သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အစည်းအဝေးများ ဇန်နဝါရီ ၃၁ တွင် ကျင်းပတော့မည်


လွှတ်တော်အစည်းအဝေးများ ဇန်နဝါရီ ၃၁ တွင် ကျင်းပတော့မည်
လွှတ်တော်အစည်းအဝေးများ ဇန်နဝါရီ ၃၁ တွင် ကျင်းပတော့မည်

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ကျရင် အဓိက လွှတ်တော် ၂ ရပ်ကို စတင် ခေါ်ယူမယ်လို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။

စစ်အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ၃ လနီးပါး အကြာမှာ ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရရုပ်သံက ဒီနေ့ ကြေညာသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရ တာဝန်ယူထားကြသူတွေ၊ အစိုးရ ကျောထောက်နောက်ခံ ပေးထားကြသူတွေ ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ အများစုနဲ့ အနိုင်ရထားပါတယ်။

တခြား အနည်းစု အနိုင်ရထားတဲ့ ပါတီတွေက လွှတ်တော်ထဲရောက်ရင် ဥပဒေကြမ်းတွေကို တင်ပြဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြပေမဲ့ တကယ့်လက်တွေ့မှာ ဥပဒေပြုနိုင်မယ့် မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ အုပ်ချုပ်ရေး ပုံစံအသစ် ထွက်ပေါ်လာဖို့ ရှိပေမဲ့လည်း စစ်အစိုးရ ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်နေရာ ၂၅% ကို ထိန်းချုပ်ထားမှာ ဖြစ်သလို လက်ရှိ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ထားတဲ့ နိုင်ငံရေးပါတီက အသာရထားတယ် ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ထူးထူးခြားခြား အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါ့မလား ဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG