သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေကြမ်း ကော်မတီတွေဖွဲ့


A musician of the Vienna Vegetable Orchestra who plays music exclusively with vegetable instruments (carrots and cucumbers instead of guitars and drums) prepares his instruments before a concert for the 100th anniversary of the San Miguel market in Madrid.
A musician of the Vienna Vegetable Orchestra who plays music exclusively with vegetable instruments (carrots and cucumbers instead of guitars and drums) prepares his instruments before a concert for the 100th anniversary of the San Miguel market in Madrid.

ဒီကနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပြန်လည်ကျင်းပတဲ့ အခါမှာ သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေကြမ်းရေးရာ ကော်မတီတွေကို ဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေကြမ်းရေးရာ ကော်မတီအတွက် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေကနေ ကော်မတီဝင် ၁၅ ဦးစီကို ရွေးချယ်ပြီး အတည်ပြု ခန့်အပ်ခဲ့ပါတယ်။ ဒီလို ရွေးချယ် အတည်ပြု ခန့်အပ်ရာမှာ စံသတ်မှတ်ချက် ၅ ချက်နဲ့အညီ တိုင်းရင်းသား ပါတီတွေနဲ့ နိုင်ငံရေးပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့ကနေ ၃ ရက်ကြာ ရပ်နားခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့မနက် ၁၁ နာရီမှာ ပြန်လည်စတင်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က သက်ဆိုင်ရာ ဥက္ကဋ္ဌတွေကနေ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးစီကို ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

ဒီလို ဥပဒေကြမ်း ကော်မတီ ဖွဲ့စည်းရာမှာ အနည်းဆုံး မူ ၅ ချက်ကို အခြေခံ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လု့ိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးကြည်မြင့်က ပြောပါတယ်။

“သူ့မူက ၁ အချက်က ပညာအရည်အချင်းပေါ့၊ ဒုတိယက အတွေ့အကြုံပေါ့ဗျာ၊ တတိယကတော့ မဲဆန္ဒနယ်မြေပေါ့၊ စတုတ္ထကတော့ ပြည်နယ်၊ တိုင်း ဆိုတာပေါ့ဗျာ၊ နောက် နံပါတ် ၅ အချက်ကျတော့ ပါတီအနေအထားပေါ့။ နောက်ဆုံးတချက် ရှိသေးတာက ကျား၊ မပေါ့။ အဲဒီအချက် ၅ ချက် မူထားပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကပဲ လျာထားစာရင်းပေါ့၊ ၁၅ ဦးပေါ့။ ၁၅ ဦး သူတို့ ချပေးလိုက်တယ်ပေါ့။ ချပေးတဲ့ အခါကျတော့ တိုင်းရင်းသားတွေလည်း တော်တော်များများပါတယ်။ နောက် ဥပဒေဘွဲ့ရတဲ့သူ ဘာညာပေါ့။ ဥပမာ ဒေါ်နန်းဝါနုဆိုရင် ရှမ်းပါတီကပေါ့။ သူက LLM ဘွဲ့ ရထားတယ်ပေါ့။ အဲလိုမျိုး ရွေးချယ်တာပေါ့ဗျာ။”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်တဲ့ ကော်မတီဝင်တွေကို ကျန် လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုပေးခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်တဲ့ ဥပဒေကြမ်း ကော်မတီရဲ့ ဥက္ကဋ္ဌကတော့ ဦးနန္ဒကျော်စွာဖြစ်ပြီး အတွင်းရေးမှူးကတော့ ကွတ်ခိုင် မဲဆန္ဒနယ်က ဦးတီခွန်မြတ် ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာလည်း ဥပဒေကြမ်း ကော်မတီကို မူ ၅ ချက်နဲ့ ရွေးချယ်ပြီး ဒေသစုံ၊ လူမျိုးစုံ၊ ပါတီစုံနဲ့ ဖွဲ့စည်းခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းတဲ့ ၁၅ ယောက်ကိုလည်း ဥက္ကဋ္ဌက တယောက်ချင်း ပြန်တွေ့ပါတယ်။ တွေ့တော့ သူတို့ တာဝန်ယူနိုင်၊ မယူနိုင် မေးတယ်။ မယူနိုင်ရင်လည်း မယူနိုင်တဲ့အကြောင်း သူ့ကို ပြောလို့ရပါတယ်။ သူတင်သွင်းတဲ့ ၁၅ ယောက်စလုံးကလည်း တာဝန်ယူမယ် ပြောပါတယ်။ သူတို့ တာဝန်ယူနိုင်တယ် ပြောတော့မှ ဥက္ကဋ္ဌက ထပ်ပြီးတော့ ဒီအမည်စာရင်းကို လွှတ်တော်ကို တင်သွင်းတာပေါ့လေ။ လွှတ်တော်ကလည်း အဲဒါကို အတည်ပြုပေါ့၊ နှုတ်နဲ့ပါပဲ။

“လွှတ်တော်ဥက္ကဋ္ဌကလည်း နှုတ်နဲ့ပဲ အတည်ပြုပါလား မေးတော့ ကျနော်တို့လည်း နှုတ်နဲ့ပဲ အတည်ပြုပါတယ်ဆိုတော့ ဒီနေ့တော့ အမည်စာရင်း တင်သွင်းတာရော၊ အတည်ပြုတာရော တခါတည်း ပြီးသွားတာပေါ့ဗျာ။ ၁၅ ယောက်ထဲမှာ အစုံပါပဲ၊ တိုင်းရင်းသား ပါတီတွေကလည်း ပါပါတယ်။ NDF ကလည်း ဒေါက်တာ မြတ်ဉာဏစိုး ပါပါတယ်။”

ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်း ကော်မတီရဲ့ လုပ်ငန်းတာဝန်ကတော့ လွှတ်တော်အတွင်းမှာ တင်သွင်းလာတဲ့ ဥပဒေကြမ်းကို ပြင်ဆင်နိုင်ဖို့အတွက် အကြံပြုချက်ပေးဖို့ ဖြစ်ပါတယ်။ ဒီလို အကြံပြုချက် ပေးရာမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။ ကော်မတီအတွင်းမှာ ဆွေးနွေးတဲ့ အချက်တွေကိုတော့ ပြင်ပကို မပေါက်ကြားဖို့အတွက် ဥပဒေအရ တိတိကျကျ ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေကတော့ နေ့ခင်း ၁ နာရီကျော်မှာ ပြီးဆုံးခဲ့ပြီး မနက်ဖြန်မှာ တရက်နားမှာ ဖြစ်ပါတယ်။ နောက်တရက် စတင်ချိန်မှာတော့ လွှတ်တော်ရေးရာ ကော်မတီတခုဖြစ်တဲ့ ပြည်သူ့ငွေစာရင်း ကော်မတီကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG