သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကာလ အကောင်အထည်ဖော်မှု အခြေအနေ သတင်းစာ ရှင်းလင်း


မြန်မာငြိမ်းချမ်းရေးစင်တာ သတင်းစာရှင်းလင်း။ (စက်တင်ဘာ ၁၁၊ ၂၀၁၅) -
မြန်မာငြိမ်းချမ်းရေးစင်တာ သတင်းစာရှင်းလင်း။ (စက်တင်ဘာ ၁၁၊ ၂၀၁၅) -

အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးပါက တိုက်ပွဲကာလအတွင်းမှာ မတရား အသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖမ်းခံရသူ တွေအပြင် တိုက်ပွဲတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ က ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းရေးမှုး ဒေါက်တာ မင်းဇော်ဦးက ပြောဆိုလိုက်ပါတယ်။ အပစ်ခတ်ရပ်စဲရေး စာချုပ်လက် မှတ်ထိုးပြီးပေမယ့် ၂ဖက်တိုက်ပွဲတွေ ဆက်မဖြစ်ရေး စောင့်ကြည့်မှုတွေ မှာ ပြည်သူတွေ အတွက် ကာကွယ်ရေးအစီအစဉ်တွေကိုပါ ထည့်ထားတယ် လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း က မမေခက ပေးပို့ထားတဲ့ သတင်းကို ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီး လုပ်ဆောင်မယ့်လုပ်ငန်းတွေကို သက်ဆိုင်ရာငြိမ်းချမ်းရေးနယ်ပယ်အသီးသီးက ညှိနှိုင်းရေးမှုးတွေက သူတို့ လုပ်ဆောင် သွားမယ့် လုပ်ငန်းအသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ပြည်သူအချို့နဲ့ စစ်သုံ့ပန်းတွေနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းရေးမှုး ဒေါက်တာမင်းဇော်ဦးက ဗွီအိုအေမေးမြန်းမှုကို အခုလိုပြောခဲ့ပါတယ်။

ဒေါက်တာမင်းဇော်ဦး ပြောသွားခဲ့တာက တရားမဝင်အသင်းနဲ့ ပတ်သက်ပြီး ထောင်ချခံရသူ ဖမ်းဆီးခံရသူတွေ ကိစ္စကို ပြန်လည်သုံးသပ် စိစစ်မယ်ဆိုတာကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ ပါဝင်ပြီးသားဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးပါကလည်း တိုက်ပွဲတွေ ဆက်မဖြစ်ရေး အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ကို ဖွဲ့စည်းစောင့်ကြည့်မယ် ဆိုပေမယ့် လျော့ချနိုင်ရေးသာ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အ ကြောင်း လက်ရှိချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် အသေအပျောက်အပျက်ဆီးမှုတွေကို အရင်က ထပ်လျော့ချနိုင် ခဲ့ပြီး ဖြစ်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်မှုအပိုင်းမှာ စုံစမ်းဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အရေးယူ တုန့်ပြန်ပြီးတော့ အများပြည်သူကို အသိပေးဖို့ လုပ်ငန်းစဉ်တွေကို စဉ်းစားထားတယ်လို့ ပြောသွားတာပါ။ ဒါပေမဲ့ တရားရုံးလိုမျိုး ဘယ်သူက မှားတယ် မှန်တယ်ဆိုတာမျိုး ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

ဒါ့အပြင် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး သယံဇာတပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဗွီအိုအေမေးမြန်းမှုအပေါ် သယံဇာတခွဲရေး ကိစ္စကို နိုင်ငံရေး ဆွေးနွေးမှု မှာ ဆက်လက်ဆွေးနွေးရ မှာဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ကဦးလှမောင်ရွှေ ကပြောပါတယ်။

အရင်အစိုးရ လုပ်ခဲ့သလိုမျိုး အဖွဲ့တွေအတွက် စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးတဲ့ပုံစံ မဟုတ်တော့ပဲ ဒီအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူအများစုရဲ့ အခွင့်အရေးအတိုင်းဖြစ်စေရမယ်လို့ ဦးလှမောင်ရွှေက ပြောသွားတာပါ။

ဒီပြင် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုအရ မြေပြင်မှိုင်းရှင်းလင်းရေးနဲ့ ပတ်သတ်ပြီး မြေ ပြင်မိုင်းရှင်းလင်းရေး အပေါ် မြန်မာငြိမ်းချမ်းရေးစင်တာက ပြန်လည် ထူထောင်ရေးဆိုင်ရာ ဒါရိုက်တာ ဦးကျော်စိုးလှိုင်က မိုင်းရှင်း လင်းရေးကို လုပ်ဆောင်တာမှာနိုင်ငံတကာကပါပါဝင်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း ဒီအတွက် လုပ်ထုံးလုပ်နည်းကို နိုင်ငံတကာအဖွဲ့အစည်း ၂၀က ပညာရှင်တွေနဲ့ရေးဆွဲနေကြောင်း ဗွီအိုအေမေးမြန်းမှုကိုခုလိုဖြေခဲ့ပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့ နယ်မြေတွင်းကာကွယ်ရေးအတွက် သုံးနေတာဖြစ်လို့ မြေမြုပ်မိုင်း ဆွေးနွေးချက်ဟာ လက်နက်ချဖို့ ဆွေးနွေးနေ သလိုဖြစ်နေတာ ကြောင့်မို့လို့ ဒါကို နိုင်ငံရေး သဘောတူညီချက်ရလို့ရှိရင် လက်တွေ့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးပါက စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ ကို နှစ်ဖက် သက်ဆိုင်ရာတပ်မှုးတွေကို ၂၄နာရီအ တွင်း အကြောင်းကြား သွားရမှာပါ။ ပြီးလို့ရှိရင် အောက်ခြေနှစ်ဖက်တပ်တွေကို အပစ်ခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို ၅ရက်အ တွင်းအကုန်သိစေရန် အကြောင်းကြားပေးရပါမယ်။

၁၄ရက်ကနေ ရက် ၃၀အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို အကောင် အထည်ဖော်နိုင်ရေးမြေပြင် ကွင်းဆင်းနေရာချထားမှုတွေ လုပ်ဆောင် ရမှာဖြစ်ပါတယ်။ နောက်နှစ်ဖက် တပ်တွေလိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ရက် ၃၀အတွင်းထုတ်ပြန်ပြီး လိုက်နာရပါမယ်။ ဒါတွေပြီးပါက နိုင်ငံရေးဆွေးနွေး ပွဲလုပ်ဆောင်ဖို့အခြေခံအချက်တွေပါတဲ့ မူဘောင်ကို ရက် ၆၀အတွင်း ချရပါမယ်။ ဒီမှာမှ နိုင်ငံရေးပါတီတွေ ပါဝင်သင့်ပါဝင်ထိုက် သူတွေကပါဝင်လာရမှာပါ။ ဒါတွေပြီးသတ် နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ အပစ်ရပ်ပြီးရက်ပေါင်း ၉၀ပြည့်ပါက စတင်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG