သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်းအားကစားပွဲမှာ ရွှေ ၁၅ ဆုနဲ့ မြန်မာ အဆင့် ၈ မှာရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ ဝူရှူး ချန်းချွမ် (အမျိုးသမီး) မြောက်ပိုင်း လက်သိုင်းပြိုင်ပွဲ အားကစားနည်းပြိုင်ပွဲအတွင်းမှာ ပထမ (ရွှေတံဆိပ်ဆု) ရရှိခဲ့တဲ့ မစန္ဒီဦး (မေ ၁၂၊ ၂၀၂၃)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဝူးရှုးပြိုင်ပွဲတွေ ရွှေတံဆိပ် တခုအပါအဝင် ဆုတံဆိပ် ၃ ခု ထပ်ရခဲ့ပါတယ်။

ဒီနေ့ မေလ ၁၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ ဝူရှူး အားကစားပြိုင်ပွဲတွေအတွင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်တဲ့ မစန္ဒီဦးက ချန်းချွမ် (အမျိုးသမီး) မြောက်ပိုင်း လက်သိုင်းပြိုင်ပွဲအတွင်း ရွှေတံဆိပ်ရရှိခဲ့ပြီး၊ မချယ်ရီသန်းက အမျိုးသမီး ၄၈ ကီလို အတိုက်ပြိုင်ပွဲမှာ ဒုတိယဆုငွေတံဆိပ် နဲ့ မအေးသစ္စာမြင့်က (နန်းသောင်း (အမျိုးသမီး) တောင်ပိုင်းဓားသိုင်းပြိုင်ပွဲ) အားကစားနည်းပြိုင်ပွဲအတွင်း ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာကျင်းပနေတဲ့ ၃၂ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ ဝူရှူး ဆန်းဆိုပြိုင်ပွဲ ၄၈ ကီလို အမျိုးသမီး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေတဲ့ မြန်မာကိုယ်စားပြု မချယ်ရီသန်း (အနီ) (မေ ၁၂၊ ၂၀၂၃)

ဒါ့အပြင် အမျိုးသမီးတိုက်ကွမ်ဒိုတဦးချင်း ပြိုင်ပွဲမှာလည်း နိုင်ဧကရီစိုးက တတိယကြေးတံဆိပ်တခုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၊ ငွေတံဆိပ် ၁ ခု နဲ့ ကြေးတံဆိပ် ၂ ခုကို ထပ်မံရရှိလိုက်တာဖြစ်ပါတယ်။

ဒီနေ့ မေလ ၁၂ ရက်နေ့အထိ နောက်ဆုံးသိရသလောက် ဆုတံဆိပ်ရရှိမှု အနေအထားမှာတော့၊ ဗီယက်နမ်က ရွှေ ၆၇၊ ငွေ ၆၆၊ ကြေး ၇၇ နဲ့ ပထမ၊ ထိုင်းနိုင်ငံက ရွှေ ၆၀၊ ငွေ ၄၂ ၊ ကြေး ၆၃ နဲ့ ဒုတိယ၊ အိမ်ရှင် ကမ္ဘောဒီးယားက ရွှေ ၅၇ ၊ ငွေ ၄၇ ၊ ကြေး ၆၃ နဲ့ တတိယအသီးသီးရပ်တည်နေကြပြီး၊ မြန်မာနိုင်ငံကတော့ ရွှေ ၁၅ ၊ ငွေ ၁၄၊ ကြေး ၄၁ နဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG