သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်မှာ တရားမဝင်နိုင်ငံသားသခံယူထားတဲ့ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးခံရ


တရားမဝင် အထောက်အထားတွေနဲ့ နီပေါလ်နိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ နီပေါလ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ခတ္တမန္ဒူမြို့ Sarlahi အရပ်မှာ နီပေါလ်နိုင်ငံသားတဦးအဖြစ်နဲ့ နေထိုင်နေတဲ့ အသက် ၃၉ နှစ်အရွယ် Mohammad Nur Alam ဆိုသူကို ခတ္တမန္ဒူတောင်ကြားဒေသ မှုခင်းစုံစမ်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးမိလိုက်တာဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ နီပေါလ်ရဲတပ်ဖွဲ့အရာရှိ Krishna Prasad Koirala ပြောတာကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ၂၀၁၂ ခုနှစ်မှာ ရောက်လာတဲ့ အဲဒီ Mohammad Nur Alam ဟာ Sarlahi ဒေသမှာရှိတဲ့ Madrasa မွတ်ဆလင်ဘာသာရေးကျောင်းမှာ ကျောင်းဆရာအဖြစ် စာသင်နေရာက တရားမဝင် အထောက်အထားတွေနဲ့ နီပေါလ်နိုင်ငံသားအဖြစ် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။ သူ့ထံမှာ နီပေါလ် နိုင်ငံကူးလက်မှတ်လည်း ရှိတယ်လို့ ဆိုပါတယ်။

သူ့ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးဖို့ ခတ္တမန္ဒူမြို့ ရဲစခန်းကို အကြောင်းကြားထားပြီး တရားမဝင် အထောက်အထားနဲ့ နိုင်ငံသားအဖြစ် လိမ်လည် လျှောက်ထားမှု၊ အစိုးရစာရွက်စာတမ်းတွေကို အလွဲသုံးစားလုပ်ဆောင်မှုတွေစတဲ့ စွဲချက်တွေနဲ့ အရေးယူခံရနိုင်တယ်လို့ ရဲအရာရှိ Krishna Prasad Koirala က ပြောပါတယ်။

==== Unicode =====





XS
SM
MD
LG