သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးအကြံပေး သံတမန်တွေကို ရခိုင်လုံခြုံရေးအခြေအနေရှင်းလင်း


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ဒီကနေ့ နေ့လည်ပိုင်းမှာ နိုင်ငံခြား သံတမန်တွေကို ခေါ် ယူရှင်းလင်းခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းကို ရှာဖွေသွားမယ်လို့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက သံတမန် တွေကို ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ ပြု လုပ်တဲ့ ဒီရှင်းလင်းပွဲကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းနဲ့အတူ ပြည်ထဲရေး ဝန် ကြီးနဲ့ ကာကွယ်ရေး ဒုဝန်ကြီးတို့လည်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ဒေသအနီးက ကျေးရွာတွေ မှာတော့ အုပ်ချုပ်ရေးစနစ်တွေ ယိုယွင်းနေပြီး ဘူးသီးတောင်နဲ့ မောင်တော စတဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ တော့ အခြေအနေ တည်ငြိမ်စပြုနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါ တယ်။

သြဂုတ်လ ၂၅ရက်ကစတင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကျော့ပြန် အကြမ်းဖက်မှုအနေနဲ့ ARSA အဖွဲ့က ဦးဆောင်ပြီး လုံခြုံရေးကင်းစခန်းတွေအပေါ် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။ ဒီတကျော့ပြန် တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသအနီး ကျေးရွာတွေက ဒေသခံတွေဟာ မြို့ပေါ်ကို တိမ်းရှောင်လာနေကြရပြီး လက်ရှိ အချိန်ထိတော့ လုံခြုံရေးအရ စိတ်ချရတဲ့ အနေအထားမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG