[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္မႈနဲ႔ ပတ္သက္လို႔ သတင္းမွား၊ သတင္းတုေတြ မျပန္႔ေအာင္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ၾကပ္မတ္ေပးဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနက စာေပးပို႔ေျပာၾကားခဲ့ပါတယ္။
ေမလ ၂၀ ရက္ေန႔စြဲနဲ႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သတင္းမီဒီယာေကာင္စီကို ေပးပို႔တဲ့စာထဲမွာ စကၤာပူအေျခစိုက္ Channel News Asia သတင္းဌာနက ဧၿပီလ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့သတင္းကို ဥပမာေပးေဖာ္ျပထားပါတယ္။ အဲဒီသတင္းထဲမွာ စကၤာပူမွာ အလုပ္လုပ္ခြင့္ပါမစ္ရထားၾကတဲ့ အေဆာင္ေန ႏိုင္ငံျခားသား အလုပ္သမားေတြ COVID-19 ေရာဂါကူးစက္တာနဲ႔ ပတ္သက္လို႔ သတင္းမွားေတြ ျဖန္႔တဲ့အေၾကာင္း ေျပာထားတာပါ။
ႏိုင္ငံျခားသားအလုပ္သမားေတြ ေနၾကတဲ့ အေဆာင္ေတြမွာ ျပႆနာျဖစ္ေအာင္ လံႈ႔ေဆာင္တဲ့အေနနဲ႔ သတင္း Video အတုေတြကို ရည္႐ြယ္ခ်က္႐ွိ႐ွိ ျဖန္႔ေနတာကို သိ႐ွိထားေၾကာင္းနဲ႔ ဒါကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ အေရးယူသြားမယ့္အေၾကာင္း စကၤာပူ ျပည္ထဲေရးဝန္ႀကီးရဲ႕ အေျပာကိုလည္း အဲဒီ Channel News Asia သတင္းထဲမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ဒီလိုျဖစ္စဥ္မ်ဳိး ျမန္မာႏိုင္ငံမွာ မျဖစ္ေအာင္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ႀကိဳတင္ကာကြယ္ေဆာင္႐ြက္ဖုိ႔ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕စာထဲမွာ ေျပာၾကားထားပါတယ္။
#covid19 #သတင္းမွားသတင္းတု #ျပည္ထဲေရးဝန္ႀကီးဌာန #ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ #ဗီြအိုေအျမန္မာ #voaburmese #channelnewsasia #ကိုဗစ္
[Unicode Version]
သတင်းမှားသတင်းတုမဖြန့်အောင် ကြပ်မတ်ပေးဖို့ မီဒီယာကောင်စီကို ပြည်ထဲရေး စာပို့
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ သတင်းမှား၊ သတင်းတုတွေ မပြန့်အောင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြပ်မတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စာပေးပို့ပြောကြားခဲ့ပါတယ်။
မေလ ၂၀ ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းမီဒီယာကောင်စီကို ပေးပို့တဲ့စာထဲမှာ စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့သတင်းကို ဥပမာပေးဖော်ပြထားပါတယ်။ အဲဒီသတင်းထဲမှာ စင်္ကာပူမှာ အလုပ်လုပ်ခွင့်ပါမစ်ရထားကြတဲ့ အဆောင်နေ နိုင်ငံခြားသား အလုပ်သမားတွေ COVID-19 ရောဂါကူးစက်တာနဲ့ ပတ်သက်လို့ သတင်းမှားတွေ ဖြန့်တဲ့အကြောင်း ပြောထားတာပါ။
နိုင်ငံခြားသားအလုပ်သမားတွေ နေကြတဲ့ အဆောင်တွေမှာ ပြဿနာဖြစ်အောင် လှုံ့ဆောင်တဲ့အနေနဲ့ သတင်း Video အတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာကို သိရှိထားကြောင်းနဲ့ ဒါကို ဂရုတစိုက် စောင့်ကြည့် အရေးယူသွားမယ့်အကြောင်း စင်္ကာပူ ပြည်ထဲရေးဝန်ကြီးရဲ့ အပြောကိုလည်း အဲဒီ Channel News Asia သတင်းထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာ မဖြစ်အောင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြိုတင်ကာကွယ်ဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့စာထဲမှာ ပြောကြားထားပါတယ်။
#covid19 #သတင်းမှားသတင်းတု #ပြည်ထဲရေးဝန်ကြီးဌာန #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #ဗွီအိုအေမြန်မာ #voaburmese #channelnewsasia #ကိုဗစ်