Zawgyi/Unicode
ျမန္မာႏိုင္ငံကို စက္သံုးဆီ ႀကိဳတင္ေပးၿပီး အေႂကြးစနစ္နဲ႔ ပုံမွန္ေရာင္းခ်ေနတဲ့ ျပည္ပကုမၸဏီေတြအားလုံးက မၾကာေသးခင္ကစၿပီး အေႂကြးနဲ႔ေရာင္းခ်တာကို ရပ္ဆိုင္းလိုက္ပါတယ္။ ျမန္မာႏိုင္ငံက ဘဏ္လုပ္ငန္းေတြ ကေမာက္ကမျဖစ္ေနလို႔ ေငြမေခ်ႏိုင္မွာကို စိုးရိမ္ၿပီး အခုလို ျပည္ပကုမၸဏီေတြဘက္က အေႂကြးနဲ႔ ႀကိဳေရာင္းစနစ္ကို ရပ္လိုက္တာပါ။ဒါေၾကာင့္ ျပည္တြင္းမွာ သိုေလာင္ထားတဲ့ စက္သုံးဆီ အရန္ပမာဏကလည္း အရင္ကထက္ ေလ်ာ့က်သြားပါတယ္။ စက္သံုးဆီနဲ႔ပတ္သက္ၿပီး ခုလိုျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုၿငိမ္းခ်မ္းက ေျပာျပထားပါတယ္။
ျမန္မာျပည္အတြက္ စက္သုံးဆီေရာင္းခ်ေပးေနတဲ့ ျပည္ပကုမၸဏီ ၇ ခုဟာ ျပည္တြင္းဘဏ္ေတြရဲ႕ လတ္တေလာ အေျခအေနေတြကို စိုးရိမ္ၿပီး ဆီ ႀကိဳပြိဳင့္ေရာင္းခ်တာကို ရပ္ဆိုင္းလိုက္ပါတယ္။ ႀကိဳတင္ေပးထားတဲ့ စက္သံုးဆီေတြအတြက္ ျပည္ပကုမၸဏီေတြကို အရင္က ႏွစ္လၾကာမွ ေငြေခ်ႏိုင္ေပမဲ့ အခုေတာ့ ေငြကို ခ်က္ခ်င္းေပးေခ်ရေၾကာင္း ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္း၊ ေရာင္းခ်၊ ျဖန႔္ျဖဴေရးအသင္း အတြင္းေရးမွဴး ဦးဝင္းျမင့္က ေျပာပါတယ္။
“ဘဏ္ေတြ ဝန္ထမ္းေတြ CDM လုပ္တဲ့အခါက်ေတာ့ အန္ကယ္တို႔က ပိုက္ဆံေပးရမယ့္ ရက္ေတြမွာ ဘဏ္ေတြက ပိတ္ထားတယ္။ ဟိုဘက္ကို ပိုက္ဆံမေပးႏိုင္ဘူးေပါ့ သူ႔အခ်ိန္နဲ႔သူ။ ပိုက္ဆံရမယ့္သူက စိတ္ပူတာေပါ့ သူသူကိုယ္ကိုယ္ေလ။ အဲဒီအခါမွာ အေႂကြးေတြပဲရေအာင္ သူတို႔ ေတာင္းေတာ့တယ္။ သူတို႔က အဲဒီအျဖစ္အပ်က္ႀကီးေပၚမွာ နမူနာယူၿပီးေတာ့ ဘယ္ကုမၸဏီမွ အန္ကယ္တို႔ႏိုင္ငံကို ဆီအေႂကြးမေပးေတာ့ဘူး။ အခုဆိုရင္ ပိုက္ဆံကို သေဘၤာမေရာက္ခင္ကတည္းက ႀကိဳေပးပါဆိုၿပီးေတာင္းတယ္။ အဲလိုျဖစ္သြားတယ္။”
ေလာင္စာဆီေရာင္းတဲ့ ႏိုင္ငံျခားကုမၸဏီေတြဘက္က ျမန္မာႏိုင္ငံ ဘဏ္စနစ္အေပၚ ယံုၾကည္မႈ နည္းလာတဲ့အတြက္ ခုလိုေဆာင္႐ြက္လာတာလုိ႔ ျမင္ႏုိင္ပါတယ္။ အခုဆို ေလာင္စာဆီအတြက္ က်သင့္ေငြ ႀကိဳေတာင္းေနတာမို႔ ျမန္မာႏိုင္ငံက စက္သံုးဆီ ဝယ္ယူသူေတြ အခက္ေတြ႔ေနၾကတာပါ။ ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းမွာရွိတဲ့ စက္သုံးဆီ သိုေလွာင္ကန္ေတြမွာ လက္က်န္ဆီပမာဏ ေလ်ာ့က်ေနၿပီလို႔ ေနျပည္ေတာ္မွာရွိတဲ့ ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနက လုပ္ငန္းရွင္ေတြကို အသိေပးထားပါတယ္။
သတ္မွတ္ထားတဲ့ အနည္းဆုံး လက္က်န္ပမာဏေအာက္ကို က်ေနလို႔ ျမန္မာႏိုင္ငံမွာ ဝယ္လိုအားကို အမီမလိုက္ႏိုင္မွာ စိုးရိမ္တယ္လို႔ ဇြန္လ ၂ ရက္က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။ ထပ္ၿပီး ေလ်ာ့နည္းသြားမယ္ဆိုရင္ေတာ့ ျပည္တြင္းမွာ စက္သုံးဆီျဖန႔္ျဖဴးတာကို ကန႔္သတ္သြားမယ္လို႔လည္း ေရးသားထားပါတယ္။
တကယ္တမ္း တႏိုင္ငံလုံးရဲ႕ဆီအသုံးျပဳမႈ တရက္ပမာဏနဲ႔ လက္က်န္ဆီပမာဏ ဒီႏွစ္ခုကို ခ်ိန္ဆၾကည့္မယ္ဆိုရင္ ျပည္တြင္းမွာ ေလာင္စာဆီ ျပတ္လပ္ႏိုင္တဲ့ အေနအထားမရွိေၾကာင္း စက္သုံးဆီ တင္သြင္း၊ ေရာင္းခ်၊ ျဖန႔္ျဖဴေရးအသင္း အတြင္းေရးမွဴး ဦးဝင္းျမင့္ကေတာ့ေျပာပါတယ္။ ေလာင္စာဆီ တင္သြင္းသူေတြအေနနဲ႔ တတ္ႏိုင္သေလာက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ဖုိ႔ လုပ္ေနၾကပါတယ္လို႔ ေျပာပါတယ္။
“သူတို႔က ဆီေတြေရာင္းေပးပါ၊ တခ်ိဳ႕က်လည္း တလ၊ ႏွစ္လေနမွ ပိုက္ဆံ ျပန္ေတာင္းတာေလ၊ အဲဒီအခါက်ေတာ့ ဆီေတြ ဒီမွာ ( ဆီေလွာင္ကန္ထဲမွာ) မ်ားမ်ားစားစား ထားႏိုင္တာေပါ့။ အခုကေတာ့ သူတို႔ကို ပိုက္ဆံ ဆီသေဘၤာမေရာက္ခင္ ႀကိဳေပးရတဲ့အခါက်ေတာ့ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ လုပ္ရတယ္။”
ျပည္ပကေန ဆီဝယ္ယူရာမွာ အဓိကအက်ဆုံးကေတာ့ ႏိုင္ငံျခားေငြေစ်းပဲျဖစ္ပါတယ္။ လက္ရွိမွာ အေမရိကန္ေဒၚလာတန္ဖိုး တက္ေနတာေၾကာင့္လည္း စက္သုံးဆီကို အရင္ကလို မ်ားမ်ားစားစား မဝယ္ေလွာင္ႏိုင္တဲ့ အေျခအေန ရွိပါတယ္။ တကယ္လို႔သာ ျပည္ပကေန စက္သုံးဆီကို အလုံးအရင္းနဲ႔ ဝယ္ယူလိုက္မယ္ဆိုရင္ ျပည္တြင္းမွာ အေမရိကန္ေဒၚလာေစ်းေတြ အဆမတန္ တက္သြားႏိုင္တဲ့ အေျခအေနရွိတယ္လို႔ လုပ္ငန္းရွင္ေတြက ျမင္ပါတယ္။
စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴးေနတဲ့ ျပည္တြင္းကုမၸဏီက အခု ၃၀ ေက်ာ္ေလာက္ရွိပါတယ္။ ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ လူထုအုံႂကြ ဆႏၵျပမႈေတြေၾကာင့္စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ား ပံုမွန္ မလည္ပတ္ႏုိင္ၾကေသးပါဘူး။
ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းမွာ ျမန္မာက်ပ္ေငြက တန္ဖိုးအဆမတန္က်ဆင္းေနၿပီး ျပည္ပသြင္းကုန္ေတြ အထူးသျဖင့္ စက္သုံးဆီေစ်းေတြ တက္ေနပါတယ္။ အခုႏွစ္စမွာ ဓာတ္ဆီေအာ့တိန္း 92 တဂါလံကို ၇၂၅ က်ပ္ပဲရွိေပမဲ့ အခုဇြန္ ၄ ရက္မွာေတာ့ ၉၈၅ က်ပ္ ရွိပါတယ္။ ဒီဇယ္ဆီကေတာ့ အခုႏွစ္စမွာ တလီတာကို ၇၆၅ က်ပ္ရွိေပမဲ့ ဇြန္လ ၄ ရက္မွာေတာ့ ၉၈၅ က်ပ္ ရွိပါတယ္။ ပရီမီယံ ဒီဇယ္ကေတာ့ တလီတာကို ၉၉၅ က်ပ္အထိေရာက္ေနတာလည္း ျဖစ္ပါတယ္။
Unicode
မြန်မာ စက်သုံးဆီသွင်းတဲ့ကုမ္ပဏီတွေ ပြည်ပကနေ အကြွေးနဲ့သွင်းလို့မရတော့
မြန်မာနိုင်ငံကို စက်သုံးဆီ ကြိုတင်ပေးပြီး အကြွေးစနစ်နဲ့ ပုံမှန်ရောင်းချနေတဲ့ ပြည်ပကုမ္ပဏီတွေအားလုံးက မကြာသေးခင်ကစပြီး အကြွေးနဲ့ရောင်းချတာကို ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေ ကမောက်ကမဖြစ်နေလို့ ငွေမချေနိုင်မှာကို စိုးရိမ်ပြီး အခုလို ပြည်ပကုမ္ပဏီတွေဘက်က အကြွေးနဲ့ ကြိုရောင်းစနစ်ကို ရပ်လိုက်တာပါ။ဒါကြောင့် ပြည်တွင်းမှာ သိုလောင်ထားတဲ့ စက်သုံးဆီ အရန်ပမာဏကလည်း အရင်ကထက် လျော့ကျသွားပါတယ်။ စက်သုံးဆီနဲ့ပတ်သက်ပြီး ခုလိုဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
မြန်မာပြည်အတွက် စက်သုံးဆီရောင်းချပေးနေတဲ့ ပြည်ပကုမ္ပဏီ ၇ ခုဟာ ပြည်တွင်းဘဏ်တွေရဲ့ လတ်တလော အခြေအနေတွေကို စိုးရိမ်ပြီး ဆီ ကြိုပွိုင့်ရောင်းချတာကို ရပ်ဆိုင်းလိုက်ပါတယ်။ ကြိုတင်ပေးထားတဲ့ စက်သုံးဆီတွေအတွက် ပြည်ပကုမ္ပဏီတွေကို အရင်က နှစ်လကြာမှ ငွေချေနိုင်ပေမဲ့ အခုတော့ ငွေကို ချက်ချင်းပေးချေရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
“ဘဏ်တွေ ဝန်ထမ်းတွေ CDM လုပ်တဲ့အခါကျတော့ အန်ကယ်တို့က ပိုက်ဆံပေးရမယ့် ရက်တွေမှာ ဘဏ်တွေက ပိတ်ထားတယ်။ ဟိုဘက်ကို ပိုက်ဆံမပေးနိုင်ဘူးပေါ့ သူ့အချိန်နဲ့သူ။ ပိုက်ဆံရမယ့်သူက စိတ်ပူတာပေါ့ သူသူကိုယ်ကိုယ်လေ။ အဲဒီအခါမှာ အကြွေးတွေပဲရအောင် သူတို့ တောင်းတော့တယ်။ သူတို့က အဲဒီအဖြစ်အပျက်ကြီးပေါ်မှာ နမူနာယူပြီးတော့ ဘယ်ကုမ္ပဏီမှ အန်ကယ်တို့နိုင်ငံကို ဆီအကြွေးမပေးတော့ဘူး။ အခုဆိုရင် ပိုက်ဆံကို သင်္ဘောမရောက်ခင်ကတည်းက ကြိုပေးပါဆိုပြီးတောင်းတယ်။ အဲလိုဖြစ်သွားတယ်။”
လောင်စာဆီရောင်းတဲ့ နိုင်ငံခြားကုမ္ပဏီတွေဘက်က မြန်မာနိုင်ငံ ဘဏ်စနစ်အပေါ် ယုံကြည်မှု နည်းလာတဲ့အတွက် ခုလိုဆောင်ရွက်လာတာလို့ မြင်နိုင်ပါတယ်။ အခုဆို လောင်စာဆီအတွက် ကျသင့်ငွေ ကြိုတောင်းနေတာမို့ မြန်မာနိုင်ငံက စက်သုံးဆီ ဝယ်ယူသူတွေ အခက်တွေ့နေကြတာပါ။ ဒါကြောင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာရှိတဲ့ စက်သုံးဆီ သိုလှောင်ကန်တွေမှာ လက်ကျန်ဆီပမာဏ လျော့ကျနေပြီလို့ နေပြည်တော်မှာရှိတဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက လုပ်ငန်းရှင်တွေကို အသိပေးထားပါတယ်။
သတ်မှတ်ထားတဲ့ အနည်းဆုံး လက်ကျန်ပမာဏအောက်ကို ကျနေလို့ မြန်မာနိုင်ငံမှာ ဝယ်လိုအားကို အမီမလိုက်နိုင်မှာ စိုးရိမ်တယ်လို့ ဇွန်လ ၂ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ထပ်ပြီး လျော့နည်းသွားမယ်ဆိုရင်တော့ ပြည်တွင်းမှာ စက်သုံးဆီဖြန့်ဖြူးတာကို ကန့်သတ်သွားမယ်လို့လည်း ရေးသားထားပါတယ်။
တကယ်တမ်း တနိုင်ငံလုံးရဲ့ဆီအသုံးပြုမှု တရက်ပမာဏနဲ့ လက်ကျန်ဆီပမာဏ ဒီနှစ်ခုကို ချိန်ဆကြည့်မယ်ဆိုရင် ပြည်တွင်းမှာ လောင်စာဆီ ပြတ်လပ်နိုင်တဲ့ အနေအထားမရှိကြောင်း စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ပြောပါတယ်။ လောင်စာဆီ တင်သွင်းသူတွေအနေနဲ့ တတ်နိုင်သလောက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လုပ်နေကြပါတယ်လို့ ပြောပါတယ်။
“သူတို့က ဆီတွေရောင်းပေးပါ၊ တချို့ကျလည်း တလ၊ နှစ်လနေမှ ပိုက်ဆံ ပြန်တောင်းတာလေ၊ အဲဒီအခါကျတော့ ဆီတွေ ဒီမှာ ( ဆီလှောင်ကန်ထဲမှာ) များများစားစား ထားနိုင်တာပေါ့။ အခုကတော့ သူတို့ကို ပိုက်ဆံ ဆီသင်္ဘောမရောက်ခင် ကြိုပေးရတဲ့အခါကျတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ရတယ်။”ြ
ပြည်ပကနေ ဆီဝယ်ယူရာမှာ အဓိကအကျဆုံးကတော့ နိုင်ငံခြားငွေဈေးပဲဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်နေတာကြောင့်လည်း စက်သုံးဆီကို အရင်ကလို များများစားစား မဝယ်လှောင်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ တကယ်လို့သာ ပြည်ပကနေ စက်သုံးဆီကို အလုံးအရင်းနဲ့ ဝယ်ယူလိုက်မယ်ဆိုရင် ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးတွေ အဆမတန် တက်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ လုပ်ငန်းရှင်တွေက မြင်ပါတယ်။
စက်သုံးဆီ တင်သွင်းဖြန့်ဖြူးနေတဲ့ ပြည်တွင်းကုမ္ပဏီက အခု ၃၀ ကျော်လောက်ရှိပါတယ်။ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် လူထုအုံကြွ ဆန္ဒပြမှုတွေကြောင့်စီးပွားရေးလုပ်ငန်းတော်တော်များများ ပုံမှန် မလည်ပတ်နိုင်ကြသေးပါဘူး။
နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေက တန်ဖိုးအဆမတန်ကျဆင်းနေပြီး ပြည်ပသွင်းကုန်တွေ အထူးသဖြင့် စက်သုံးဆီဈေးတွေ တက်နေပါတယ်။ အခုနှစ်စမှာ ဓာတ်ဆီအော့တိန်း 92 တဂါလံကို ၇၂၅ ကျပ်ပဲရှိပေမဲ့ အခုဇွန် ၄ ရက်မှာတော့ ၉၈၅ ကျပ် ရှိပါတယ်။ ဒီဇယ်ဆီကတော့ အခုနှစ်စမှာ တလီတာကို ၇၆၅ ကျပ်ရှိပေမဲ့ ဇွန်လ ၄ ရက်မှာတော့ ၉၈၅ ကျပ် ရှိပါတယ်။ ပရီမီယံ ဒီဇယ်ကတော့ တလီတာကို ၉၉၅ ကျပ်အထိရောက်နေတာလည်း ဖြစ်ပါတယ်။
#MyanmarPetroleum #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း