ျမန္မာ့လံုျခံဳေရးနဲ႔ ၿငိမ္းခ်မ္းေရး၊ လက္ရွိနဲ႔ ေရွ႕အလားအလာ
(Zawgyi/Unicode)
၂၀၂၂ တႏွစ္လံုးမွာ ျမန္မာႏုိင္ငံတြင္း တိုက္ခိုက္သတ္ျဖတ္မႈေတြ ဆက္ရွိေနမယ္လုိ႔ သုေတသီတဦးက ခန္႔မွန္းပါတယ္။ စစ္အာဏာသိမ္းမႈေနာက္ဆက္တြဲ ျမန္မာႏုိင္ငံ ပဋိပကၡကို ေသြးထြက္သံယိုနည္းနည္းနဲ႔ ေျဖရွင္းႏုိင္မယ့္အေျခအေန ဒီေန႔ထိေတာ့ မေတြ႔ရေသးဘူးလို႔ ေလ့လာသူတဦးကျမင္ပါတယ္။
ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ အင္စတီက်ဴ (MIPS) က မၾကာေသးခင္ကထုတ္တဲ့ ျမန္မာ့ လံုျခံဳေရးနဲ႔ ၿငိမ္းခ်မ္းေရးဆိုင္ရာ အစီရင္ခံစာမွာ စာမ်က္ႏွာ ၂၀၀ ေက်ာ္ပါၿပီး ၂၀၂၀ နဲ႔ ၂၀၂၁ ခုနွစ္အတြင္း လက္နက္ကိုင္တိုက္ပြဲ အေျခအေနအရပ္ရပ္အျပင္ စစ္အာဏာသိမ္းမႈေနာက္ပိုင္းမွာ ျဖစ္ေပၚလာတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြ၊ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြနဲ႔ အားေပးေထာက္ခံသူေတြကို အင္အားသံုး နွိမ္နင္းၿဖိဳခြဲတာ စတာေတြကို ျဖစ္စဥ္ေတြ၊ ျဖစ္တဲ့အႀကိမ္အေရအတြက္၊ ေသဆံုးသူအေရအတြက္ စသည္အားျဖင့္ ေဖာ္ျပထားပါတယ္။
အဲဒီအစီရင္ခံစာေပၚအေျခခံၿပီး MIPS ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးမင္းေဇာ္ဦး၊ ျမန္မာ့အေရးေလ့လာသံုးသပ္သူ စာေရးဆရာ ဦးသန္းစိုးႏုိင္တို႔နဲ႔ ကိုေက်ာ္ေက်ာ္သိန္းက ေမးျမန္း ေဆြးေႏြးထားပါတယ္။
မြန်မာ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး၊ လက်ရှိနဲ့ ရှေ့အလားအလာ
(Zawgyi/Unicode)
၂၀၂၂ တနှစ်လုံးမှာ မြန်မာနိုင်ငံတွင်း တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ရှိနေမယ်လို့ သုတေသီတဦးက ခန့်မှန်းပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာနိုင်ငံ ပဋိပက္ခကို သွေးထွက်သံယိုနည်းနည်းနဲ့ ဖြေရှင်းနိုင်မယ့်အခြေအနေ ဒီနေ့ထိတော့ မတွေ့ရသေးဘူးလို့ လေ့လာသူတဦးကမြင်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အင်စတီကျူ (MIPS) က မကြာသေးခင်ကထုတ်တဲ့ မြန်မာ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာမှာ စာမျက်နှာ ၂၀၀ ကျော်ပါပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲ အခြေအနေအရပ်ရပ်အပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေနဲ့ အားပေးထောက်ခံသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲတာ စတာတွေကို ဖြစ်စဉ်တွေ၊ ဖြစ်တဲ့အကြိမ်အရေအတွက်၊ သေဆုံးသူအရေအတွက် စသည်အားဖြင့် ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာပေါ်အခြေခံပြီး MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦး၊ မြန်မာ့အရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။