သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲ သမ္မတဦးထင်ကျော် တက်မည်


အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲ အင်တာနက်စာမျက်နှာ
အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲ အင်တာနက်စာမျက်နှာ

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတဦးထင်ကျော် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲကိုတော့ မေလ ၁၉ ရက်နဲ့ ၂၀ ရက် နှစ်ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာဘဲ မြန်မာ - ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ လွှတ်တော်က အတည်ပြုထားတာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်းတွေအပြင် တခြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ရုရှားနိုင်ငံဟာဆိုရင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရဆဲဖြစ် တဲ့ မြန်မာနိုင်ငံကို စစ်လက်နက် အများဆုံး ရောင်းချပေးနေ တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက် တင်ပို့ ရောင်းချ မှု ပိတ်ပင်ထားတာ သက်တမ်းတိုးတဲ့အကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Rosoboronexport နဲ့ Irkut တို့က အခုနှစ်ကုန်မှာ မြန်မာနိုင်ငံကို Yak – 130 အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ် ရောင်းချသွားဖို့ ရှိတယ်လို့ ရုရှား သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG