သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်း မြန်မာဗဟိုဘဏ် တိုးမြှင့်


မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို မြန်မာနိုင်ငံ ဗဟိုဘဏ်က တိုးမြှင့်လိုက်ပါတယ်။ အမေရိကန် ဒေါ်လာ တဒေါ်လာကို မြန်မာ ကျပ်ငွေ ၁၃၅၁ ကျပ် အဖြစ် အင်္ဂါနေ့က သတ်မှတ်လိုက်တယ်လို့ မြန်မာအစိုးရ သတင်းစာ Global New Light of Myanmar မှာ ဖေါ်ပြထားပါတယ်။

မြန်မာ့ငွေလဲနှုန်းဟာ ၁ ဒေါ်လာကို ၁၃၂၃ ကျပ်ရှိခဲ့ရာက သင်္ကြန်အပြီး ဧပြီလနှောင်းပိုင်းက စလို့ တဖြေးဖြေး မြင့်တက်လာခဲ့ပြီး ပြီါ်ခဲ့တဲ့ တနင်္လာနေ့မှာတော့ ၁ ဒေါ်လာကို ၁၃၅၀ ကျပ်အထိ မြင့်တက်လာခဲ့တာပါ။

ဒီလို မြန်မာငွေ တန်ဖိုး လျော့ကျရတာဟာ နိုင်ငံတွင်းကို ပြည်ပ ကုန် တင်သွင်းမှု မြင့်မားလာပြီး တင်သွင်းသူတွေကို နိုင်ငံတကာ ဒေါ်လာ ပေါက်ဈေး အတိုင်း ပြန်လည်ထုတ်ပေးနေရလို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်း မြန်မာဗဟိုဘဏ် တိုးမြှင့်
please wait

No media source currently available

0:00 0:07:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG