သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘက် ကျတဲ့ဗုံး ကိုးကန့်ကို မြန်မာပြစ်တင်


တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံဘက်ထဲ ဗုံးကျတယ်ဆိုတာဟာ ကိုးကန့်လက်နက်ကိုင်တွေက နားလည်မှုလွဲအောင်ဖန်တီးဖို့ တရုတ်နိုင်ငံထဲ ပစ်လိုက်တာဖြစ်နိုင်တယ်လို့ မြန်မာအစိုးရက တုန့်ပြန်ပြောဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး အလေးအနက်ထား တာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စနေနေ့မှာ တောင်းဆိုလိုက်ပြီးတဲ့ နောက် မြန်မာအစိုးရဘက်က တုန့်ပြန်ချက် စနေနေ့မှာပဲ ထွက်လာတာပါ။

မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ လေကြောင်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ကို အပြည့်အ၀ အသိပေးအကြောင်းကြားခဲ့ ပြီးတော့ အဲဒီလိုအသိပေးထားတဲ့အတိုင်း အတိအကျ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးတဦးဖြစ်သူ ဦးဇော်ဌေးကပြောတာကို မတ်လ ၁၄ ရက်၊ စနေနေ့ရက်စွဲနဲ့ ရိုက်တာသတင်းတပုဒ်မှာဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်အားလုံးဟာ မြန်မာပိုင်နက်ထဲမှာပဲဖြစ်တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

တရုတ်ဘက်ကို ဗုံးကျတယ်ဆိုတာဟာ မြန်မာစစ်တပ်နဲ့ တိုက်နေသူတွေက တရုတ်နဲ့မြန်မာကြား နားလည်မှုလွဲအောင် ရည်ရွယ် ချက်နဲ့ ဖန်တီးတာဖြစ်နိုင်ပြီး တရုတ်သံတမန်တွေကို ဆင့်ခေါ်ပြီးတော့ ရှင်းပြဖို့စီစဉ်ထားတယ်လို့ ဦးဇော်ဌေးကပြောတာကို ရိုက်တာသတင်းမှာ တိုက်ရိုက် ကိုးကားဖော်ပြထားပါတယ်။

XS
SM
MD
LG