သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေတပ် အကြီးဆုံးသင်္ဘောသစ် ရုရှားမှာ တထောက်နား


ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့တွင် ဆိုက်ကပ်ထားသည့် မုတ္တမစစ်သင်္ဘော။ (နိုဝင်ဘာ ၂၊ ၂၀၁၉။ ဓာတ်ပုံ - VL.RU)
ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့တွင် ဆိုက်ကပ်ထားသည့် မုတ္တမစစ်သင်္ဘော။ (နိုဝင်ဘာ ၂၊ ၂၀၁၉။ ဓာတ်ပုံ - VL.RU)

(Zawgyi / Unicode)

တောင်ကိုရီးယားနိုင်ငံ DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘော တစင်းဟာ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို လာနေတဲ့ လမ်းတလျှောက် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က ခရီးတထောက် ရပ်နားခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။

အခုလို ရပ်နားရတာဟာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား စစ်တပ်ချင်း ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်တယ်လို့ “မုတ္တမ” စစ်ရေယာဉ်ပေါ် တာဝန်ယူ လိုက်ပါလာတဲ့ မြန်မာရေတပ် ကပ္ပတိန် သိန်းသာက ရုရှားမီဒီယာကို ပြောပါတယ်။

“မုတ္တမ” စစ်သင်္ဘောဟာ ရေပြင်မှာရော ကမ်းတက်တပ်အတွက်ပါ သုံးနိုင်မယ့် (Landing Platform Dock) LPD အမျိုးအစား စစ်သင်္ဘောဖြစ်ပြီး DAE SUN ကုမ္ပဏီက ဆောက်လုပ်ပေးဖို့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အလုပ်စအပ်ခဲ့တာ ဖြစ်နိုင်ပေမယ့် ၂၀၁၉ ဇူလိုင်လထဲ Busan မှာ လုပ်ငန်းစတင်တော့မှ လူအများ သိခဲ့ရပါတယ်။ ဒီစစ်သင်္ဘောကို စက်တင်ဘာလထဲ ပေးအပ်ခဲ့တာပါ။

ဒီစစ်သင်္ဘော ဒီဇိုင်းကတော့ အင်ဒိုနီးရှားရေတပ်အတွက် တောင်ကိုရီးယားက တည်ဆောက်ပေးတဲ့ Makassar အမျိုးအစားအတိုင်းဖြစ်ပြီး အမြင်အားဖြင့်တော့ ဖိလစ်ပိုင်ရေတပ်မှာသုံးတဲ့ Tarlak အမျိုးအစားနဲ့ ဆင်တူနေတယ်လို့ ဆိုပါတယ်။ Makassar စစ်သင်္ဘောတွေကို ၁၀ စင်းအထိ တောင်ကိုရီးယားက တည်ဆောက်ခဲ့ပြီး အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ်ပိုင်နဲ့ အခုတခေါက် မြန်မာအတွက် ဖြစ်ပါတယ်။

“မုတ္တမ” စစ်သင်္ဘောဟာ ပေ ၄၀၀ ရှည်ပြီး ၇၄ ပေအကျယ်ရှိကာ တန်ချိန် ၁၁,၀၀၀ ကျော် ရှိပါတယ်။ ဒီသင်္ဘောဟာ ကမ်းပြန်မကပ်ဘဲ ပင်လယ်ပြင်မှာ တလနေပြီး ရေမိုင် ၈၆၀၀ အထိ သွားနိုင်မှာ ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက်ရော၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေမှာပါ အသုံးပြုနိုင်ပြီး ရေယာဉ်ပေါ် ရဟတ်ယာဉ် ၂ စင်း ဆင်းသက်နိုင်ပါတယ်။ မြန်မာ့ရေတပ်က ပိုင်ဆိုင်တဲ့ စစ်သင်္ဘောအုပ်စုထဲမှာတော့ ဒီသင်္ဘောဟာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

----------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG