မြန်မာနိုင်ငံရဲ့ လူဦးရေက ၅၉ သန်း ကျော်သွားပြီလို့ စစ်အစိုးရက ဆိုပါတယ်။ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူဦးရေ ၀န်ကြီးဌာနက ၂၀၀၉ ခုနှစ် အဆုံးအထိ ကောက်ယူခဲ့တဲ့ လူဦးရေ စာရင်းအရ ပြောတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ လူဦးရေ ၅၉,၁၂၀,၀၀၀ အနက် အသက် ၁၈ နှစ် ကျော်သူက သန်းပေါင်း ၃၀ လောက် ရှိပါတယ်။ ဒီအရေအတွက်ကတော့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေ အရေအတွက်လည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ်လို့တော့ အစိုးရက ရက်အတိအကျ မကြေညာသေးပါဘူး။
မြန်မာနိုင်ငံရဲ့ လူဦးရေက တနှစ်ကို ၂% လောက်နဲ့ တိုးတက်နေတယ်လို့ စစ်အစိုးရက ဆိုပါတယ်။