ အဆင္မေျပဘူး။ သူတို႔ကေတာ့ မြတ္ဆလင္ ၂,၀၀၀ ခန႔္ ျမန္မာႏိုင္ငံကို ျပန္ခ်င္တယ္ဆိုၿပီး.... က်ေနာ္တို႔ကေတာ့ လႊဲခ်င္တယ္ဆိုရင္လႊဲ သက္ဆိုင္ရာ လဝကနဲ႔ ဆက္သြယ္၊ လဝက,ကေန သူတို႔စိစစ္မယ္၊ စိစစ္လို႔ မွန္တဲ့အပိုင္းရွိတယ္ဆိုရင္ က်ေနာ္တို႔လက္ခံမယ္။ မမွန္တဲ့သူကိုေတာ့ လႊဲမေပးနဲ႔။ ဒါ လဝကရဲ႕ ေဆာင္႐ြက္ရမယ့္ အပိုင္း ျဖစ္ပါတယ္။”

သူတို႔ရဲ႕ နာမည္စာရင္းနဲ႔ အခ်က္အလက္ေတြကိုပို႔ေပးမွပဲ လူစစ္ေဆးတာ၊ ျပန္ၿပီးလက္ခံတာ၊ လက္မခံတာ စတဲ့လူဝင္မႈႀကီးၾကပ္ေရးအပိုင္းက ကိစၥေတြကို တ႐ုတ္ ဘက္ကို အေၾကာင္းျပန္ထားေၾကာင္း မူဆယ္ၿမိဳ႕နယ္ လဝက,က တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ သုံးပတ္ေလာက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း မုံးကိုးနဲ႔ ပန္ဆိုင္းၿမိဳ႕နယ္ၾကားမွာရွိတဲ့ နယ္စပ္လမ္းကေန မြတ္ဆလင္အေယာက္ ၁၀၀ ေက်ာ္ကို တ႐ုတ္က ျမန္မာဘက္ကို အသိမေပးဘဲ ပို႔ေဆာင္ခဲ့ပါတယ္။ ဒီကိစၥကို ပန္ဆိုင္းရဲစခန္းက အခုအထိ စိစစ္ေနေၾကာင္း ရွမ္းေျမာက္ပိုင္းက ပရဟိတအဖြဲ႔တခုက ဗြီအိုေအကို ေျပာပါတယ္။

“ဟိုဘက္ကေနၿပီးေတာ့ တရားမဝင္လမ္းေၾကာင္းကေန ျပန္လႊတ္လိုက္တဲ့ မြတ္ဆလင္ ၁၀၀ ေက်ာ္ကို ပန္ဆိုင္းရဲစခန္းက ဖမ္းလိုက္တယ္။ အဲဒီေတာ့ ထိန္းသိမ္းၿပီး စိစစ္တဲ့အခါက်ေတာ့ ဘာသြားေတြ႔လဲဆိုေတာ့ တခ်ိဳ႕က ျမန္မာႏိုင္ငံသားမွန္တဲ့ အေထာက္အထား ရွိတယ္တဲ့။ တခ်ိဳ႕ကေတာ့ အေထာက္အထား မရွိပါဘူးဆိုၿပီး ဒီလိုသြားေတြ႔တာ ရွိတာေပါ့ေနာ္။ တရားမဝင္လမ္းေၾကာင္းကေန သူတို႔က ျပန္လႊတ္ တာ၊ ဟင္မိုးတုံ႐ြာနဲ႔ မုံကိုးၾကားေပါ့ေနာ္၊ အဲဒီေနရာကေနပို႔တာ။ ျပန္လႊတ္လိုက္တာေပါ့ဗ်ာ။ မင္းတို႔ျပန္ေတာ့ဆိုတဲ့ ပုံစံမ်ိဳးေပါ့။ အခုလည္း အဲဒီကိစၥက မၿပီးျပတ္ေသးဘူးနဲ႔ တူပါတယ္။”

ဒီကိစၥျဖစ္ၿပီးတဲ့ေနာက္မွာ တ႐ုတ္အာဏာပိုင္ေတြက ျမန္မာဘက္ကို မြတ္ဆလင္ ၂,၀၀၀ ျပန္လႊဲေပးမယ္ဆိုၿပီး စာနဲ႔တရားဝင္ အသိေပးလာတာလို႔ သူကေျပာပါတယ္။ တ႐ုတ္ႏိုင္ငံထဲမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ မြတ္ဆလင္အမ်ားစုဟာ အလုပ္အကိုင္အဆင္ေျပၾကတဲ့အျပင္ တခ်ိဳ႕ဆိုရင္ လုပ္ငန္းပိုင္ဆိုင္မႈေတြလည္း ရွိၾကပါတယ္။ အခုတ႐ုတ္အာဏာပိုင္ေတြဘက္က မြတ္ဆလင္ ၂၀၀၀ ကို ျမန္မာႏိုင္ငံ ျပန္ပို႔မယ္လို႔ ေျပာထားတဲ့ထဲမွာ ဘယ္လိုသူေတြကို ျပန္ပို႔မွာလဲဆိုတာေတာ့ အတိအက် မရွင္းလင္းေသးပါဘူး။

ကိုဗစ္ကပ္ေရာဂါစတင္ခဲ့ၿပီးေနာက္ တ႐ုတ္မွာ အလုပ္အဆင္မေျပလို႔ ျမန္မာႏိုင္ငံဘက္ ျပန္လာတဲ့သူက ၆ လအတြင္းမွာ ၂၀,၀၀၀ ေက်ာ္ရွိပါတယ္။ တ႐ုတ္ျပည္ ကေန တရားဝင္လႊဲေျပာင္းေပးေနတဲ့ ျမန္မာႏိုင္ငံသားက တရက္ကို အေယာက္ ၁၅၀ ေလာက္ရွိၿပီး အမ်ားစုက ကခ်င္၊ ရွမ္း၊ ရခိုင္၊ ဗမာေတြပါ။ အခု မြတ္ဆလင္ ၂,၀၀၀ ကိုတစုတေဝးတည္း လႊဲေျပာင္းေပးမယ္လို႔ တ႐ုတ္ဘက္က အသိေပးလာတာက ထူးျခားေနတယ္လို႔ ရွမ္းေျမာက္အေျခစိုက္ ပရဟိတအဖြဲ႔တခ်ိဳ႕ က ေျပာပါတယ္။

သတင္းေတြ အမ်ိဳးမ်ိဳးၾကားေနရတဲ့အတြက္ စိုးရိမ္မႈေတာ့ ရွိေနတယ္လို႔ ယူနန္ျပည္နယ္ထဲက မြတ္ဆလင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

“သိတဲ့သူေတြေတာ့ သိတယ္၊ အကုန္လုံးေတာ့ မသိၾကဘူး။ ဒါေပမဲ့ အခုဆိုရင္ေတာ့ သိေလာက္ၿပီ။ ဒီမွာေတာ့ ေျပာမယ္ဆိုရင္ေတာ့ အခက္အခဲေတြေတာ့ အမ်ားႀကီး ေက်ာ္ျဖတ္ရတာေပါ့။ ဘာျဖစ္လို႔ဆိုေတာ့ သတင္းေတြကလည္း အဲလိုမ်ိဳးေတြ ၾကားရတယ္ေလ ေနာက္ၿပီးသူတို႔ကလည္း တရားဝင္ ေၾကညာထားသလို ျဖစ္ေနတာေလ။”

တ႐ုတ္ဟာ ကပ္ေရာဂါအေၾကာင္းျပဳၿပိး ျမန္မာနဲ႔နယ္စပ္ကုန္သြယ္ေရးကို လိုသလိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတယ္လို႔ ျမန္မာကုန္သည္ေတြက သူတို႔အျမင္ကို ေျပာပါတယ္။ ဒါ့အျပင္ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ နယ္စပ္ကုန္သြယ္ေရးအကန႔္အသတ္ေတြတိုးလာလာတာေၾကာင့္ ဒါဟာ ႏိုင္ငံေရးဖိအားျဖစ္ဖြယ္ရွိတယ္ဆိုၿပီး ကုန္သည္တခ်ိဳ႕က ယူဆၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာပြည်က မွတ်ဆလင် ၂,၀၀၀ ပြန်ပို့မယ်လို့ တရုတ်အကြောင်းကြား

တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ မွတ်စလင် ၂,၀၀၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ပေးဖို့စီစဉ်နေတယ်လို့ တရုတ်ယူနန်အာဏာပိုင်တွေက မြန်မာဘက်ကို အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။ မြန်မာဘက်က တာဝန်ရှိသူတွေကတော့ ပြန်ပို့ မယ့်သူတွေရဲ့ အချက်အလက်တွေကို အရင်ဆုံးစိစစ်ခွင့်ပေးဖို့ တရုတ်ဘက်ကို အကြောင်းပြန်ကြားထားပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်နေကြသူတွေထဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က မွတ်ဆလင်တွေလည်း ပါပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံထဲ အလုပ်မရှိတော့သူတွေကို တရုတ်အစိုးရက နေရပ်ပြန်ဖို့ ဖိအားပေးနေသလို ပြန်ပို့တာတွေလည်းရှိနေပါတယ်။ ဒီလိုအခြေအနေမှာပဲ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံက မွတ်ဆလင် ၂,၀၀၀ ကို ပြန်ပြီးလွှဲပြောင်းပေးမယ်လို့ မူဆယ်မြို့မှာရှိတဲ့ မြန်မာတာဝန်ရှိသူတွေထံကို တရုတ်ဘက်က ဒီရက်ပိုင်းထဲမှာ အကြောင်းကြားခဲ့ပါတယ်။ ဒါဟာ တရုတ်ဘက် ကနေ အလုံးအရင်းနဲ့ ပြန်ပို့ဖို့ စီစဉ်တာ ပထမဆုံးဖြစ်ပါတယ်။ နေရပ်ပြန်ဖို့ဆန္ဒရှိသူတွေကို ပြန်ပို့မှာဖြစ်တယ်လို့တော့ တရုတ်ဘက်ကပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။ ပြန်ပို့မယ့်သူတွေနဲ့ပတ်သက်လို့ အချက်အလက်တွေကို အရင်ဦးဆုံး စစ်ဆေးခွင့်ပေးဖို့ မြန်မာဘက်က တရုတ်အာဏာပိုင်တွေကို အကြောင်းပြန်ထားကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ ကိုယ့်နိုင်ငံသားမှန်တယ်ဆိုရင် နိုင်ငံသားမှန်တဲ့သူတွေကို ကိုယ့်နိုင်ငံက ပြန်လည်လက်ခံမယ်၊ နိုင်ငံသား မမှန်တဲ့သူတွေကိုတော့ လက်ခံလို့ အဆင်မပြေဘူး။ သူတို့ကတော့ မွတ်ဆလင် ၂,၀၀၀ ခန့် မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုပြီး.... ကျနော်တို့ကတော့ လွှဲချင်တယ်ဆိုရင်လွှဲ သက်ဆိုင်ရာ လဝကနဲ့ ဆက်သွယ်၊ လဝက,ကနေ သူတို့စိစစ်မယ်၊ စိစစ်လို့ မှန်တဲ့အပိုင်းရှိတယ်ဆိုရင် ကျနော်တို့လက်ခံမယ်။ မမှန်တဲ့သူကိုတော့ လွှဲမပေးနဲ့။ ဒါ လဝကရဲ့ ဆောင်ရွက်ရမယ့် အပိုင်း ဖြစ်ပါတယ်။”

သူတို့ရဲ့ နာမည်စာရင်းနဲ့ အချက်အလက်တွေကိုပို့ပေးမှပဲ လူစစ်ဆေးတာ၊ ပြန်ပြီးလက်ခံတာ၊ လက်မခံတာ စတဲ့လူဝင်မှုကြီးကြပ်ရေးအပိုင်းက ကိစ္စတွေကို တရုတ် ဘက်ကို အကြောင်းပြန်ထားကြောင်း မူဆယ်မြို့နယ် လဝက,က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်လောက်က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ပန်ဆိုင်းမြို့နယ်ကြားမှာရှိတဲ့ နယ်စပ်လမ်းကနေ မွတ်ဆလင်အယောက် ၁၀၀ ကျော်ကို တရုတ်က မြန်မာဘက်ကို အသိမပေးဘဲ ပို့ဆောင်ခဲ့ပါတယ်။ ဒီကိစ္စကို ပန်ဆိုင်းရဲစခန်းက အခုအထိ စိစစ်နေကြောင်း ရှမ်းမြောက်ပိုင်းက ပရဟိတအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

“ဟိုဘက်ကနေပြီးတော့ တရားမဝင်လမ်းကြောင်းကနေ ပြန်လွှတ်လိုက်တဲ့ မွတ်ဆလင် ၁၀၀ ကျော်ကို ပန်ဆိုင်းရဲစခန်းက ဖမ်းလိုက်တယ်။ အဲဒီတော့ ထိန်းသိမ်းပြီး စိစစ်တဲ့အခါကျတော့ ဘာသွားတွေ့လဲဆိုတော့ တချို့က မြန်မာနိုင်ငံသားမှန်တဲ့ အထောက်အထား ရှိတယ်တဲ့။ တချို့ကတော့ အထောက်အထား မရှိပါဘူးဆိုပြီး ဒီလိုသွားတွေ့တာ ရှိတာပေါ့နော်။ တရားမဝင်လမ်းကြောင်းကနေ သူတို့က ပြန်လွှတ် တာ၊ ဟင်မိုးတုံရွာနဲ့ မုံကိုးကြားပေါ့နော်၊ အဲဒီနေရာကနေပို့တာ။ ပြန်လွှတ်လိုက်တာပေါ့ဗျာ။ မင်းတို့ပြန်တော့ဆိုတဲ့ ပုံစံမျိုးပေါ့။ အခုလည်း အဲဒီကိစ္စက မပြီးပြတ်သေးဘူးနဲ့ တူပါတယ်။”

ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ တရုတ်အာဏာပိုင်တွေက မြန်မာဘက်ကို မွတ်ဆလင် ၂,၀၀၀ ပြန်လွှဲပေးမယ်ဆိုပြီး စာနဲ့တရားဝင် အသိပေးလာတာလို့ သူကပြောပါတယ်။ တရုတ်နိုင်ငံထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မွတ်ဆလင်အများစုဟာ အလုပ်အကိုင်အဆင်ပြေကြတဲ့အပြင် တချို့ဆိုရင် လုပ်ငန်းပိုင်ဆိုင်မှုတွေလည်း ရှိကြပါတယ်။ အခုတရုတ်အာဏာပိုင်တွေဘက်က မွတ်ဆလင် ၂၀၀၀ ကို မြန်မာနိုင်ငံ ပြန်ပို့မယ်လို့ ပြောထားတဲ့ထဲမှာ ဘယ်လိုသူတွေကို ပြန်ပို့မှာလဲဆိုတာတော့ အတိအကျ မရှင်းလင်းသေးပါဘူး။

ကိုဗစ်ကပ်ရောဂါစတင်ခဲ့ပြီးနောက် တရုတ်မှာ အလုပ်အဆင်မပြေလို့ မြန်မာနိုင်ငံဘက် ပြန်လာတဲ့သူက ၆ လအတွင်းမှာ ၂၀,၀၀၀ ကျော်ရှိပါတယ်။ တရုတ်ပြည် ကနေ တရားဝင်လွှဲပြောင်းပေးနေတဲ့ မြန်မာနိုင်ငံသားက တရက်ကို အယောက် ၁၅၀ လောက်ရှိပြီး အများစုက ကချင်၊ ရှမ်း၊ ရခိုင်၊ ဗမာတွေပါ။ အခု မွတ်ဆလင် ၂,၀၀၀ ကိုတစုတဝေးတည်း လွှဲပြောင်းပေးမယ်လို့ တရုတ်ဘက်က အသိပေးလာတာက ထူးခြားနေတယ်လို့ ရှမ်းမြောက်အခြေစိုက် ပရဟိတအဖွဲ့တချို့ က ပြောပါတယ်။

သတင်းတွေ အမျိုးမျိုးကြားနေရတဲ့အတွက် စိုးရိမ်မှုတော့ ရှိနေတယ်လို့ ယူနန်ပြည်နယ်ထဲက မွတ်ဆလင်တချို့က ဗွီအိုအေကို ပြောပါတယ်။

“သိတဲ့သူတွေတော့ သိတယ်၊ အကုန်လုံးတော့ မသိကြဘူး။ ဒါပေမဲ့ အခုဆိုရင်တော့ သိလောက်ပြီ။ ဒီမှာတော့ ပြောမယ်ဆိုရင်တော့ အခက်အခဲတွေတော့ အများကြီး ကျော်ဖြတ်ရတာပေါ့။ ဘာဖြစ်လို့ဆိုတော့ သတင်းတွေကလည်း အဲလိုမျိုးတွေ ကြားရတယ်လေ နောက်ပြီးသူတို့ကလည်း တရားဝင် ကြေညာထားသလို ဖြစ်နေတာလေ။”

တရုတ်ဟာ ကပ်ရောဂါအကြောင်းပြုပြိး မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေးကို လိုသလိုထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာကုန်သည်တွေက သူတို့အမြင်ကို ပြောပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးအကန့်အသတ်တွေတိုးလာလာတာကြောင့် ဒါဟာ နိုင်ငံရေးဖိအားဖြစ်ဖွယ်ရှိတယ်ဆိုပြီး ကုန်သည်တချို့က ယူဆကြပါတယ်။

#MyanmarChinaBorder #MyanmarMigrants #MyanmarMuslimChina #VOABurmese

#မြန်မာမွတ်ဆလင် #တရုတ်နယ်စပ်မူဆယ် #ယူနယ် #ဗွီအိုအေ #လဝက #ဗွီအိုအေ

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG