ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဝါရှင်တန်ဒီစီ ကိုရောက်ရှိနေစဉ် အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက် အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဒီနေ့ ကြာသပတေးနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နောက်တက်မယ့်အစိုးရအဖွဲ့မှာ သမ္မတလောင်း အဖြစ် အဆိုပြုခံရမယ်လို့ ခန့်မှန်းနေကြတဲ့ သူရဦးရွှေမန်းဟာ သောကြာနေ့မှာ Carnegie Endowment မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီခရီးစဉ် အတွင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အခုလို တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာ စတဲ့ ကိစ္စရပ်တွေကို အဓိက အာရုံစိုက် ဆွေးနွေးသွား မှာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ က VOA ကို ပြောဆိုခဲ့ပါတယ်။
ဆက်စပ်သတင်းများ ...
လူဖတ်အများဆုံးသတင်းများ
၁