မြန်မာနိုင်ငံမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီး နောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ်တဲ့ လာအိုနိုင်ငံခရီးစဉ်မှာတော့ သမ္မတဦးထင်ကျော်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်တို့ကို ဒုတိယသမ္မတနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား အဆင့်မြင့် တာဝန် ရှိသူတွေက နေပြည်တော်လေဆိပ်မှာ လိုက်လံပို့ဆောင်ကြပါတယ်။
အရပ်သားအစိုးရသစ် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပထမဆုံး ပြည်ပခရီးစဉ် လာအို (သတင်းမှတ်တမ်းဓာတ်ပုံများ
![](https://gdb.voanews.com/8e466091-21ce-4f4b-bf5e-d77cd1868452_w1024_q10_s.jpg)
၉
![](https://gdb.voanews.com/e459e460-2a77-49b0-bbe6-77b1676431d1_w1024_q10_s.jpg)
၁၀
![Myanmar-Laos](https://gdb.voanews.com/63cdcce1-1692-4f17-9549-2308e0684e15_w1024_q10_s.jpg)
၁၁
Myanmar-Laos