သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အမည်စာရင်း ထွက်ပြီ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်

ဧပြီလ ၁ ရက်နေ့မှာ အုပ်ချုပ်ရေးအာဏာတွေကို စတင် တာဝန်ယူတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ခန့်အပ်မယ့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေရဲ့ ဝန်ကြီးချုပ် (၁၄) ဦးရဲ့အမည်စာရင်းတွေ မတ်လ ၂၇ ရက်နေ့ညက ထွက်လာပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လှည်းကူး မဲဆန္ဒနယ် (၂) က ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမရပူရ မဲဆန္ဒနယ် (၁) က ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ပွင့်ဖြူ မဲဆန္ဒနယ် (၁) က ဒေါက်တာ အောင်မိုးညို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွ မဲဆန္ဒနယ် (၂) က ဦးညီပု၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရွှေဘို မဲဆန္ဒနယ် (၂) က ဒေါက်တာ မြင့်နိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုး မဲဆန္ဒနယ် (၁) က ဒေါက်တာ လင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကျုံပျော် မဲဆန္ဒနယ် (၂) က ဦးမန်းဂျော်နီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဖားအံ မဲဆန္ဒနယ် (၁) က ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနား မဲဆန္ဒနယ် (၁) က ဒေါက်တာ ခက်အောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် မယ်စဲ့ မဲဆန္ဒနယ် (၂) က ဦးအယ်လ်ဖောင်းရှိ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဖလမ်း မဲဆန္ဒနယ် (၂) က ဦးဆလိုင်းလျန်လွယ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သရက်ချောင်း မဲဆန္ဒနယ် (၁) က ဒေါက်တာလဲ့လဲမော်၊ မဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရေတာရှည် မဲဆန္ဒနယ် (၂) က ဦးဝင်းသိန်းနဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဘီးလင်း မဲဆန္ဒနယ် (၂) က ဦးမင်းမင်းဦး၊ တို့ ဖြစ်ကြပါတယ်။

အခု အမည်စာရင်း တင်သွင်းထားတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ အားလုံးဟာ NLD ပါတီဝင်တွေ ဖြစ်ကြပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ဦးထင်ကျော်က ပေးပို့လိုက်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော် ဥက္ကဋ္ဌတွေက ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ဖတ်ကြား တင်သွင်းပြီး တနေ့ထဲမှာပဲ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်တွေအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို ဧပြီလ ၁ ရက်နေ့မတိုင် ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG