သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးနဲ့ ပတ်သက်ဖို့ လူထု စိုးရိမ်


မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ ရှိနေတဲ့ ဒီနှစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ စည်းရုံးရေး လုပ်ငန်းတွေကို စတင်နေပြီ ဖြစ်ပေမဲ့ ထင်သလောက်တော့ ခရီးမပေါက်တဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

ဒီလဆန်းပိုင်းကစလို့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပေမဲ့ ဆယ်စုနှစ် ၂ ခုကြာ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတဲ့ လူထုအနေနဲ့ ပါဝင်ပတ်သက်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြတာပါ။

အထူးသဖြင့်ကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ တရားဝင် လုပ်ဆောင်ခွင့် ရလာကြပေမဲ့ အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်တာမို့ အနှောင့်အယှက် ပေးတာတွေ ခံရလေမလား အရပ်သားတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

စစ်အစိုးရက ဒီနှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လာပြီးတဲ့ နောက်မှာမှ တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီတွေ အဖြစ် ထူထောင်လာကြသူတွေဟာ ငွေကြေး မပြည့်စုံမှုတွေဟာလည်း စည်းရုံးရေး လုပ်ငန်းတွေအတွက် အဟန့်အတားတွေ ဖြစ်နေရကြောင်း ပြောပါတယ်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေမှာတော့ တိုင်းနဲ့ပြည်နယ်တွေ အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ အနည်းဆုံး ပါတီဝင် ၁,၀၀၀ ရှိရမှာ ဖြစ်သလို တိုင်း ဒါမှမဟုတ် ပြည်နယ်တခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအနေနဲ့ အဖွဲ့ဝင် အနည်းဆုံး ၅၀၀ ရှိရမယ်လို့ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အရင်တပတ်ထဲအထိ နိုင်ငံရေးပါတီဟောင်း ၅ ခုနဲ့ အသစ် ၃၇ ခုတို့ ပါတီမှတ်ပုံတင်ခွင့်နဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့် လျှောက်ထားရာမှာ ၄ ပါတီသာ ထူထောင်ခွင့် ချပေးဖို့ ကျန်တော့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG