သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရဲတပ်ဖွဲ့နဲ့ သတင်းဖလှယ် ဆက်သွယ်မှု ဩစတေးလျရဲတပ်ဖွဲ့ ဝေဖန်ခံရ


ရန်ကုန်၊ သာကေတမြို့နယ်တွင် ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေသည့် ရဲများ။ ၆ မေ ၂၀၂၁။
ရန်ကုန်၊ သာကေတမြို့နယ်တွင် ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေသည့် ရဲများ။ ၆ မေ ၂၀၂၁။

ဩစတေးလျနိုင်ငံ ဖက်ဒရယ်အစိုးရ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြား ဆက်နွယ် ပတ်သက်မှု ရှိတယ်ဆိုတာကို ဩစတေးလျ ရဲတပ်ဖွဲ့က ဝန်ခံပြောဆိုတဲ့အကြောင်း ဒီနေ့ထုတ် ABC သတင်းမှာ ရေးပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် အရေးယူပိတ်ဆို့ဖို့ ဩစတေးလျအစိုးရ အပေါ် တောင်းဆိုနေချိန်မှာပဲ မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့ ဩစတေးလျ ရဲတပ်ဖွဲ့အကြား ပတ်သက်မှုတွေကို Greens ပါတီက အထက်လွှတ်တော်အမတ် Jordon Steele-John က အထက်လွှတ်တော်မှာ စစ်ဆေး မေးခွန်းထုတ်ခဲ့တာပါ။

ဩစတေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး Ian McCartney က မြန်မာရဲတပ်ဖွဲ့နဲ့ ဆက်နွယ်ပတ်သက်မှုတွေဟာ သင်တန်းပေးတာမျိုး၊ စွမ်းရည်မြှင့်တင်ပေးတာမျိုး မဟုတ်ဘဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလို ဩစတေလျဘက်က လိုအပ်တာတွေအတွက် ဖြစ်ကြောင်း တုံ့ပြန်ဖြေကြားခဲ့တာကို ABC သတင်းမှာ ရေးသားထားပါတယ်။

ဩစတေးလျနိုင်ငံ လမ်းမတွေပေါ်ရောက်လာတဲ့ မီသိုင်းအမ်ဖာတမင်း စိတ်ကြွဆေးပြားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ရောက်လာတာလို့လည်း ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး Ian McCartney က ပြောပါတယ်။ ဒါ့ကြောင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရည်ရွယ်ချက် အတွက် သတင်းအချက်အလက် ဖလှယ်ဖို့ နိုင်နှစ်နိုင်ငံရဲတပ်ဖွဲ့အကြာ: အကန့်အသတ်နဲ့ ဆက်ဆံနေတဲ့အကြောင်း ပြောဆိုသွားတာပါ။

တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ လှု့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျုးလွန်နေတယ်ဆိုပြီး ဆက်ဆံရေး ဖြတ်တောက်ဖို့၊ ပိတ်ဆို့ဒဏ်ခတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဩစတေးလျအစိုးရကတော့ မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်ဖို့ စဉ်းစားနေဆဲ ဖြစ်တဲ့အကြောင်း တုံ့ပန်ပြောဆိုပြီး ဘယ်လို အရေးယူဖို့ စဉ်းစားနေတယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

မြန်မာရဲတပ်ဖွဲ့နဲ့ သတင်းဖလှယ် ဆက်သွယ်မှု ဩစတေးလျရဲတပ်ဖွဲ့ ဝေဖန်ခံရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

{Unicode}








XS
SM
MD
LG