သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အပျော်ဆုံးနိုင်ငံစာရင်း မြန်မာ အဆင့် ၁၃၀


မြန်မာကလေးငယ်များ။
မြန်မာကလေးငယ်များ။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းထဲမှာ မြန်မာနိုင်ငံကို အဆင့် ၁၃၀ မှာ သတ်မှတ်ထားပါ တယ်။ ကုလသမဂ္ဂ ရေရှည်ခိုင်မာသော ဖွံ့ဖြိုးတိုးတက်ရေးအဖြေများကွန်ယက် SDSN က နိုင်ငံပေါင်း ၁၅၆ နိုင်ငံကိုလေ့လာ ပြုစု ပြီးတော့ မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပျော်ရွှွင်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ အဲဒီလိုသတ်မှတ်ထား တာပါ။

လူတဦးချင်းဝင်ငွေ၊ လူမှုဖူလုံရေးအထောက်အပံ့၊ ကျန်းမာတဲ့ လူ့သက်တမ်း၊ လူမှုလွတ်လပ်ခွင့်၊ အလှူအတန်းရက်ရောမှုနဲ့ အကျင့်ပျက်ခြစားမှု ကင်းရှင်းတာ စတဲ့အချက်တွေကို တိုင်းတာ အမှတ်ပေးပြီးတော့ ပျော်ရွှင်မှုအဆင့်ကို သတ်မှတ်တာပါ။

ကမ္ဘာမှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဒီနှစ်စာရင်းမှာ သတ်မှတ်ခံရတာကတော့ ဖင်လန်နိုင်ငံဖြစ်ပြီး ပြီးတဲ့တဲ့နှစ်က အဆင့် ၅ မှာ ရှိခဲ့တာကနေ တက်လာတာပါ။ ပြီးခဲ့တဲ့နှစ်က အဆင့် ၁ မှာရှိခဲ့တဲ့ နော်ဝေးနိုင်ငံကတော့ ဒီနှစ် အဆင့် ၂ ကို လျော့သွားပါတယ်။

ထိပ်တန်း ၁၀ နိုင်ငံထဲမှာပါတဲ့ တခြားနိုင်ငံတွေကတော့ ဒိန်းမတ်၊ အိုက်စ်လန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်နဲ့ သြစတြေးလျနိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ အဆင့် ၁၄ ရှိခဲ့တာကနေ အဆင့် ၁၈ ကိုရောက်သွားပြီး ဗြိတိန် က အဆင့် ၁၉ နဲ့ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု UAE က အဆင့် ၂၀ မှာ အသီးသီးရှိကြပါတယ်။

အဆင့် ၁၅၆ နဲ့ ကမ္ဘာမှာ ပျော်ရွှင်မှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာကတော့ အာဖရိကတိုက်က Burundi နိုင်ငံဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG