သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ တရုတ်နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်

 Chinese lamps to celebrate the Lunar New Year in Yangon
1/8 Chinese lamps to celebrate the Lunar New Year in Yangon
Chinese lamps to celebrate the Lunar New Year in Yangon
3/8 Chinese lamps to celebrate the Lunar New Year in Yangon
Chinese lamps to celebrate the Lunar New Year in Yangon
5/8 Chinese lamps to celebrate the Lunar New Year in Yangon
In this photo taken Saturday, Jan. 7, 2012, a Myanmar girl waits for customers at a shop selling Chinese New Year decorations for the upcoming Chinese New Year in Yangon, Myanmar. (AP Photo/Apichart Weerawong)
8/8 In this photo taken Saturday, Jan. 7, 2012, a Myanmar girl waits for customers at a shop selling Chinese New Year decorations for the upcoming Chinese New Year in Yangon, Myanmar. (AP Photo/Apichart Weerawong)
Previous slide
Next slide

အစိုးရသစ်လက်ထက်မှာ ပထမဆုံးကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကိုတော့ ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန် တရုတ်တန်းမှာ ပြင်ဆင်နေကြပါပြီ။ တိရိစ္ဆာန်တွေနဲ့ အမှတ်အသားပြုထားတဲ့ တရုတ်ရိုးရှာပြက္ခဒိန်ရဲ့ ရာသီခွင် ၁၂ခုမှာ မျောက်နှစ်ကုန်ဆုံးပြီး ကြက်နှစ်ကို ကူးပြောင်းတော့မှာပါ။ ကြက်နှစ်ဟာ အလုံးစုံကံကောင်းစေတဲ့ နှစ်အဖြစ် ယူဆပါတယ်။ ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူး ပြင်ဆင်နေမှု အခြေအနေတွေကို ကိုထက်အောင်ခန့်က စုစည်းတင်ပြထားပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကိုတော့ ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်လူမျိုး အသင်းအဖွဲ့တွေက စုပေါင်းပြီးတော့ကျင်းပတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်က တရုတ်တန်းလမ်းမပေါ်မှာ မီးပုံအလှဆင်တာတွေ စတုဒီတာ ကျွေးမွေး တာတွေပြုလုပ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ လည်းဖြစ်ပါတယ်။ အခုလိုပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲ ကျင်းပတာ နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းက အလုပ်အမှုဆောင် ဦးလှမင်းက VOA ကို အခုလိုပြောပါတယ်။

" ကျနော်တို့ တရုတ်ကုန်သည်ကြီးအသင်းရယ် ဖူးဂျက်အသင်းရယ် ကွမ်တုံ အသင်းရယ် ယူနန်အသင်းရယ် ကယ်ဆယ်ရေးအသင်းရယ် ငါးသင်းပေါင်းပြီးတော့ တရုတ်တန်းမှာ မီးပုံးထွန်းတာ လုပ်တယ်။ နောက်ပြီး ကျနော်တို့ နှစ်ကူး ၂၈ရက်နေ့ မနက်ကျလို့ရှိရင် ကျနော်တို့က မဏ္ဍပ်ငါးခု လုပ်ထားပြီးတော့ အဲ့ဒီ့မှာ ပျော်ပွဲရွှင်ပွဲ လုပ်တယ်။ နောက်ပြီးလို့ရှိရင် စတုဒိသာ ကျွေးမွေးပါတယ်။"

တရုတ်ရိုးရာမှာ ရာသီခွင်ဆယ့်နှစ်ရာသီရှိပြီးတော့ ရာသီခွင်တိုင်းကို တိရစ္ဆာန်များနဲ့ ကိုယ်စားပြုကြပါတယ်။ ဇန်နဝါရီလ (၂၈) ရက်နေ့ကစလို့ တရုတ်ရိုးရာ ကြက်နှစ်ကို စတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ကြက်နှစ်ဟာ အလုံးစုံကံကောင်းတဲ့ နှစ် တနှစ်ဖြစ်တယ်လို့ တရုတ်လူမျိုးတွေက ယူဆကြပါတယ်။ အခုလိုကံကောင်းတဲ့ ကြက်နှစ်မှာ စည်ကားသိုက်မြိုက်စွာကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဦးလှမင်းက အခုလိုဆက်ပြောပါတယ်။

" ကျနော်တို့ တရုတ်အနေနဲ့ကတော့ ဒီကြက်နှစ်ကတော့ ကောင်းတဲ့နှစ်ခေါ် တာပေါ့ဗျာ။ ဒီဥစ္စာ ကျနော်တို့ဟာ ခါတိုင်းနှစ်နဲ့မတူအောင် ဒီနှစ် ဒီပွဲတော်ကြီးကို ပထမအကြိမ်ဖြစ်တဲ့အတွက် စည်စည်ကားကားနဲ့ သိုက်သိုက်မြိုက်မြိုက်ဖြစ်အောင် လို့တော့ အားလုံးဝိုင်းပြီးတော့ ကြိုးစားပြီးတော့ဆောင်ရွက်နေတယ်။"

အရင်နှစ်တွေကနဲ့မတူ ကျင်းပခွင့်ရတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာတော့ နဂါးအကအလှပြိုင်ပွဲတွေနဲ့လည်း ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ နဂါးအက အလှအဖွဲ့တွေဟာဆိုရင် တရုတ်နှစ်ကူးမတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင် မှုတွေပြုလုပ်နေကြပါတယ်။

နဂါးအကအဖွဲ့တဖွဲ့ဖြစ်တဲ့ ရိလုံနဂါးအဖွဲ့က အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုစိုးသူအောင် ကလည်း သူရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

"ကျနော်တို့ ငယ်ငယ်တုန်းကလေးကတည်းက တခါမှ မတွေ့ဖူးခဲ့တဲ့ပုံစံမျိုးကို ကျနော် မြင်ရတာလေ။ ဆိုတော့ အရမ်းကို ဝမ်းသာမိတယ်။ အရမ်းလည်း အံ့သြမိတယ်။ ကျနော်တို့ ငယ်ငယ်ကလေးကတည်းက ဒီလသာမှာပဲ ကြီးလာတာပဲ။ အခုအချိန်အထိ တခါမှ မမြင်ခဲ့ရဘူး ဒီလိုပုံစံမျိုး။ ဒီလိုမြင်ကွင်းမျိုးပေါ့ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ China Town ကြီးဟာ အရမ်းကိုစည်ကားတယ်။ တရုတ်ပြည်က တရုတ်တန်းလိုပဲ မီးပုံးတွေနဲ့ ဟို ၂၈ရက်လောက်နေ့ဆို ပိုစည်မှာ ကျနော်သိတယ်ခင်ဗျ။"

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သံအမတ်ကြီးကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကိုလည်း ကြက်နှစ်မှာ စီးပွားလာဒ်လာဘတိုးတက်ပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့လည်း ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။

မြန်မာ တရုတ်နှစ်သစ်ကူးပွဲတော် (၂၀၁၇) သတင်းဓာတ်ပုံများ

 Chinese lamps to celebrate the Lunar New Year in Yangon
1/8 Chinese lamps to celebrate the Lunar New Year in Yangon
Chinese lamps to celebrate the Lunar New Year in Yangon
3/8 Chinese lamps to celebrate the Lunar New Year in Yangon
Chinese lamps to celebrate the Lunar New Year in Yangon
5/8 Chinese lamps to celebrate the Lunar New Year in Yangon
In this photo taken Saturday, Jan. 7, 2012, a Myanmar girl waits for customers at a shop selling Chinese New Year decorations for the upcoming Chinese New Year in Yangon, Myanmar. (AP Photo/Apichart Weerawong)
8/8 In this photo taken Saturday, Jan. 7, 2012, a Myanmar girl waits for customers at a shop selling Chinese New Year decorations for the upcoming Chinese New Year in Yangon, Myanmar. (AP Photo/Apichart Weerawong)
Previous slide
Next slide

ရန်ကုန်မှာ တရုတ်နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်
please wait

No media source currently available

0:00 0:03:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG