သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီး သွားရောက်မည်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်မှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီ တရားဝင် ခရီးစဉ်နဲ့အတူ သမ္မတ ဦးဝင်းမြင့်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် (၈) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးနဲ့ (၉) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီး စည်းဝေးပွဲတွေကိုလည်း တက်ရောက်မှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ ထိုင်းနိုင်ငံကို ဘယ်နေ့မှာ သွားမယ်ဆိုတာကို ဖော်ပြထားခြင်း မရှိပေမယ့် ACMECS နဲ့ CLMV ထိပ်သီး စည်းဝေးပွဲတွေကို ဘန်ကောက်မြို့မှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်အကြား ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဦးဝင်းမြင့်အနေနဲ့ နိုင်ငံတော်သမ္မတ တာဝန် စတင် ထမ်းဆောင်ပြီးနောက်မှာ ဒုတိယအကြိမ်မြောက် သွားရောက်တဲ့ နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်တဲ့ ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လမှာ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁.၀၄ ဘီလီယံ ရှိခဲ့တာကြောင့် ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်ပက တိုက်ရိုက် လာရောက် ရင်းနှီးမြုပ်နှံတဲ့ ပမာဏ စုစုပေါင်းရဲ့ ၁၄.၅၃ ရာခိုင်နှုန်းနဲ့ ညီမျှပြီး တတိတယ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့ ထိပ်ဆုံးနိုင်ငံကတော့ တရုတ်ဖြစ်ပြီး စင်္ကာပူက ဒုတိယနေရာမှာ ရှိနေပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၂.၄၅% ရှိခဲ့တာမှာ မြန်မာနိုင်ငံက ထိုင်းဘက်ကို ဒေါ်လာ ၁.၄ ဘီလီယံနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ပြီး ထိုင်းဘက်ကနေ ၁.၀၅ နဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG