သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလောက လွတ်လပ်မှု မရှိသေး


မြန်မာသတင်းလောက လွတ်လပ်မှု မရှိသေး
မြန်မာသတင်းလောက လွတ်လပ်မှု မရှိသေး

မြန်မာနိုင်ငံမှာ ပိတ်ပင်ထားခဲ့တဲ့ ပြည်ပက အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို မကြာသေးခင် ရက်ပိုင်းကပဲ ပြန်ဖွင့်ပေးလိုက်ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေကတော့ နိမ့်ကျနေဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့တွေက ပြစ်တင် ဝေဖန်လိုက်ကြပါတယ်။

ဗွီအိုအေ အမေရိကန်အသံ အပါအဝင် အရင်က ပိတ်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပင်ထားတာတွေ ရပ်ဆိုင်းသွားပေမဲ့ အင်တာနက်ဆိုင်တွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး လပိုင်းလောက်မှာပဲ ဒီလိုလုပ်လာတာလို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထောက်ပြလိုက်ပါတယ်။

ဝါရှင်တန် အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) ကလည်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေအပေါ် စိစစ် ဖြတ်တောက်မှုတွေဟာ အကြီးအကျယ် ရှိနေဆဲ ဖြစ်သလို အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ်လို့ ကတိပြုထားပေမဲ့ သိသိသာသာ တိုးတက်မှု မရှိသေးတဲ့အကြောင်း မနေ့တုန်းကပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံထဲမှာ စာနယ်ဇင်းသမား ၁၇ ယောက်ကိုလည်း ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်တဲ့အကြောင်း RSF က ပြောပါတယ်။

CPJ ရဲ့ ကြေညာချက်မှာလည်း မကြာသေးခင်ကပဲ သတင်းသမား ၂ ယောက်ကို နှစ်ရှည်ထောင်ဒဏ် အပြစ်တွေ စီရင်ခဲ့သလို စာနယ်ဇင်း ထုတ်ဝေခွင့် အများအပြားဟာ ဆိုရင်လည်း သတင်းရေးသား ဖော်ပြမှုတွေအတွက် ယာယီထုတ်ဝေခွင့် ရပ်ဆိုင်းခံရတာတွေ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG