မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးအပါအဝင် ၃ ဦးဟာ ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတာ ၁၁ ရက်ကြာလာပြီဖြစ်ပြီး သတိမေ့မျောတာတွေ ဖြစ်နေတဲ့အပြင် ဆေးသွင်းနေရပြီး ကျန်းမာရေးချို့တဲ့လာပြီဖြစ်တဲ့အကြောင်း မိသားစုဝင်တွေက ပြောကြပါတယ်။ သူတို့ကို ဖမ်းဆီးထားတာဟာ ၆ လကြာတဲ့အထိ ဥပဒေအရ ဆုံးဖြတ်ချက်တစုံတရာ မချသေးတဲ့အတွက် အခုလို အစာငတ်ခံနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာကြပ်ကြိုးဝိုင်းမှာရှိတဲ့ လယ်ယာမြေတွေ ပြန်ရရေး လယ်သမားတွေကို အကူအညီပေးခဲ့တဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက် ၃ ခုက အဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၁၈၊ သင်းဖွဲ့ပုဒ်မ ၆ နဲ့ အရေးယူပြီး ၆ လ ကြာတဲ့အထိ အမှုကို ဆုံးဖြတ်ချက် မချတဲ့အတွက် ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးဟာ အခုဆိုရင် သတိမေ့တဲ့အထိ ကျန်းမာရေး ချို့တဲ့လာကြောင်း မောင်တော်စပ်သူက ပြောပြပါတယ်။
“(ဆန္ဒ) ပြနေတုန်းပါပဲ။ သတိမေ့နေတယ်-တဲ့။ တွေ့ခွင့်မရသေးဘူး၊ အဆက်အသွယ်လည်း လုပ်လို့မရဘူး။ ဘာမှ မေးလို့ မရဘူး။ ထောင်ကိုလှမ်းခေါ်တာ ဘယ်လိုမှ မေးလို့မရဘူး။ ဟိုးတပတ်သောကြာ၊ ပြီးခဲ့တဲ့ကြာသာပတေးအထိဆို ၇ ရက်၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ- ဒီနေ့အထိဆိုရင် ၁၁ ရက်ပေါ့။ ကြားတာကတော့ ၈ ရက်၊ ၉ ရက်မြောက်လောက်က သတိမေ့သွားတာပဲ။”
အစာငတ်ခံဆန္ဒပြနေသူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါ်ခင်မိမိခိုင်ရဲ့ အမဖြစ်သူ ဒေါ်အေးမိကလည်း ထောင်ထဲက အခြေအနေကို ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ပြီး အစာငတ်ခံ ဆန္ဒပြနေကြသူတွေထဲမှာ လေဖြတ်နေတဲ့ ဒေါ်မြင့်မြင့်အေးက ပိုပြီးတော့ ကျန်းမာရေး စိုးရိမ်ရတယ်လို့ ပြောပြပါတယ်။
“ဒေါ်မြင့်မြင့်အေးက အားနည်းပြီးတော့ - သူက လေဖြတ်ထားတာ နှစ်ခါရှိပြီ။ အဲဒီတော့ သူက စိုးရိမ်နေရပါတယ်။ သာမန်အချိန်ကတည်းကကို သူ့ကို စိုးရိမ်နေရတာလေ။ သူ့ကို ဆေးသွင်းလိုက်ရပါပြီ-တဲ့၊ ကျန်းမာရေးချို့တဲ့လာလို့-တဲ့။ အဲဒီလို ပြောပါတယ်။ ဒေါ်မြင့်မြင့်အေးက အခု ဆေးသွင်းနေရပါတယ်။ လျှမ်းနေထက်ကလည်း ဆေးသွင်းရပါတယ်။ ခင်မိမိခိုင်ကတော့ မသွင်းရသေးပါဘူး။ ဒါပေမယ့် သူ့ကိုလည်းသွင်းဖို့ အခြေအနေရှိတယ်။ သူက ငြင်းဆန်နေလို့။”
ပြီးခဲ့တဲ့ တပတ်ကျော်၊ သောကြာနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြလာခဲ့တာ အခုဆိုရင် ၁၁ ရက် ရှိလာနေပြီး သူတို့ရဲ့ ကျန်းမာရေး ထိခိုက်မှုတွေအတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြတာပါ။ အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ မိသားစုတွေကိုလည်း ထောင်ဝင်စာပိတ်ထားပါတယ်။ သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကလည်း အမှု ကြန့်ကြာရတာဟာ ဥပဒေအရ မဖြစ်သင့်တဲ့အကြောင်း အခုလို ပြောပြပါတယ်။
“သူတို့ Hunger Strike လုပ်တဲ့အတွက် ထောင်ကပြောမယ်။ ဒါဟာ ထောင်ရဲ့ ဥပဒေချိုးဖောက်တယ်လို့ ပြောမယ်၊ တဘက်ကလည်း ဒီဟာပေါ် မကျေနပ်လို့ သူတို့ကလည်း ဖော်ထုတ်တယ်ပေါ့နော်- Hunger Strike နဲ့ ဖော်ထုတ်တယ်။ ဒါပေမဲ့ တိုင်းဒေသကြီးတရားလွှတ်တော်က အောက်ရုံးက စွဲချက်တင်သင့်တယ် ဆိုလည်း တင်ပေါ့။ အဲလို အောက်ရုံးတိုင်းက တင်သင့်တယ်မထင်လို့ လွှတ်မယ် ဆိုလည်း လွှတ်ပေါ့ဗျာ။ ဒီနှစ်ခု အမိန့်ချဖို့အတွက် ဘာဖြစ်လို့ ဒီလောက် ကြန့်ကြာနေရသလဲဆိုတာ အမှုသည်တွေရော၊ အမှုသည်ရဲ့ မိသားစုတွေရော စဉ်းစားစရာ ဖြစ်လာတယ်။ ကျနော်တို့ ရှေ့နေများ ဘက်ကတော့ တင်ထားပြီးပြီ၊ လျှောက်လဲချက်ပေးပြီးပြီ။ အမိန့်ချဖို့ရက်စောင့်-ဒါပဲရှိတယ်။ မဟုတ်လို့ရှိရင် လွှတ်တင်-လွှတ်လိုက်၊ ချလို့ရတယ်။ ဘာဖြစ်လို့ သူတို့ အဲဒီလောက်အထိ အချိန်ကို hold လုပ်နေလဲ။ ဘယ်လိုဥပဒေနဲ့ ဘယ်လိုစွဲထားတယ်ဆိုတာ သူတို့ သိမြင်နေရတဲ့ ကိစ္စရပ်တွေပဲ။ ဒါကို အခုထက်ထိ အမိန့်မချပေးသေးဘူးဆိုတော့ - အခုတော့ မိသားစုက တိုင်းဒေသကြီး တရားလွှတ်တော်ကို သွားမေးတာတောင်မှ အဖြေမပေးဘဲနဲ့ ရှောင်တိမ်းပြောဆိုနေတော့ ဘာသဘောလဲ။ ဘာဖြစ်လို့ တရားရုံးတွေက အဲလောက် တင်းမာနေတာလဲ။ စဉ်းစားစရာပဲ-နော။”
မြန်မာအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းသက်သာခွင့် ၁၀ ကြိမ်ကျော် ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲက ထောင်ကျပြီးသား ၅၀ ခန့် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမှုရင်ဆိုင်နေရသူ၊ အမှု စွဲဆိုခံနေရတဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ ဆက်နွယ်နေတဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ရာဂဏန်းမှာရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ အကူအညီပေးရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
မြန်မာအစိုးရကတော့ ၂၀၁၃ ခုနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်လို့ ပြောထားခဲ့ပြီး ဒီဇင်ဘာလထဲမှာပဲ အကျဉ်းသားတချို့ ပြန်လွှတ်ပေးခဲ့သလို အဲဒီအထဲက တချို့ဟာ အမှုစွဲဆိုခံထားရပြီး တရားရုံးတွေမှာ အမှုရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ပုဒ်မ ၁၈ နဲ့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၅၀၅ (ခ) ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ ဖမ်းဆီးမှုတွေ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်ရှင်။