သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အခြေချတဲ့ ဒုက္ခသည်တွေအနက် မြန်မာအများဆုံး

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံက ဒုက္ခသည် ၁ သောင်းကို အမေရိကန်က လက်ခံမယ်လို့ မနှစ်တုန်းက အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ပြောဆိုလိုက်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်အရေးဟာ နိုင်ငံရေးအရ အခြေအတင် ပြောစရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာမူဆလင်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို မကြာသေးခင်နှစ်တွေမှာ ရောက်လာကြတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ စစ်ဒဏ်သင့်နေတဲ့ ဆီးရီးယားနိုင်ငံကထက်တောင် ပိုများနေတာကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကိန်းဂဏန်းတွေမှာ တွေ့ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဒုက္ခသည်စိစစ်ရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ - ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ကနေ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို ရောက်လာပြီး အခြေချကြတဲ့ မြန်မာဒုက္ခသည်ဦးရေဟာ ၁ သောင်း ၁ ထောင် ၉၀၂ ယောက်ရှိပြီး၊ ဒီကာလမှာပဲ ဆီးရီးယားကနေ ရောက်လာသူ ဒုက္ခသည်ဦးရေဟာ ၁ သောင်း ၁ ထောင် ၅၉၈ ဦးသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကာလမှာပဲ အမေရိကန်ပြည်ထောင်စုကို ရောက်လာသူ ဒုက္ခသည်ဦးရေ စုစုပေါင်း ၇ သောင်း ၉ ထောင် ၆၀၀ နီးပါး ရှိခဲ့တာပါ။ ပြည်တွင်းစစ် ဖြစ်နေတဲ့ ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံက ရောက်လာသူ ဒုက္ခသည် ၁ သောင်းခွဲအထိရှိပြီး အများဆုံး ဖြစ်ပါတယ်။ IS စစ်သွေးကြွအုပ်စုနဲ့ တခြား အစွန်းရောက်လှုပ်ရှားနေကြတဲ့ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကိုတော့ ပိုပြီး အချိန်ယူ စိစစ်မှုတွေ လုပ်ရတယ်လို့လည်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ - ရိုဟင်ဂျာဒုက္ခသည်ဦးရေဟာ ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၆၅၀ ကျော်သာ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်က ၂၅၇၃ ယောက်အထိ ခုန်တက်ခဲ့ပြီး၊ ဒီနှစ်မှာတော့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ၂၁၇၃ ယောက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်မှာ အခြေချတဲ့ ဒုက္ခသည်တွေအနက် မြန်မာအများဆုံး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG