သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္အတြက္ လိမ္လည္မႈေတြမ်ားေန


ႏိုင္ငံကူးလက္မွတ္အတြက္ တန္းစီေနပုံ (ဓါတ္ပုံ-ဗြီအိုေအျမန္မာ)

[Zawgyi]
ျမန္မာႏိုင္ငံထဲကေန ျပည္ပကို အလုပ္သြားလုပ္ဖို႔ ႀကိဳးစားတဲ့သူေတြ မ်ားလာေနခ်ိန္မွာ အလုပ္ရွာေပးမယ္ဆိိုတဲ့ အက်ဳိးေဆာင္ပြဲစားေတြရဲ႕ လိမ္လည္မႈ ခံရသူေတြ အမ်ားအျပား ရွိေနပါတယ္။ အသစ္ ေျပာင္းလဲလိုက္တဲ့ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားရာမွာ ႐ုံးကို သြားၿပီးေလွ်ာက္ထားခြင့္ကို ႀကိဳတင္ Booking ယူရတဲ့ စနစ္ကလည္း အခက္အခဲေတြ ရွိတာေၾကာင့္ လိမ္လည္သူေတြ အက်ဳိးေဆာင္ေတြ အျမတ္ထုတ္စရာျဖစ္ေနတယ္လို႔ ကိုယ္တိုင္ၾကဳံရသူေတြက ေျပာပါတယ္။ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူေတြရဲ႕ အခက္အခဲအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန္႔ဦးက တင္ျပပါလိမ့္မယ္။

ျမန္မာႏိုင္ငံမွာ စား၀တ္ေနေရးအၾကပ္အတည္း၊ ကုန္ေစ်းႏႈန္း ျမင့္တက္မႈနဲ႔၊ အလုပ္အကိုင္ရွားပါးမႈေတြေၾကာင့္ ႏိုင္ငံရပ္ျခားမွာ အလုပ္အကိုင္ရရွိဖို႔ ႀကိဳးစားေနၾကသူေတြ မ်ားလာပါတယ္။ ႏိုင္ငံကူး လက္မွတ္ လုပ္ေပးမယ္။ အလုပ္အကိုင္ပါ ရွာေပးမယ္ဆိုၿပီး ပြဲစားေတြရဲ႕ လိမ္လည္ခံခဲ့ရသူေတြလည္း မ်ားလာေနပါတယ္။ အဲဒီထဲမွာ ေတာင္ႀကီးၿမိဳ႕မွာ ေနထိုင္ၿပီး ကုန္ထမ္းတဲ့သူ တေယာက္ျဖစ္တဲ့ ကိုဇာနည္လည္း ပါ၀င္ပါတယ္။ လူမႈကြန္ယက္မွာ အလုပ္အကိုင္ရွာေပးမယ္ဆိုၿပီး ေၾကညာတဲ့ ပြဲစားတေယာက္နဲ႔ ခ်ိတ္ဆက္မိၿပီး အခေၾကးေငြ ၈ သိန္းကို နီးစပ္ရာက ၂၀ တိုးနဲ႔ ေခ်းၿပီး ေပးခဲ့ရတယ္လို႔ ေျပာပါတယ္။ ေငြလဲႊေပးၿပီးေနာက္မွာ ပြဲစားကို ဆက္သြယ္လို႔ မရေတာ့တဲ့အေၾကာင္း နဲ႔ အလိမ္ခံခဲ့ရတဲ့အေၾကာင္း သူက အခုလို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လည္း အဲ့လိုေပါ့ သူတို႔ ၁၇ ရက္အတြင္း အေရာက္ပို႔ေပးမယ္ ဘာညာဆိုေတာ့ ကြၽန္ေတာ္ကလည္း အဟုတ္ထင္ၿပီး ေပးလိုက္တာ။ ၁ လ ကို ၁၆ သိန္းေက်ာ္ရတယ္ဆိုေတာ့ အထင္ေတြႀကီးၿပီးေတာ့ ကြၽန္ေတာ္က လုပ္လိုက္တာခင္ဗ်။ အခုက အလုပ္အကိုင္မရွိလို႔ အားကိုးၿပီး အခုလို လုပ္တယ္ အဲ့လို အလိမ္ခံရတယ္ဆိုေတာ့ ကြၽန္ေတာ့္မွာ ေဆာက္တည္ရာ မရျဖစ္တာေပါ့ေနာ္။ တကယ္ရွိလို႔ အလိမ္ခံရသူူအတြက္ ကြၽန္ေတာ္ မေျပာလိုဘူးေပါ့ေနာ္။ သူတို႔က ဒီအတိုင္းေလးပဲ လိမ္လိုက္တာေပါ့။ ကြၽန္ေတာ္တို႔မွာ အေနာက္မွာ မိသားစုေတြ အမ်ားႀကီး ဒုကၡေရာက္ၿပီးေတာ့ ကြၽန္ေတာ့္လို ဘယ္သူမွ ထပ္ၿပီးေတာ့ ကြၽန္ေတာ့္လို သူမ်ား မခံစားေစခ်င္တာ တခုပဲ။”

ကိုဇာနည္ဟာ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္အေနနဲ႔ လိမ္သြားတဲ့ ပြဲစားဆိုသူေနထိုင္ရာ ျမဝတီၿမိဳ႕ကို လိုက္သြားဖို႔ ႀကိဳးစားခဲ့ေပမယ့္ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။

အသစ္ ခ်မွတ္လိုက္တဲ့ စည္းမ်ဥ္းအရ ႏိုင္ငံရပ္ျခားကို ထြက္ခြာဖို႔ ႏိုင္ငံကူး လက္မွတ္ စာအုပ္ Passport ေလ်ာက္ထားရာမွာ ကိုယ္တိုင္တန္းစီ စနစ္ကေန အြန္လိုင္းကေန ႀကိဳတင္ QR Code Booking ယူရတဲ့ စနစ္ကို ၂၀၂၂ ခုႏွစ္ မတ္လ အတြင္းမွာ စတင္ေျပာင္းလဲခဲ့ပါတယ္။

ဒီလို ယူတဲ့အခါ တရက္ကို လူဦးေရ ၂၅၀၀ နဲ႔ အနည္းဆုံး ၂ ပတ္ ႀကိဳယူရပါတယ္။ အဆင္ေျပတဲ့ ရက္ ေရြးခြင့္မရွိဘဲ သတ္မွတ္တဲ့ ရက္မွာသာ Booking ယူရတာ ျဖစ္တဲ့အတြက္ ပြဲစားအက်ဳိးေဆာင္ေတြနဲ႔ QR Code Booking ယူတဲ့ စနစ္ ေခတ္စားလာပါတယ္။

အက်ဳိးေဆာင္ပြဲစားေတြက ၂ ပတ္အတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္မယ့္ QR Code Booking အြန္လိုင္းကတဆင့္ ယူရင္ က်ပ္ ၅ ေသာင္းကေန ၁ သိန္းအထိ ေတာင္းေလ့ရွိၿပီး ၃ လအၾကာ ႀကိယူရင္ ေငြ တေသာင္းအထိ ေပးရတာေတြ ရွိတဲ့အေၾကာင္း အလုပ္ရွာသူေတြက ေျပာျပပါတယ္။ ဒါေၾကာင္လည္း ဒီစနစ္ဟာ အက်ဳိးေဆာင္ ပြဲစားေတြရဲ႕ အက်ဳိးစီးပြားအတြက္ အသုံးခ်လို႔ေကာင္းတဲ ့စနစ္တခု ျဖစ္လာေနတယ္လို႔ ေျပာပါတယ္။ လိမ္လည္သူေတြဟာ လူမႈကြန္ယက္ကေန တဆင့္ ေငြႀကိဳလႊဲခိုင္းၿပီး QR Booking ကုဒ္ အတုေတြကို ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး ႐ုံးေရွ႕မွာ လိမ္လည္ေရာင္းခ်တာေတြလည္း ရွိေနတယ္လို႔ ကိုယ္တိုင္ၾကဳံခဲ့ရသူေတြက ျပန္ေျပာျပတာပါ။ ႐ုံးေရွ႕မွာ QR Booking ေတြ လိမ္လည္ေရာင္းခ်တာနဲ႔ ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳ႕ခဲ့ရတဲ့ မငယ္က VOA ကို အခုလို ေျပာျပပါတယ္။

“ညီမအေရွ႕မွာ အလိမ္ခံရတာေပါ့ေနာ္။ အကုန္ဝိုင္းၿပီးေတာ့ QR ကုဒ္က ဒီမွာမဟုတ္ဘူး။ အေနာက္ကဝင္ရတာ ဘာညာဆိုၿပီး အဲ့လိုမ်ိဳးလိမ္တာ။ ျပင္ပမွာေတာ့ လာတဲ့သူေတြကို ခ်က္ခ်င္းပဲဝိုင္းၿပီး စကားကို ယုံေအာင္ေျပာတာ ယုံေအာင္ေျပာၿပီးမွ လိမ္တာေပါ့။ ေတာကတက္လာတဲ့သူေတြ ဆိုေတာ့ဘယ္သိမလဲ။ ၄ ေသာင္းခြဲနဲ႔လုပ္ေပးမယ္။ ၇ ေသာင္းခြဲနဲ႔လုပ္ေပးမယ္။ ၂ သိန္းခြဲနဲ႔လုပ္ေပးတယ္။ ၄ သိန္းခြဲနဲ႔ လုပ္ေပးတယ္။အဲ့လိုေတြ လိမ္တာေပါ့။ သူတို႔လိမ္တာက အစားစားပဲ။”

မငယ္ဟာ သူ႔ေရွ႕မွာ အလိမ္ခံလိုက္ရတဲ့ ျဖစ္ရပ္ကို ႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးထဲက တာဝန္ရွိသူတဦးကို အသိေပးတိုင္ၾကားခဲ့တယ္လို႔ ေျပာပါတယ္။ QR Code အတုေရာင္းေနတဲ့ ကိစၥေတြကို အခ်င္းခ်င္း အသိေပးတာေတြလည္းရွိခဲ့ၿပီးေနာက္ လိမ္လည္ခံရသူ အရင္ကထက္ေတာ့ နည္းသြားတယ္လို႔ ေျပာပါတယ္။ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးရာမွာ ေန႔စဥ္ လူအမ်ားနဲ႔ ဆက္ဆံေနရတာ ျဖစ္တဲ့အတြက္ ဝန္ထမ္းအင္အား မမွ်တတာေၾကာင့္ အားလုံးကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ တာ၀န္ရွိသူ တဦးက မငယ္ကို အေၾကာင္းျပန္ခဲ့တယ္လို႔ဆိုပါတယ္။

ႏိုင္ငံကူး လက္မွတ္ ထုတ္ေပးေရး႐ုံး ဝက္ဆိုဒ္မွာေတာ့ ႏိုင္ငံကူး လက္မွတ္ အျမန္ရရွိေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ လိမ္လည္သူတဦးကို ၁၉၉၉ ခုႏွစ္ ျပည္ပအလုပ္အကိုင္ဆိုင္ရာ ဥပေဒပုဒ္မ ၂၆ နဲ႔ ဇြန္လ ၂၇ ရက္က ဖမ္းဆီးအေရးယူခဲ့တယ္ဆိုတဲ့ အမႈ ၁ မႈကို ေဖာ္ျပထားပါတယ္။

အြန္လိုင္းေပၚမွာ လိမ္လည္ခံရတာေတြနည္းသြားေအာင္ ေငြေၾကးမတတ္ႏိုင္သူေတြ QR စနစ္ Booking အခမဲ့ကူညီေပးေနသူေတြလည္း ရွိပါတယ္။ အခမဲ့ကူညီေပးေနသူ ကိုထြန္းက အခုလို အႀကံျပဳပါတယ္။

“ဘယ္သူမွ ေငြႀကိဳမေပးဖို႔ ဒါေပမယ့္ အခုအလိမ္ခံေနရတဲ့သူေတာ္ေတာ္မ်ားမ်ားက ဘာျဖစ္ေနလဲဆိုရင္ ေငြႀကိဳလႊဲတာ တဖက္လူက ကြၽန္ေတာ္တင္ေပးမယ္ေျပာလိုက္တာနဲ႔ ေငြလႊဲလိုက္ၿပီ အဲ့လူေတြပဲ အမ်ားဆုံး အလိမ္ခံေနရတာ။ ေငြႀကိဳမလႊဲတဲ့သူေတြက အလိမ္မခံရဘူး။ ေနာက္တခုက ဘာလည္းဆိုေတာ့ QR ရၿပီးရင္ ပိုက္ဆံေပးတယ္ေပါ့။ QR က ရၿပီဆိုရင္ အတုလားအစစ္လား မစစ္တတ္တဲ့အခါက်ေတာ့ QR ရၿပီဆိုရင္ ဝမ္းသာအားရနဲ႔ေငြလႊဲလိုက္တယ္။ အဲ့လိုလူေတြေပ့ါေနာ္။ သူတို႔ကိုယ္တိုင္ေသခ်ာလုပ္တယ္ဆိုရင္ ဘယ္သူမွ သူတို႔ကို လိမ္လို႔မရေတာ့ဘူး။”

ကိုထြန္းဟာ နယ္ကေန ႏိုင္ငံကူးလက္မွတ္ရဖို႔ တန္းစီနံပတ္ QR တင္တဲ့သူေတြကို အဓိက ကူညီေပးေနသူပါ။ ေန႔စဥ္ မနက္ ၉ နာရီအခ်ိန္မွာ QR Booking စတင္ေပးေပမယ့္ ၉ နာရီ ၃ မိနစ္ေက်ာ္လြန္ခ်ိန္မွာေတာ့ ဘိုကင္သတ္မွတ္လူဦးေရသာ ေပၚၿပီး ဘိုကင္ယူလို႔မရတာ QR ကုဒ္ ခ်မေပးတာေတြ ျဖစ္တတ္တယ္လို႔ ေျပာပါတယ္။ ဒါက ႏိုင္ငံကူး လက္မွတ္လုပ္ဖို႔ ေလွ်ာက္ထားမယ့္သူေတြအတြက္ အဓိက အခက္အခဲျဖစ္ေနပါတယ္။

တေန႔ကို လူဦးေရ ၂၅၀၀ ႏႈန္း Booking ယူလို႔ရတယ္လို႔ ေၾကျငာထားေပမယ့္ တကယ္တန္း လာယူဖို႔ QR Code ရသူရာခိုင္ႏႈန္းဟာ ၁၀ ရာခိုင္ႏႈန္းေတာင္ မျပည့္ဘူးဆိုၿပီး ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားဖို႔ ႀကိဳးစားေနသူေတြ လူမႈကြန္ယက္ေတြမွာ ေရးၾကပါတယ္။

ဒီအခက္အခဲေတြနဲ႔ ပတ္သက္လို႔ QR စနစ္ကို ေလ့လာေစာင့္ၾကည့္ေနတဲ့ နည္းပညာကြၽမ္းက်င္သူ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အမွန္ဆိုရင္ ဘာနဲ႔ပဲဝင္ဝင္ ဒီ Website ကိုၫႊန္းထားတဲ့ လက္မွတ္တက္ယူတဲ့ဆိုဒ္ကို ဘယ္ဟာနဲ႔ပဲျဖစ္ျဖစ္ ဖုန္းနဲ႔ပဲျဖစ္ျဖစ္ ကြန္ပ်ဴတာနဲ႔ပဲျဖစ္ျဖစ္ ယူလို႔ရ ရမယ့္ အေနအထားျဖစ္ရမွာေပါ့ေနာ္။ အခုဟာက Iphone နဲ႔ဆို ယူလို႔မရဘူး Andriod နဲ႔ဆို ယူလို႔ရတယ္။ အဲ့ထဲမွာမွ Browser ကို ဘယ္ Browser နဲ႔မွ သုံးၿပီး ဝင္လို႔ရမယ္ဆိုတဲ့ ဟာမ်ိဳးေလးေတြရွိတယ္။ ၿပီးေတာ့ ဒါေတြေတာ့ ရွိတယ္ လူတိုင္းက ဝင္ယူလို႔ရလားဆိုရင္ မရျပန္ဘူး။ Technical မွာက ျပႆနာက ဘာလည္းဆိုရင္ အရမ္းကို ေ႐ြးခ်ယ္စရာ ျဖစ္ေနတာေပါ့။ အကန္႔အသတ္လိုမ်ိဳးျဖစ္ေနတာေပါ့။ ဘယ္ဖုန္းဆိုလည္း ဖုန္းတိုင္းမရဘူး။ စြမ္းေဆာင္ရည္ ျမင့္တဲ့ ဖုန္းေတြမွာ ရတာေပါ့ေနာ္။ လက္ရွိအေျခအေနမွာ အဲ့လိုျဖစ္ေနတာေပါ့ေနာ္။”

ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားရာမွာ ႐ုံးကို သြားၿပီးေလွ်ာက္ထားခြင့္ QR Code စနစ္ ခက္ခဲေနတာေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီျပန္ၾကားေရးကို သတင္းဌာနေတြက ေမးျမန္းေပမယ့္ ျပန္လည္ေျဖၾကားျခင္းမရွိေသးပါဘူး။ ကိုဗစ္ကပ္ေရာဂါ ကာလအတြင္းမွာ မလိုလားအပ္ဘဲ လူစုလူေဝး မျဖစ္ဖို႔နဲ႔ လူစုလူေဝးေၾကာင့္ လုံၿခဳံေရးအႏၲရာယ္ရွိတာေတြ စတဲ့ အေၾကာင္းအခ်င္းအရာေတြေၾကာင့္ အရင္ တန္းစီေစာင့္ဆိုင္းတဲ့ စနစ္ကေန ႀကိဳတင္ Booking ယူတဲ့ စနစ္ကို ေျပာင္းလဲက်င့္သုံးတာလို႔ တာ၀န္ရွိသူေတြဘက္က ေျပာပါတယ္။

တျခား ၿမိဳ႕ႀကီးအခ်ိဳ႕မွာလည္း ႏိုင္ငံကူး လက္မွတ္ ထုတ္ေပးေရး႐ုံးေတြရွိေပမယ့္ ႐ုံးမွာ သြားေရာက္ၿပီး သတ္မွတ္ရက္မွာ လူကိုယ္တိုင္သြားေရာက္ယူရတဲ့ စနစ္က်င့္သုံးဆဲျဖစ္ပါတယ္။ ေ႐ႊ႕ေျပာင္းအေျခခ်သူ အမ်ားစုရွိတဲ့ ရန္ကုန္တၿမိဳ႕တည္းမွာသာ အြန္လိုင္းကေန ႀကိဳတင္ QR ယူတဲ့စနစ္ က်င့္သုံးေနတာပါ။

ရန္ကုန္မွာ ႀကိဳတင္ Booking ယူတဲ့ စနစ္ကို ေျပာင္းလဲလာတာ ၆ လေက်ာ္ရွိလာၿပီျဖစ္ၿပီး အစပိုင္းမွာ အဆင္ေျပလြယ္ကူေပမယ့္ ႏိုင္ငံရပ္ျခားကို သြားလာလိုသူေတြ မ်ားျပားလာသလို ေနာက္ပိုင္းမွာ အက်ိဳးေဆာင္ပြဲစားေတြ ေပါမ်ားလာတာေတြေၾကာင့္ အခက္အခဲေတြ ပိုၿပီး ေတြ႕လာေနရတဲ့အေၾကာင္း Passport ရေရး ႀကိဳးပမ္းေနသူေတြက ေျပာပါတယ္။

#ႏိုင္ငံကူးလက္မွ #ပြဲစား #လိမ္လည္ #အက်ဳိးေဆာင္ #က်ဴအာကုတ္ #QR ဘြတ္ကင္ #ဘြတ္ကင္

တိုက္႐ိုက္ လင့္ခ္

နိုင်ငံကူးလက်မှတ်အတွက် လိမ်လည်မှုတွေများနေ

[Unicode]
မြန်မာနိုင်ငံထဲကနေ ပြည်ပကို အလုပ်သွားလုပ်ဖို့ ကြိုးစားတဲ့သူတွေ များလာနေချိန်မှာ အလုပ်ရှာပေးမယ်ဆိုတဲ့ အကျိုးဆောင်ပွဲစားတွေရဲ့ လိမ်လည်မှု ခံရသူတွေ အများအပြား ရှိနေပါတယ်။ အသစ် ပြောင်းလဲလိုက်တဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ရုံးကို သွားပြီးလျှောက်ထားခွင့်ကို ကြိုတင် Booking ယူရတဲ့ စနစ်ကလည်း အခက်အခဲတွေ ရှိတာကြောင့် လိမ်လည်သူတွေ အကျိုးဆောင်တွေ အမြတ်ထုတ်စရာဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေရဲ့ အခက်အခဲအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စားဝတ်နေရေးအကြပ်အတည်း၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရရှိဖို့ ကြိုးစားနေကြသူတွေ များလာပါတယ်။ နိုင်ငံကူး လက်မှတ် လုပ်ပေးမယ်။ အလုပ်အကိုင်ပါ ရှာပေးမယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်ခံခဲ့ရသူတွေလည်း များလာနေပါတယ်။ အဲဒီထဲမှာ တောင်ကြီးမြို့မှာ နေထိုင်ပြီး ကုန်ထမ်းတဲ့သူ တယောက်ဖြစ်တဲ့ ကိုဇာနည်လည်း ပါဝင်ပါတယ်။ လူမှုကွန်ယက်မှာ အလုပ်အကိုင်ရှာပေးမယ်ဆိုပြီး ကြေညာတဲ့ ပွဲစားတယောက်နဲ့ ချိတ်ဆက်မိပြီး အခကြေးငွေ ၈ သိန်းကို နီးစပ်ရာက ၂၀ တိုးနဲ့ ချေးပြီး ပေးခဲ့ရတယ်လို့ ပြောပါတယ်။ ငွေလွဲှပေးပြီးနောက်မှာ ပွဲစားကို ဆက်သွယ်လို့ မရတော့တဲ့အကြောင်း နဲ့ အလိမ်ခံခဲ့ရတဲ့အကြောင်း သူက အခုလို ပြောပါတယ်။

“ကျွန်တော်တို့လည်း အဲ့လိုပေါ့ သူတို့ ၁၇ ရက်အတွင်း အရောက်ပို့ပေးမယ် ဘာညာဆိုတော့ ကျွန်တော်ကလည်း အဟုတ်ထင်ပြီး ပေးလိုက်တာ။ ၁ လ ကို ၁၆ သိန်းကျော်ရတယ်ဆိုတော့ အထင်တွေကြီးပြီးတော့ ကျွန်တော်က လုပ်လိုက်တာခင်ဗျ။ အခုက အလုပ်အကိုင်မရှိလို့ အားကိုးပြီး အခုလို လုပ်တယ် အဲ့လို အလိမ်ခံရတယ်ဆိုတော့ ကျွန်တော့်မှာ ဆောက်တည်ရာ မရဖြစ်တာပေါ့နော်။ တကယ်ရှိလို့ အလိမ်ခံရသူူအတွက် ကျွန်တော် မပြောလိုဘူးပေါ့နော်။ သူတို့က ဒီအတိုင်းလေးပဲ လိမ်လိုက်တာပေါ့။ ကျွန်တော်တို့မှာ အနောက်မှာ မိသားစုတွေ အများကြီး ဒုက္ခရောက်ပြီးတော့ ကျွန်တော့်လို ဘယ်သူမှ ထပ်ပြီးတော့ ကျွန်တော့်လို သူများ မခံစားစေချင်တာ တခုပဲ။”

ကိုဇာနည်ဟာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ လိမ်သွားတဲ့ ပွဲစားဆိုသူနေထိုင်ရာ မြဝတီမြို့ကို လိုက်သွားဖို့ ကြိုးစားခဲ့ပေမယ့် အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အသစ် ချမှတ်လိုက်တဲ့ စည်းမျဉ်းအရ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ နိုင်ငံကူး လက်မှတ် စာအုပ် Passport လျောက်ထားရာမှာ ကိုယ်တိုင်တန်းစီ စနစ်ကနေ အွန်လိုင်းကနေ ကြိုတင် QR Code Booking ယူရတဲ့ စနစ်ကို ၂၀၂၂ ခုနှစ် မတ်လ အတွင်းမှာ စတင်ပြောင်းလဲခဲ့ပါတယ်။

ဒီလို ယူတဲ့အခါ တရက်ကို လူဦးရေ ၂၅၀၀ နဲ့ အနည်းဆုံး ၂ ပတ် ကြိုယူရပါတယ်။ အဆင်ပြေတဲ့ ရက် ရွေးခွင့်မရှိဘဲ သတ်မှတ်တဲ့ ရက်မှာသာ Booking ယူရတာ ဖြစ်တဲ့အတွက် ပွဲစားအကျိုးဆောင်တွေနဲ့ QR Code Booking ယူတဲ့ စနစ် ခေတ်စားလာပါတယ်။

အကျိုးဆောင်ပွဲစားတွေက ၂ ပတ်အတွက် နိုင်ငံကူးလက်မှတ်လျှောက်မယ့် QR Code Booking အွန်လိုင်းကတဆင့် ယူရင် ကျပ် ၅ သောင်းကနေ ၁ သိန်းအထိ တောင်းလေ့ရှိပြီး ၃ လအကြာ ကြိယူရင် ငွေ တသောင်းအထိ ပေးရတာတွေ ရှိတဲ့အကြောင်း အလုပ်ရှာသူတွေက ပြောပြပါတယ်။ ဒါကြောင်လည်း ဒီစနစ်ဟာ အကျိုးဆောင် ပွဲစားတွေရဲ့ အကျိုးစီးပွားအတွက် အသုံးချလို့ကောင်းတဲ့စနစ်တခု ဖြစ်လာနေတယ်လို့ ပြောပါတယ်။ လိမ်လည်သူတွေဟာ လူမှုကွန်ယက်ကနေ တဆင့် ငွေကြိုလွှဲခိုင်းပြီး QR Booking ကုဒ် အတုတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးရှေ့မှာ လိမ်လည်ရောင်းချတာတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြန်ပြောပြတာပါ။ ရုံးရှေ့မှာ QR Booking တွေ လိမ်လည်ရောင်းချတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြု့ခဲ့ရတဲ့ မငယ်က VOA ကို အခုလို ပြောပြပါတယ်။

“ညီမအရှေ့မှာ အလိမ်ခံရတာပေါ့နော်။ အကုန်ဝိုင်းပြီးတော့ QR ကုဒ်က ဒီမှာမဟုတ်ဘူး။ အနောက်ကဝင်ရတာ ဘာညာဆိုပြီး အဲ့လိုမျိုးလိမ်တာ။ ပြင်ပမှာတော့ လာတဲ့သူတွေကို ချက်ချင်းပဲဝိုင်းပြီး စကားကို ယုံအောင်ပြောတာ ယုံအောင်ပြောပြီးမှ လိမ်တာပေါ့။ တောကတက်လာတဲ့သူတွေ ဆိုတော့ဘယ်သိမလဲ။ ၄ သောင်းခွဲနဲ့လုပ်ပေးမယ်။ ၇ သောင်းခွဲနဲ့လုပ်ပေးမယ်။ ၂ သိန်းခွဲနဲ့လုပ်ပေးတယ်။ ၄ သိန်းခွဲနဲ့ လုပ်ပေးတယ်။အဲ့လိုတွေ လိမ်တာပေါ့။ သူတို့လိမ်တာက အစားစားပဲ။”

မငယ်ဟာ သူ့ရှေ့မှာ အလိမ်ခံလိုက်ရတဲ့ ဖြစ်ရပ်ကို နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးထဲက တာဝန်ရှိသူတဦးကို အသိပေးတိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။ QR Code အတုရောင်းနေတဲ့ ကိစ္စတွေကို အချင်းချင်း အသိပေးတာတွေလည်းရှိခဲ့ပြီးနောက် လိမ်လည်ခံရသူ အရင်ကထက်တော့ နည်းသွားတယ်လို့ ပြောပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ နေ့စဉ် လူအများနဲ့ ဆက်ဆံနေရတာ ဖြစ်တဲ့အတွက် ဝန်ထမ်းအင်အား မမျှတတာကြောင့် အားလုံးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တာဝန်ရှိသူ တဦးက မငယ်ကို အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး ဝက်ဆိုဒ်မှာတော့ နိုင်ငံကူး လက်မှတ် အမြန်ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ လိမ်လည်သူတဦးကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ ဇွန်လ ၂၇ ရက်က ဖမ်းဆီးအရေးယူခဲ့တယ်ဆိုတဲ့ အမှု ၁ မှုကို ဖော်ပြထားပါတယ်။

အွန်လိုင်းပေါ်မှာ လိမ်လည်ခံရတာတွေနည်းသွားအောင် ငွေကြေးမတတ်နိုင်သူတွေ QR စနစ် Booking အခမဲ့ကူညီပေးနေသူတွေလည်း ရှိပါတယ်။ အခမဲ့ကူညီပေးနေသူ ကိုထွန်းက အခုလို အကြံပြုပါတယ်။

“ဘယ်သူမှ ငွေကြိုမပေးဖို့ ဒါပေမယ့် အခုအလိမ်ခံနေရတဲ့သူတော်တော်များများက ဘာဖြစ်နေလဲဆိုရင် ငွေကြိုလွှဲတာ တဖက်လူက ကျွန်တော်တင်ပေးမယ်ပြောလိုက်တာနဲ့ ငွေလွှဲလိုက်ပြီ အဲ့လူတွေပဲ အများဆုံး အလိမ်ခံနေရတာ။ ငွေကြိုမလွှဲတဲ့သူတွေက အလိမ်မခံရဘူး။ နောက်တခုက ဘာလည်းဆိုတော့ QR ရပြီးရင် ပိုက်ဆံပေးတယ်ပေါ့။ QR က ရပြီဆိုရင် အတုလားအစစ်လား မစစ်တတ်တဲ့အခါကျတော့ QR ရပြီဆိုရင် ဝမ်းသာအားရနဲ့ငွေလွှဲလိုက်တယ်။ အဲ့လိုလူတွေပေ့ါနော်။ သူတို့ကိုယ်တိုင်သေချာလုပ်တယ်ဆိုရင် ဘယ်သူမှ သူတို့ကို လိမ်လို့မရတော့ဘူး။”

ကိုထွန်းဟာ နယ်ကနေ နိုင်ငံကူးလက်မှတ်ရဖို့ တန်းစီနံပတ် QR တင်တဲ့သူတွေကို အဓိက ကူညီပေးနေသူပါ။ နေ့စဉ် မနက် ၉ နာရီအချိန်မှာ QR Booking စတင်ပေးပေမယ့် ၉ နာရီ ၃ မိနစ်ကျော်လွန်ချိန်မှာတော့ ဘိုကင်သတ်မှတ်လူဦးရေသာ ပေါ်ပြီး ဘိုကင်ယူလို့မရတာ QR ကုဒ် ချမပေးတာတွေ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ ဒါက နိုင်ငံကူး လက်မှတ်လုပ်ဖို့ လျှောက်ထားမယ့်သူတွေအတွက် အဓိက အခက်အခဲဖြစ်နေပါတယ်။

တနေ့ကို လူဦးရေ ၂၅၀၀ နှုန်း Booking ယူလို့ရတယ်လို့ ကြေငြာထားပေမယ့် တကယ်တန်း လာယူဖို့ QR Code ရသူရာခိုင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးဆိုပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ ကြိုးစားနေသူတွေ လူမှုကွန်ယက်တွေမှာ ရေးကြပါတယ်။

ဒီအခက်အခဲတွေနဲ့ ပတ်သက်လို့ QR စနစ်ကို လေ့လာစောင့်ကြည့်နေတဲ့ နည်းပညာကျွမ်းကျင်သူ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အမှန်ဆိုရင် ဘာနဲ့ပဲဝင်ဝင် ဒီ Website ကိုညွှန်းထားတဲ့ လက်မှတ်တက်ယူတဲ့ဆိုဒ်ကို ဘယ်ဟာနဲ့ပဲဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် ယူလို့ရ ရမယ့် အနေအထားဖြစ်ရမှာပေါ့နော်။ အခုဟာက Iphone နဲ့ဆို ယူလို့မရဘူး Andriod နဲ့ဆို ယူလို့ရတယ်။ အဲ့ထဲမှာမှ Browser ကို ဘယ် Browser နဲ့မှ သုံးပြီး ဝင်လို့ရမယ်ဆိုတဲ့ ဟာမျိုးလေးတွေရှိတယ်။ ပြီးတော့ ဒါတွေတော့ ရှိတယ် လူတိုင်းက ဝင်ယူလို့ရလားဆိုရင် မရပြန်ဘူး။ Technical မှာက ပြဿနာက ဘာလည်းဆိုရင် အရမ်းကို ရွေးချယ်စရာ ဖြစ်နေတာပေါ့။ အကန့်အသတ်လိုမျိုးဖြစ်နေတာပေါ့။ ဘယ်ဖုန်းဆိုလည်း ဖုန်းတိုင်းမရဘူး။ စွမ်းဆောင်ရည် မြင့်တဲ့ ဖုန်းတွေမှာ ရတာပေါ့နော်။ လက်ရှိအခြေအနေမှာ အဲ့လိုဖြစ်နေတာပေါ့နော်။”

နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ရုံးကို သွားပြီးလျှောက်ထားခွင့် QR Code စနစ် ခက်ခဲနေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကို သတင်းဌာနတွေက မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ မလိုလားအပ်ဘဲ လူစုလူဝေး မဖြစ်ဖို့နဲ့ လူစုလူဝေးကြောင့် လုံခြုံရေးအန္တရာယ်ရှိတာတွေ စတဲ့ အကြောင်းအချင်းအရာတွေကြောင့် အရင် တန်းစီစောင့်ဆိုင်းတဲ့ စနစ်ကနေ ကြိုတင် Booking ယူတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးတာလို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

တခြား မြို့ကြီးအချို့မှာလည်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွေရှိပေမယ့် ရုံးမှာ သွားရောက်ပြီး သတ်မှတ်ရက်မှာ လူကိုယ်တိုင်သွားရောက်ယူရတဲ့ စနစ်ကျင့်သုံးဆဲဖြစ်ပါတယ်။ ရွှေ့ပြောင်းအခြေချသူ အများစုရှိတဲ့ ရန်ကုန်တမြို့တည်းမှာသာ အွန်လိုင်းကနေ ကြိုတင် QR ယူတဲ့စနစ် ကျင့်သုံးနေတာပါ။

ရန်ကုန်မှာ ကြိုတင် Booking ယူတဲ့ စနစ်ကို ပြောင်းလဲလာတာ ၆ လကျော်ရှိလာပြီဖြစ်ပြီး အစပိုင်းမှာ အဆင်ပြေလွယ်ကူပေမယ့် နိုင်ငံရပ်ခြားကို သွားလာလိုသူတွေ များပြားလာသလို နောက်ပိုင်းမှာ အကျိုးဆောင်ပွဲစားတွေ ပေါများလာတာတွေကြောင့် အခက်အခဲတွေ ပိုပြီး တွေ့လာနေရတဲ့အကြောင်း Passport ရရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။

#နိုင်ငံကူးလက်မှ #ပွဲစား #လိမ်လည် #အကျိုးဆောင် #ကျူအာကုတ် #QR ဘွတ်ကင် #ဘွတ်ကင်

XS
SM
MD
LG