သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအႀကီးအကဲ SSPP ကိုယ္စားလွယ္အဖြဲ႔နဲ႔ေတြ႔ဆုံေဆြးေႏြး


ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ရဲ႕ဒုတိယဥကၠ႒ (၁) စဝ္ေခးတိုင္းနဲ႔အဖြဲ႔ စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ေနျပည္ေတာ္သို႔ေရာက္ရွိလာစဥ္။ (ၾသဂုတ္ ၄၊ ၂၀၂၂/တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ကိုယ္စားလွယ္အဖြဲ႔တို႔ ဒီေန႔ ေနျပည္ေတာ္မွာေတြ႔ဆုံေဆြးေႏြးၾကၿပီး အဓိကအခ်က္အေနနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး၊ ဒီမိုကေရစီေရးနဲ႔ ေ႐ြးေကာက္ပြဲက်င္းပေရးကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ပါတယ္။ လတ္တေလာစစ္ေရးတင္းမာမႈေတြ ျဖစ္ေနတဲ့ မိုင္း႐ႉးၿမိဳ႕နယ္က SSPP တပ္စခန္းေတြ ေျပာင္းေ႐ႊ႕ေရးကိစၥကိုေတာ့ ေနာက္ရက္ေတြမွာ ဆက္လက္ ေဆြးေႏြးဖြယ္ရွိေနပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ မိုင္း႐ႉးၿမိဳ႕နယ္အတြင္းက ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ရဲ႕ တပ္စခန္းေတြ ေျပာင္းေ႐ႊ႕ေရးနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္အၾကား တင္းမာမႈေတြ ျမင့္တက္ ေနခ်ိန္မွာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒နဲ႔ SSPP ကိုယ္စားလွယ္အဖြဲ႔ ေတြ႕ဆုံခဲ့တာပါ။

ဒီကေန႔ေဆြးေႏြးပြဲမွာေတာ့ ဖယ္ဒယ္ရယ္ျပည္ေထာင္စုနဲ႔ ဒီမိုကေရစီစနစ္ကို ေ႐ြးေကာက္ပြဲနဲ႔ျဖတ္သန္းမယ္ဆိုတာကို အဓိကထား ေဆြးေႏြးျဖစ္တယ္လို႔ SSPP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းဖုန္းဟန္က VOA ကို ေျပာပါတယ္။

“ အဓိက အခ်က္ကေတာ့ ဒီ ဖက္ဒရယ္ျပည္ေထာင္စုအေနနဲ႔ သြားမယ္။ ၿပီးေတာ့ ဒီမိုကေရစီလမ္းစဥ္။ ေ႐ြးေကာက္ပြဲလမ္းစဥ္နဲ႔သြားမယ္။ အဲဒါကို သေဘာတူပါသလားေပါ့ေလ။ ဒါကေတာ့ တပ္ခ်ဳပ္ႀကီးက ေျပာတာေပါ့ဗ်ာ။ အဓိက ၂ ခ်က္က အဲဒါပဲ။ တျခားဟာကေတာ့ ေရွ႕ဆက္မယ့္လမ္းစဥ္ေတြက ဒီ ၿငိမ္းခ်မ္းေရး ညႇိႏႈိင္းေရးအဖြဲ႕ေတြနဲ႔ ေဆြးေႏြးပါဆိုတဲ့ သေဘာေလာက္ေပါ့။ ေျပာတာေပ့ါဗ်ာ။ တနာရီေလာက္ ေဆြးေႏြးျဖစ္တာပါ။”

ႏွစ္ဘက္ တင္းမာမႈေတြ ျဖစ္ခဲ့ရတဲ့ မိုင္းရႈးၿမိဳ႕နယ္က SSPP တပ္စခန္းေတြ ေ႐ႊ႕ေျပာင္းေရးကိုေတာ့ ဒီေန႔ ေဆြးေႏြးျဖစ္တာမရွိဘဲ ေနာက္ရက္ေတြမွာ ေဆြးေႏြးဖြယ္ရွိေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“ေျပာမယ္ဆိုရင္ေတာ့ ဒီ ေနျပည္ေတာ္အဆင့္ေဆြးေႏြးပြဲမွာက က်ေနာ္တို႔ တတိုင္း တျပည္လုံးအတိုင္းအတာအတြက္ လုပ္ရမွာျဖစ္တဲ့အတြက္မို႔ေလ၊ အဲဒီ Agenda ေတာ့ မပါေသးဘူးဗ်။ မနက္ျဖန္ သဘက္ခါ က်ေနာ္တို႔ ေဆြးေႏြးပြဲမွာ ေဆြးေႏြးျဖစ္ခ်င္လည္း ျဖစ္မွာေပါ့ဗ်ာ။ ”

ေနာက္ ၂ ရက္မွာေတာ့ SSPP ကိုယ္စားလွယ္အဖြဲ႔ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႔နဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီတို႔နဲ႔ ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ လက္ရွိ စစ္ေကာင္စီနဲ႔ SSPP တို႔ ၾကား ေဆြးေႏြးမႈက သေဘာတူညီခ်က္ေတြ ရမယ္ဆိုရင္ မိုင္း႐ႉးၿမိဳ႕နယ္အတြင္းက တပ္စခန္းေ႐ႊ႕ေျပာင္းေရးကိစၥဟာလည္း ညႇိႏႈိင္းအဆင္ေျပႏိုင္မယ္လို႔ ျမင္ေၾကာင္း ေျပာပါတယ္။

“စစ္ေရးတင္းမာေနတဲ့အေပၚမွာ အခု ႏိုင္ငံေရးအရ တျခားၿငိမ္းခ်မ္းေရးကိစၥ၊ အနာဂတ္ဖက္ဒရယ္ တည္ေဆာက္ေရးကိစၥ အဲဒါေတြ ေတြ႕ဆုံေဆြးေႏြးဖို႔ လာတယ္ဆိုတာက ေကာင္းတယ္လို႔ ျမင္ပါတယ္။ အေကာင္းဘက္ပဲ က်ေနာ္ ျမင္ပါတယ္။ ေဆြးေႏြးပြဲမွာလည္း ေဆြးေႏြးတဲ့ ေဆြးေႏြးခ်က္ေတြက ရလဒ္က ေကာင္းမယ္ ဆိုလို႔ရွိရင္ စသည္ျဖင့္ေပါ့ဗ်ာ။ သေဘာတူညီခ်က္လည္း ရမယ္ဆိုရင္ အဲဒီ ေနရာကိစၥကလည္း သူတို႔ ေဆြးေႏြးညႇိႏႈိင္းၿပီးေတာ့ အဆင္ေျပသြားႏိုင္ပါတယ္။”

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ၾကားရာမွာ NCA အပစ္ရပ္အဖြဲ႔ ၇ ဖြဲ႕နဲ႔ အပစ္မရပ္တဲ့အဖြဲ႔ ၃ ဖြဲ႕တို႔က လက္ခံထားပါတယ္။ ဒီ ၁၀ ဖြဲ႔အနက္မွာ SSPP အဖြဲ႔ဟာ ေနာက္ဆုံးေဆြးေႏြးတဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။

ဒီေဆြးေႏြးပြဲ မတိုင္ခင္ကေတာ့ မိုင္းရႈးၿမိဳ႕နယ္က SSPP တပ္စခန္း ၃ ခုေျပာင္း ေ႐ႊ႕ေရးအတြက္ စစ္ေကာင္စီက အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့သလို SSPP ကလည္း လက္မခံတာေၾကာင့္ တင္းမာမႈေတြ ျဖစ္ခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ ဖိတ္ေခၚခ်က္ကို တိုင္းရင္းသားလက္နက္ကိုင္အင္အားႀကီးအဖြဲ႔ေတြျဖစ္တဲ့ ကရင္ KNU၊ ကခ်င္ KIO တို႔နဲ႔အတူ ကရင္နီ KNPP၊ ခ်င္း CNF၊ ေက်ာင္းသားတပ္မေတာ္ ABSDF တို႔က လက္မခံေၾကာင္း ထုတ္ျပန္ခဲ့သလို တအန္း (ပေလာင္) TNLA၊ ကိုးကန႔္ MNDAA နဲ႔ ရခိုင္ AA အဖြဲ႕တို႔လည္း ပါဝင္တက္ေရာက္တာ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကောင်စီအကြီးအကဲ SSPP ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေး

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးကြပြီး အဓိကအချက်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ လတ်တလောစစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ မိုင်းရှူးမြို့နယ်က SSPP တပ်စခန်းတွေ ပြောင်းရွှေ့ရေးကိစ္စကိုတော့ နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးဖွယ်ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်စခန်းတွေ ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက် နေချိန်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့တာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာတော့ ဖယ်ဒယ်ရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ်ကို ရွေးကောက်ပွဲနဲ့ဖြတ်သန်းမယ်ဆိုတာကို အဓိကထား ဆွေးနွေးဖြစ်တယ်လို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“ အဓိက အချက်ကတော့ ဒီ ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ သွားမယ်။ ပြီးတော့ ဒီမိုကရေစီလမ်းစဉ်။ ရွေးကောက်ပွဲလမ်းစဉ်နဲ့သွားမယ်။ အဲဒါကို သဘောတူပါသလားပေါ့လေ။ ဒါကတော့ တပ်ချုပ်ကြီးက ပြောတာပေါ့ဗျာ။ အဓိက ၂ ချက်က အဲဒါပဲ။ တခြားဟာကတော့ ရှေ့ဆက်မယ့်လမ်းစဉ်တွေက ဒီ ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့တွေနဲ့ ဆွေးနွေးပါဆိုတဲ့ သဘောလောက်ပေါ့။ ပြောတာပေ့ါဗျာ။ တနာရီလောက် ဆွေးနွေးဖြစ်တာပါ။”

နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့ရတဲ့ မိုင်းရှုးမြို့နယ်က SSPP တပ်စခန်းတွေ ရွှေ့ပြောင်းရေးကိုတော့ ဒီနေ့ ဆွေးနွေးဖြစ်တာမရှိဘဲ နောက်ရက်တွေမှာ ဆွေးနွေးဖွယ်ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ဒီ နေပြည်တော်အဆင့်ဆွေးနွေးပွဲမှာက ကျနော်တို့ တတိုင်း တပြည်လုံးအတိုင်းအတာအတွက် လုပ်ရမှာဖြစ်တဲ့အတွက်မို့လေ၊ အဲဒီ Agenda တော့ မပါသေးဘူးဗျ။ မနက်ဖြန် သဘက်ခါ ကျနော်တို့ ဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ။ ”

နောက် ၂ ရက်မှာတော့ SSPP ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ လက်ရှိ စစ်ကောင်စီနဲ့ SSPP တို့ ကြား ဆွေးနွေးမှုက သဘောတူညီချက်တွေ ရမယ်ဆိုရင် မိုင်းရှူးမြို့နယ်အတွင်းက တပ်စခန်းရွှေ့ပြောင်းရေးကိစ္စဟာလည်း ညှိနှိုင်းအဆင်ပြေနိုင်မယ်လို့ မြင်ကြောင်း ပြောပါတယ်။

“စစ်ရေးတင်းမာနေတဲ့အပေါ်မှာ အခု နိုင်ငံရေးအရ တခြားငြိမ်းချမ်းရေးကိစ္စ၊ အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးကိစ္စ အဲဒါတွေ တွေ့ဆုံဆွေးနွေးဖို့ လာတယ်ဆိုတာက ကောင်းတယ်လို့ မြင်ပါတယ်။ အကောင်းဘက်ပဲ ကျနော် မြင်ပါတယ်။ ဆွေးနွေးပွဲမှာလည်း ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေက ရလဒ်က ကောင်းမယ် ဆိုလို့ရှိရင် စသည်ဖြင့်ပေါ့ဗျာ။ သဘောတူညီချက်လည်း ရမယ်ဆိုရင် အဲဒီ နေရာကိစ္စကလည်း သူတို့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆင်ပြေသွားနိုင်ပါတယ်။”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားရာမှာ NCA အပစ်ရပ်အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ ၃ ဖွဲ့တို့က လက်ခံထားပါတယ်။ ဒီ ၁၀ ဖွဲ့အနက်မှာ SSPP အဖွဲ့ဟာ နောက်ဆုံးဆွေးနွေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ မိုင်းရှုးမြို့နယ်က SSPP တပ်စခန်း ၃ ခုပြောင်း ရွှေ့ရေးအတွက် စစ်ကောင်စီက အကြိမ်ကြိမ်တောင်းဆိုခဲ့သလို SSPP ကလည်း လက်မခံတာကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ကရင် KNU၊ ကချင် KIO တို့နဲ့အတူ ကရင်နီ KNPP၊ ချင်း CNF၊ ကျောင်းသားတပ်မတော် ABSDF တို့က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို တအန်း (ပလောင်) TNLA၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA အဖွဲ့တို့လည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။

XS
SM
MD
LG