သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်နဲ့ ပူးပေါင်းဆောင်ရွက်မည်ဟု ကာချုပ်ရုံးထုတ်ပြန်

1/13
အသေးစိတ် ဖတ်ရှုရန် Show less
2/13
အသေးစိတ် ဖတ်ရှုရန် Show less
3/13
အသေးစိတ် ဖတ်ရှုရန် Show less
4/13
အသေးစိတ် ဖတ်ရှုရန် Show less
5/13
အသေးစိတ် ဖတ်ရှုရန် Show less
6/13
အသေးစိတ် ဖတ်ရှုရန် Show less
7/13
အသေးစိတ် ဖတ်ရှုရန် Show less
8/13
အသေးစိတ် ဖတ်ရှုရန် Show less
9/13
အသေးစိတ် ဖတ်ရှုရန် Show less
10/13
အသေးစိတ် ဖတ်ရှုရန် Show less
11/13
အသေးစိတ် ဖတ်ရှုရန် Show less
(ဓါတ်ပုံ-NLD Chairperson)
12/13 (ဓါတ်ပုံ-NLD Chairperson)
အသေးစိတ် ဖတ်ရှုရန် Show less
13/13
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးချယ်ခဲ့တဲ့ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် လွှတ်တော်က တင်မြှောက်လိုက်တဲ့အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြိုဆိုလိုက်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုချက်တွေလည်း ထပ်မံထွက်ပေါ်လာနေပါတယ်။

လက်ရှိသမ္မတဦးသိန်းစိန်က ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာချက်မှာတော့ သမ္မတသစ် ဦးထင်ကျော် ကို ရွေးချယ် တင်မြှောက်လိုက်တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လက်တွဲဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကလည်း ဆယ်စုနှစ်တွေအတွင်း အရပ်သားစစ်စစ် သမ္မတသစ်တဦး ထွက်ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ခြေလှမ်းသစ်တရပ်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့သလို၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး Ben Rhodes ကလည်း Twitter လူမှုကွန်ယက်မှာ ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon ကလည်း သမ္မတသစ်တဦး ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုလိုက်သလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ကြီးမားတဲ့ အောင်မြင်မှုတရပ် အဖြစ်နဲ့လည်း အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ချီးကျုးသွားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးကလည်း ချီးကျုးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ မှတ်တိုင်တခု အဖြစ်နဲ့လည်း ပြင်သစ် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Jean-Marc Ayrault က ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား တို့အပြင်၊ မြန်မာနိုင်ငံ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ချီးကျုးဂုဏ်ယူကြောင်း ပြောဆိုခဲ့ကြတာပါ။

သမ္မတသစ်ရွေးချယ်ခဲ့တဲ့ မနေ့တုန်းကတော့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတွေ သာမက ဂျပန်၊ သြစတြေးလျ၊ ဗြိတိန် တို့ကလည်း ကြိုဆိုကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

XS
SM
MD
LG