သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအက်ဥ္းသား ၆၀ နီးပါး ၿမိတ္ေထာင္က လြတ္လာ 


ၿမိတ္အက်ဥ္းေထာင္ (ဓါတ္ပုံ-DVB)

[Zawgyi]

ၿမိတ္အက်ဥ္းေထာင္ကေန လြတ္ရက္ေစ့တဲ့ ႏိုင္ငံေရးအက်ဥ္းသားအေယာက္ ၆၀ နီးပါး ဒီေန႔ ျပန္လြတ္လာပါတယ္။ ပုဒ္မ ၅၀၅ နဲ႔ဖမ္းဆီး ေထာင္ခ်ခံရသူေတြ၊ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံခဲ့ရသူေတြျဖစ္တဲ့အေၾကာင္း ၿမိတ္ ႏိုင္ငံေရးအက်ဥ္းသား ေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာပါတယ္။ အက်ဥ္းေထာင္ေတြထဲက အေျခအေနကို အျပင္က မသိႏိုင္ေအာင္ ပိတ္ပင္ကန္႔သတ္မႈေတြ ပိုမ်ားလာသလို၊ ေထာင္တြင္း လူ႔အခြင့္ အေရးခ်ိဳးေဖာက္ခံရမႈေတြ ပိုဆိုးလာတယ္လို႔ လြတ္ေျမာက္လာသူေတြကို ကိုးကားၿပီး အက်ဥ္းသားအေျခအေန ေစာင့္ၾကည့္သူေတြက ေျပာပါတယ္။ ၿမိတ္အက်ဥ္းေထာင္က ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္လာတဲ့အေၾကာင္း သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပပါ႕မယ္။

ဒီကေန႔ စက္တင္ဘာ ၃၀ ရက္ မနက္ပိုင္းမွာ ၿမိတ္အက်ဥ္းေထာင္ကေန ၅၇ ေယာက္ျပန္လည္လြတ္ေျမာက္လာၾကတာမွာ အမ်ိဳးသမီး ၄ ေယာက္နဲ႔ အမ်ိဳးသား ၅၃ ေယာက္ပါဝင္ပါတယ္။ ျမိတ္ ႏိုင္ငံေရးအက်ဥ္းသား ေစာင့္ၾကည့္ေရးအဖြဲ႕က တာဝန္ရွိသူတဦးကေတာ့ လြတ္ေျမာက္လာသူ အားလုံးဟာ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံရသူေတြျဖစ္တယ္လို႔ VOA ကို ေျပာပါတယ္။

"၅၇ ေယာက္လြတ္တယ္။ တရက္ထဲအဖမ္းခံရသူေတြေပါ့။ ႏိုင္ငံေရးအက်ဥ္းသားေတြဘဲေပါ့.အမ်ိဳးသမီး ၄ေယာက္ပါတယ္။ အဲထဲမွာ အသက္ ၆၀ ေက်ာ္ ၄ေယာက္ေလာက္ပါတယ္။ သူတို႔က ေထာင္ ၂ ႏွစ္က်တယ္။ ခုလလြတ္ရက္ေစ့တာေပါ့ ေလ်ာ့ရက္ခံစားခြင့္ရွိသြားတာေပါ့၊ အကုန္လုံးမွာ ၅၇ ေယာက္မွာ ၄၀ေလာက္ ဆႏၵျပလို႔ဖမ္းခံရတာ က်န္တာက ဆႏၵျပတာကို ရပ္ၾကည့္လို႔ဖမ္းခံရတဲ့သူလဲ ပါတယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ဆို အိမ္ထဲေနရင္းဝင္ဖမ္းခံရသူေတြလဲပါတယ္။"

အခုလ ၁ ရက္ေန႔နဲ႔ ၉ ရက္ေန႔ေတြမွာလည္း ၿမိတ္အက်ဥ္းေထာင္ကေန ေထာင္ဒဏ္ ၂ ႏွစ္အမိန္႔ခ်ခံ ထားရတဲ့ႏိုင္ငံေရးအက်ဥ္းသား စုစုေပါင္း ၄၉ ဦး ျပန္လည္လြတ္ေျမာက္ ခဲ့ပါတယ္။

ျပန္လြတ္လာသူေတြဟာ ၂၀၂၁ ခုႏွစ္ မတ္လ ၂၆ ရက္ေန႔က ၿမိဳ႕အႏွံ႔ ဆႏၵျပမႈေတြမွာ ဖမ္းဆီးခံခဲ့ရသူ ေတြျဖစ္တယ္လို႔ ၿမိတ္အက်ဥ္းသားေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာပါတယ္။ ၂၀၂၁ မတ္လ ၂၆ရက္ေန႔က ေ႐ႊျပည္တန္ လမ္းဆုံ သပိတ္ၿဖိဳခြင္းမႈမွာ အဖမ္းခံရသူေတြအမ်ားဆုံး ျဖစ္တယ္လို႔ ျပန္လြတ္လာတဲ့သူေတြကေျပာျပပါတယ္။

အဲဒီၿဖိဳခဲြမႈအတြင္း ဆႏၵျပသူေတြကို စစ္တပ္က အလြန္အကြၽံ အင္အားသုံးႏွိမ္ႏွင္းၿပီး ပစ္ခတ္မႈေတြ လုပ္ခဲ့တာေၾကာင့္ အမ်ိဳးသား ၃ ဦးနဲ႔ အမ်ိဳးသမီး ၁ ဦး ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ထိခိုက္ဒဏ္ရာရတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က အတည္ျပဳခ်က္ မေပးသလို သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိပါဘူး။

လက္ရွိၿမိတ္အက်ဥ္းေထာင္ထဲမွာ ႏိုင္ငံေရးအက်ဥ္းသားစုစုေပါင္း ၃၀၀ ေက်ာ္က်န္ရွိေန ေသးတယ္လို႔ အက်ဥ္းသားေစာင့္ၾကည့္ေရးအဖြဲ႕က မွန္းထားပါတယ္။ အက်ဥ္းက်ခံေနရတဲ့ ကာလ ႏိုင္ငံေရးအက်ဥ္းသား အက်ဥ္း သူေတြအေနနဲ႔ ဖိႏွိပ္မႈ ပုံစံမ်ိဳးစုံနဲ႔ႀကဳံေတြ႕ခဲ့ရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသား ေစာင့္ၾကည့္ေရးအဖြဲ႕က တာဝန္ရွိသူတဦးကေျပာပါတယ္

"သူတို႔ေျပာတာကေတာ့ အက်ဥ္းေထာင္ေတြထဲမွာ အခန္းလူႀကီးေတြေပါ့ေလ တန္းဆီးေပါ့ အဲလူ ေတြက ႏိုင္ငံေရးအက်ဥ္းသားေတြကိုဖိႏွိပ္တာရွိတယ္ ေနာက္ တန္းဆီးတို႔စည္းကမ္းထိန္းတို႔ေပါ့ေလ အဲဒါေတြကသူတို႔လုပ္ပိုင္ခြင့္အာဏာကို အလြဲသုံးစားလုပ္ပါဝါျပတာေတြရွိတယ္။ ေနာက္ဖိႏွိပ္မႈေတြ အရဆို တျခားသူေတြထက္မ်က္စိေဒါက္ေထာက္ၾကည့္ခံရတာမ်ိဳးရွိတယ္။"

စစ္ေကာင္စီရဲ႕ ျပည္တဲေရးဝန္ႀကီးဌာန အက်ဥ္းဦးစီးဘက္ကေတာ့ သူတို႔အေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသား ဆိုတဲ့ စကားကို နားမလည္သလို ယုံၾကည္ခ်က္ေၾကာင့္အက်ဥ္းက်ခံေနရသူေတြ ဆိုတာမ်ိဳး အက်ဥ္း ေထာင္ထဲ မရွိဘူးလို တုံ႔ျပန္ေျပာဆိုထားပါတယ္။ အက်ဥ္းသားေတြအေပၚ အက်ဥ္းေထာင္လက္စြဲက်င့္ဝတ္အတိုင္း ထိန္းသိမ္းဆက္ဆံေနတယ္လို႔ ေျပာပါတယ္။

အက်ဥ္းေထာင္ေတြထဲက အေျခအေနေတြကို အျပင္က မသိေအာင္၊ သတင္းအေမွာင္ ခ်ထားတာ၊ ျပင္ပနဲ႔ ပိတ္ပင္ အဆက္အသြယ္ျဖတ္ ေတာက္ တာ၊ ကိုဗစ္ေရာဂါ ကာကြယ္ေရး အေၾကာင္းျပၿပီး မိသားစုနဲ႔ေတြ႕ခြင့္မေပးတာ ေတြ လုပ္ေနတဲ့အတြက္ ေထာင္တြင္း ညႇဥ္းပန္းႏွိပ္စက္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အျပင္က သိပ္မသိၾကဘူးလို႔ အက်ဥ္းသား ကူညီေရး အဖြဲ႕ေတြေျပာၾကပါတယ္။

ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ထုတ္ျပန္ခ်က္အရ စစ္အာဏာ သိမ္းၿပီးေနာက္ကေန စက္တင္ဘာ ၂၉ထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္း ၁၅၀၀၀ ေလာက္ရွိၿပီး ဒီထဲက ၁၂၀၀၀ က်ာ္ဟာ ဆက္လက္ဖမ္းဆီးခံေနရဆဲျဖစ္ပါတယ္။ ျပန္လည္လြတ္လာသူ ဦးေရဟာ ၃၂၀၀ေလာက္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီ ဘက္ကေတာ့ AAPP စာရင္းရဲ႕ စာရင္းေတြဟာ ခ်ဲ႕ကားထားတဲ့ စာရင္းျဖစ္တယ္ဆိုၿပီး လက္မခံဘဲပယ္ ခ်ထားပါတယ္။

#ႏိုင္ငံေရးအက်ဥ္းသား #ၿမိတ္ေထာင္ #ေထာင္ #ေရႊျပည္တန္ #သပိတ္ #သပိတ္ၿဖိဳခြင္း

တိုက္႐ိုက္ လင့္ခ္

နိုင်ငံရေးအကျဉ်းသား ၆၀ နီးပါး မြိတ်ထောင်က လွတ်လာ

[Unicode]

မြိတ်အကျဉ်းထောင်ကနေ လွတ်ရက်စေ့တဲ့ နိုင်ငံရေးအကျဉ်းသားအယောက် ၆၀ နီးပါး ဒီနေ့ ပြန်လွတ်လာပါတယ်။ ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီး ထောင်ချခံရသူတွေ၊ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူတွေဖြစ်တဲ့အကြောင်း မြိတ် နိုင်ငံရေးအကျဉ်းသား စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အကျဉ်းထောင်တွေထဲက အခြေအနေကို အပြင်က မသိနိုင်အောင် ပိတ်ပင်ကန့်သတ်မှုတွေ ပိုများလာသလို၊ ထောင်တွင်း လူ့အခွင့် အရေးချိုးဖောက်ခံရမှုတွေ ပိုဆိုးလာတယ်လို့ လွတ်မြောက်လာသူတွေကို ကိုးကားပြီး အကျဉ်းသားအခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။ မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အကြောင်း သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပါ့မယ်။

ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ မြိတ်အကျဉ်းထောင်ကနေ ၅၇ ယောက်ပြန်လည်လွတ်မြောက်လာကြတာမှာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၅၃ ယောက်ပါဝင်ပါတယ်။ မြိတ် နိုင်ငံရေးအကျဉ်းသား စောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတဦးကတော့ လွတ်မြောက်လာသူ အားလုံးဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေဖြစ်တယ်လို့ VOA ကို ပြောပါတယ်။

"၅၇ ယောက်လွတ်တယ်။ တရက်ထဲအဖမ်းခံရသူတွေပေါ့။ နိုင်ငံရေးအကျဉ်းသားတွေဘဲပေါ့.အမျိုးသမီး ၄ယောက်ပါတယ်။ အဲထဲမှာ အသက် ၆၀ ကျော် ၄ယောက်လောက်ပါတယ်။ သူတို့က ထောင် ၂ နှစ်ကျတယ်။ ခုလလွတ်ရက်စေ့တာပေါ့ လျော့ရက်ခံစားခွင့်ရှိသွားတာပေါ့၊ အကုန်လုံးမှာ ၅၇ ယောက်မှာ ၄၀လောက် ဆန္ဒပြလို့ဖမ်းခံရတာ ကျန်တာက ဆန္ဒပြတာကို ရပ်ကြည့်လို့ဖမ်းခံရတဲ့သူလဲ ပါတယ်။ နောက်ပြီးတော့ တချို့ဆို အိမ်ထဲနေရင်းဝင်ဖမ်းခံရသူတွေလဲပါတယ်။"

အခုလ ၁ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း မြိတ်အကျဉ်းထောင်ကနေ ထောင်ဒဏ် ၂ နှစ်အမိန့်ချခံ ထားရတဲ့နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄၉ ဦး ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။

ပြန်လွတ်လာသူတွေဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က မြို့အနှံ့ ဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံခဲ့ရသူ တွေဖြစ်တယ်လို့ မြိတ်အကျဉ်းသားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ၂၀၂၁ မတ်လ ၂၆ရက်နေ့က ရွှေပြည်တန် လမ်းဆုံ သပိတ်ဖြိုခွင်းမှုမှာ အဖမ်းခံရသူတွေအများဆုံး ဖြစ်တယ်လို့ ပြန်လွတ်လာတဲ့သူတွေကပြောပြပါတယ်။

အဲဒီဖြိုခွဲမှုအတွင်း ဆန္ဒပြသူတွေကို စစ်တပ်က အလွန်အကျွံ အင်အားသုံးနှိမ်နှင်းပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အတည်ပြုချက် မပေးသလို သီးခြားအတည်ပြုချက်တော့ မရရှိပါဘူး။

လက်ရှိမြိတ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၃၀၀ ကျော်ကျန်ရှိနေ သေးတယ်လို့ အကျဉ်းသားစောင့်ကြည့်ရေးအဖွဲ့က မှန်းထားပါတယ်။ အကျဉ်းကျခံနေရတဲ့ ကာလ နိုင်ငံရေးအကျဉ်းသား အကျဉ်း သူတွေအနေနဲ့ ဖိနှိပ်မှု ပုံစံမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသား စောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်

"သူတို့ပြောတာကတော့ အကျဉ်းထောင်တွေထဲမှာ အခန်းလူကြီးတွေပေါ့လေ တန်းဆီးပေါ့ အဲလူ တွေက နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တာရှိတယ် နောက် တန်းဆီးတို့စည်းကမ်းထိန်းတို့ပေါ့လေ အဲဒါတွေကသူတို့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပါဝါပြတာတွေရှိတယ်။ နောက်ဖိနှိပ်မှုတွေ အရဆို တခြားသူတွေထက်မျက်စိဒေါက်ထောက်ကြည့်ခံရတာမျိုးရှိတယ်။"

စစ်ကောင်စီရဲ့ ပြည်တဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဘက်ကတော့ သူတို့အနေနဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားကို နားမလည်သလို ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေ ဆိုတာမျိုး အကျဉ်း ထောင်ထဲ မရှိဘူးလို တုံ့ပြန်ပြောဆိုထားပါတယ်။ အကျဉ်းသားတွေအပေါ် အကျဉ်းထောင်လက်စွဲကျင့်ဝတ်အတိုင်း ထိန်းသိမ်းဆက်ဆံနေတယ်လို့ ပြောပါတယ်။

အကျဉ်းထောင်တွေထဲက အခြေအနေတွေကို အပြင်က မသိအောင်၊ သတင်းအမှောင် ချထားတာ၊ ပြင်ပနဲ့ ပိတ်ပင် အဆက်အသွယ်ဖြတ် တောက် တာ၊ ကိုဗစ်ရောဂါ ကာကွယ်ရေး အကြောင်းပြပြီး မိသားစုနဲ့တွေ့ခွင့်မပေးတာ တွေ လုပ်နေတဲ့အတွက် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်က သိပ်မသိကြဘူးလို့ အကျဉ်းသား ကူညီရေး အဖွဲ့တွေပြောကြပါတယ်။

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းပြီးနောက်ကနေ စက်တင်ဘာ ၂၉ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၅၀၀၀ လောက်ရှိပြီး ဒီထဲက ၁၂၀၀၀ ကျာ်ဟာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ပြန်လည်လွတ်လာသူ ဦးရေဟာ ၃၂၀၀လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီ ဘက်ကတော့ AAPP စာရင်းရဲ့ စာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းဖြစ်တယ်ဆိုပြီး လက်မခံဘဲပယ် ချထားပါတယ်။

#နိုင်ငံရေးအကျဉ်းသား #မြိတ်ထောင် #ထောင် #ရွှေပြည်တန် #သပိတ် #သပိတ်ဖြိုခွင်း

XS
SM
MD
LG