သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း ငလျင်ကြောင့် ပုဂံဘုရားတွေ ပြိုကျ


မကွေးတိုင်း ချောက်မြို့ အနီးမှာ ဗဟိုပြုပြီး အင်အား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိသလို ပုဂံဘုရားတွေလည်း ပြိုကျခဲ့ပါတယ်။ ငလျင်ဗဟိုပြုရာ ချောက်မြို့နယ်တွင်းမှာလည်း ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

မကွေးတိုင်း၊ ချောက်မြို့နဲ့ ၁၂ မိုင် အကွာကို ဗဟိုပြုပြီး မကြာခင် နာရီပိုင်းကဘဲ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အင်အားက ၆ ဒသမ ၈ မဂ္ဂနီကျူရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေကို ပြောပါတယ်။

“ ချောက်ကနေ အနောက်ဘက် ၁၂ မိုင်လောက် အကွာမှာ ဗဟိုပြုပြီးတော့ လှုပ်သွားတာ၊ အင်အားကတော့ ၆ ဒသမ ၈ နဲ့ လှုပ်သွားပါတယ်။ မန္တလေး မြေငလျင် စခန်းကနေ တိုင်းရင်တော့ ၁၂၃ မိုင် ကွာတာပေါ့နော်။ မြေငလျင်ကိုတော့ တော်တော်များများ ခံစားလိုက်ရတာပေါ့။ ဒီမြေငလျင်ကိုတော့ တော်တော်များများခံစားလိုက်ရတာပေါ့နော် ပြည်နယ်နဲ့တိုင်း အရှေ့ဘက်အခြမ်း ရှမ်းတို့ ကယားတို့ ၊ အနောက်ဘက်ဆိုရင်လည်း ရခိုင်တို့ ဘာတို့အထိ ခံစားရတယ်။ အောက်ပိုင်းဆိုရင်လည်း ရန်ကုန်တို့ ဧရာဝတီတို့ အဲဒီအထိကို ခံစားရတဲ့အနေအထားရှိတယ်။ အဓိကတော့ အပျက်အစီးတွေအများဆုံးဖြစ်မှာကတော့ ချောက်နဲ့အနီးပတ်ဝန်းကျင်ပေါ့နော် အဲဒီဒေသတွေမှာကတော့ ငလျင် အင်အားလည်းပြင်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီဒေသတွေမှာအများဆုံးတော့ ပျက်စီးဆုံးရှုံးမှု များမယ့်အနေအထားရှိတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်နိုင်ပါတယ်။ သူက အင်အား ၆ ဒသမ ၈ ဆိုတဲ့ အတွက်ကြောင့်မို့ပေါ့နော်။ ”

အင်အားပြင်း ငလျင်ဖြစ်တာကြောင့် နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်နိုင်တာကြောင့် ငလျင်ဗဟိုပြုရာ ချောက်မြို့ အနီးတဝိုက် ဒေသတွေ သတိထားကြဖို့ကိုလည်း မိုးဇလ ဌာနက သတိပေးပါတယ်။ ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပခုက္ကူမြို့မှာ တဦး သေဆုံးတယ်လို့ မြန်မာ အစိုးရကလည်း မကြာသေးခင်ကဘဲ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင် ဗဟိုပြုရာ ချောက်မြို့အနီးက စလေမှာ ပြိုကျပျက်ဆီးမှုတွေ ရှိတယ်လို့ ချောက်မြို့ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးစိုးဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ရှေးအဆောက်အအုံတွေနဲ့ ဘုရားတွေ တော်တော်များများ ပျက်တာ။ ကျနော်တို့ ချောက် - ဒုတိယ ပုဂံလို့ ခေါ်တဲ့ ဦးပုည စလေလေ။ လောလောဆယ် ဘုရားက ၈ ဆူ ၊ ၉ ဆူလောက် လောလောဆယ် ကျနော် လိုက်ပြီးတော့ သွားနေတုန်းဘဲ။ ကြာလှန် ကြာမှောက်ကနေ ပြီးတော့ ပြုတ်ကျတာပေါ့။ ထီးတော် အောက်နားကနေ ကပ်ပြီး ပြုတ်ကျတာပေါ့။ တိုက် ၂ လုံး အမိုး ပြုတ်ကျတာ ရှိတယ်။ လူတော့ အန္တရာယ် မရှိဘူး။ အင်းအားကတော့ ပြင်းတယ်။ ကျနော်တို့ အနှစ် ၅၀ အတွင်း မတွေ့ဘူးသေးဘူးဗျ။ ”

မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ ရှေးဟောင်း ပုဂံမြို့မှာလည်း ငလျင်ဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ပုဂံမြို့က စေတီတော် တချို့ ပြိုကျတယ်လို့ လွှတ်တော် အမတ် ဦးဝင်းမြင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“ စွယ်တော် လေးဆူက လောကနန္ဒာ ဆွယ်တော်က စိန်ဖူးတော် ပြုတ်ကျတယ်။ ထီးလိုမင်းလိုက ထီးတော်တွေ ပြုတ်ကျတယ်။ မင်္ဂလာစေတီကလည်း ကျနော်တို့ အပေါ်ပိုင်း ဖောင်းရစ်တွေက တခြမ်း ပြုတ်ကျတယ်။ မြင်းကပါ စေတီကလည်း ဖောင်းရစ်တွေ အကုန်ပြိုကျတယ်။ လူသိများတဲ့ ဘုရားတွေကတော့ အဲလောက်ဘဲပေါ့နော်။ ကျနော်တို့ အကုန်လိုက်ပြီး ကွင်းဆင်နေပါတယ်။ “

ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများမှာ ကြုံတွေ့ခဲ့ရတဲ့ ငလ ျင်ဒဏ်သင့်တဲ့ နောက်ဆက်တွဲ အခြေအနေ တွေကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG