သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း ဟိန္ဒူအလောင်းများ တူးဖော်တွေ့ရှိသည့်နေရာ(သတင်းဓါတ်ပုံများ)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင်း ရဲဘော်ကျားကျေးရွာအနီးမှာ လူသေအလောင်းတွေ မြုပ်နှံထားတဲ့ကျင်းကြီးတွေကို တူးဖော်စစ်ဆေးရာမှာ ဟိန္ဒူလူမျိုး ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်းကို ပြန်ဖော် တွေ့ရှိထားပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဟိန္ဒူလူမျိုး ၁၀၀နီးပါး ပျောက်ဆုံးနေတာကြောင့်၊ နောက်ထပ် အလောင်းတွေလည်း ထပ်တွေ့မယ်လို့ မျှော်လင့်နေရပါတယ်။ ရုပ်အလောင်းတွေ ဖော်တဲ့နေရာမှာ ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ဗွီအိုအေသတင်းထောက်များ ပေးပို့သည့် သတင်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါပြီ။
နောက်ထပ် အစီအစဉ်များ

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG